ဒီခေတ်ကြီးရဲ့ ပူပန်သောကတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကြီးထဲမှာ စိတ်ဖိစီးမှုဆိုတာ လူတိုင်းလိုလို ရင်ဆိုင်နေရတဲ့ အဖော်ဆိုးတစ်ခု ဖြစ်ပါတယ်။

အဲဒီလို ရေရှည်ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေဟာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ထိခိုက်စေရုံသာမက ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာပါ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိနေပါတယ်။

လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းတာနဲ့ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို တည်ဆောက်ရာမှာ စိတ်ဖိစီးမှုက ဘယ်လိုတွေ သက်ရောက်နေလဲဆိုတာကို ဒီဆောင်းပါးမှာ လေ့လာကြည့်ကြမှာ ဖြစ်ပါတယ်။

🛑ဟိုမုန်းပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း

စိတ်ဖိစီးမှုတွေ များလာတဲ့အခါ ကိုတီဆောလ် (Cortisol) လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟိုမုန်းတွေ ထွက်ရှိလာပြီး လိင်စိတ်နဲ့ လုပ်ဆောင်ချက်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ တက်စတိုစတီရုန်း ဟိုမုန်းထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။

🛑စိတ်ကျန်းမာရေး ထိခိုက်ခြင်းနဲ့ ဆက်ဆံရေး ပျက်ပြားခြင်း

နာတာရှည် စိတ်ဖိစီးမှုဟာ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ကျရောဂါတွေနဲ့ ချိတ်ဆက်နေပြီး လိင်စိတ်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးနဲ့ အချစ်ရေး ဆက်ဆံရေးတွေမှာလည်း ဖိစီးမှုတွေ ဖြစ်ပေါ်စေပြီး အနီးကပ်နေထိုင်မှုကို ထိခိုက်စေပါတယ်။

🛑လိင်တံထောင်မတ်မှု အားနည်းခြင်း (ED) ဖြစ်ပွားခြင်း

စိတ်ဖိစီးမှုဒဏ်ကြောင့် သွေးကြောနဲ့ အာရုံကြောစနစ်တွေကို ထိခိုက်စေပြီး လိင်အင်္ဂါဆီ သွေးစီးဆင်းမှုကို ကန့်သတ်ပစ်ပါတယ်။ အဲဒီအခါမှာ လိင်တံထောင်မတ်ဖို့နဲ့ ဆက်ဆံချိန်မှာ ဆက်လက်ထိန်းထားဖို့ ခက်ခဲလာပါတော့တယ်။

🛑စိတ်ဖိစီးမှုကို ထိန်းချုပ်ကာကွယ်ခြင်း

ပုံမှန် လေ့ကျင့်ခန်းလုပ်တာ၊ အပန်းဖြေတဲ့ နည်းလမ်းတွေကို ကျင့်သုံးတာ၊ ပါတနာနဲ့ ပွင့်လင်းစွာ ဆွေးနွေးတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ လိုအပ်တဲ့အခါ ကျွမ်းကျင်တဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေနဲ့ ပြသပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

Ref: penilerehabilitation