ဂျပန်နိုင်ငံရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့ ကိုပြည့်စုံဟာ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဘတ်စ်ကားတွေကို စတင်မောင်းနှင်ခဲ့ပါတယ်။

သူဟာ Shizuoka စီရင်စုမှာ ပထမဆုံး နိုင်ငံခြားသား ဘတ်စ်ကား ယာဉ်မောင်း ဖြစ်လာခဲ့ပြီး၊ အဲဒီလို အောင်မြင်မှုရရှိခဲ့တာက မြန်မာနိုင်ငံသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ထူးချွန်ထက်မြက်တဲ့ အကြောင်းကို ထင်ရှားစေပါတယ်။
Fuji Kyuko Shizuoka ကုမ္ပဏီ က ကိုပြည့်စုံ ယာဉ်မောင်း ဝတ်စုံနဲ့ လက်အိတ်တွေကို ဝတ်ဆင်ပြီး ဘတ်စ်ကားမောင်းနေတဲ့ဓာတ်ပုံတွေကို အွန်လိုင်းမှာ မျှဝေခဲ့ပြီး လူမှုကွန်ရက်မှာ Like များစွာရနေပါတယ်။ ကွန်းမန့်ရေးသူများစွာက ကိုပြည့်စုံရဲ့ ဂျပန်ဘာသာစကား သင်ယူကျွမ်းကျင်မှုနဲ့ ပရော်ဖက်ရှင်နယ် အရည်အချင်းတွေကို ချီးကျူးနေကြပါတယ်။

လက်ရှိမှာ ဂျပန်နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေဟာ လုပ်သားရှားပါးမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး၊ နိုင်ငံတကာမှ ကျွမ်းကျင်လုပ်သားတွေကို လုပ်ငန်းခွင်အတွင်း တိုးချဲ့ခန့်အပ်လာကြပါတယ်။ ကိုပြည့်စုံလို လုပ်သားတွေကြောင့် ဂျပန်နိုင်ငံရဲ့ အဓိကကျတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ နိုင်ငံခြားသားတွေစတင် ပါဝင်လာပြီဆိုတာ မီးမောင်းထိုးပြနေပါတယ်။ ဂျပန်မှာ အများပြည်သူသုံး ဘတ်စ်ကားမောင်းဖို့အတွက် အထူးလိုင်စင်လိုအပ်သလို သင်တန်းတက်ရပါတယ်။ ခရီးသည်တွေ ဘေးကင်းစေဖို့အတွက် တာဝန်ယူရပါတယ်။
အဲဒီလို အခြေအနေမှာ မြန်မာအမျိုးသား တစ်ဦးအနေနဲ့ တာဝန်ကြီးမားတဲ့ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး တာဝန်တွေကို ကျရာကဏ္ဍကနေ အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့တာဟာ မြန်မာလူမျိုးတွေရဲ့ ဂုဏ်ယူစရာ မှတ်တိုင်တစ်ခု ဖြစ်လာပါတယ်။
Ref : Japan Daily


