ကွီးတို့ရဲ့ လျှို့ဝှက်ချက်တွေထဲမှာ တစ်ခါတစ်ရံ စိုးရိမ်စရာဖြစ်စေတဲ့ အရာလေးတွေ ရှိတတ်ပါတယ်။
အထူးသဖြင့် လိင်တံထိပ်နားမှာ ပေါ်လာတတ်တဲ့ အဖုငယ်လေးတွေဟာ လူအတော်များများကို စိတ်ပူစေပါတယ်။
ဒီအဖုလေးတွေဟာ ရောဂါဆိုးတစ်ခုခုလား ဒါမှမဟုတ် သာမန်ကိစ္စတစ်ခုပဲလားဆိုတာ လူတိုင်း သိချင်ကြပါတယ်။
ဒီဆောင်းပါးလေးမှာတော့ Pearly Penile Papules လို့ခေါ်တဲ့ အဲဒီအဖုငယ်လေးတွေရဲ့ အကြောင်းကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

🛑 Pearly penile papules ဆိုတာ လိင်တံထိပ်တဝိုက်မှာ ပေါ်လာတတ်တဲ့ အဖြူရောင်၊ အဝါရောင် ဒါမှမဟုတ် ပန်းရောင် အဖုငယ်လေးတွေ ဖြစ်ပါတယ်။
🛑 တစ်ကမ္ဘာလုံးက အမျိုးသား ၁၄ ရာခိုင်နှုန်းကနေ ၄၈ ရာခိုင်နှုန်းအထိဟာ သူတို့ရဲ့ ဘဝတစ်လျှောက်မှာ အဲဒီအဖုလေးတွေ ပေါက်တတ်ပါတယ်။
🛑 လူငယ်တွေ၊ လူမည်းတွေနဲ့ အရေပြားမဖြတ်ရသေးတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။
🛑 ဒီအဖုလေးတွေဟာ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတာကြောင့် ဖြစ်တာမဟုတ်သလို လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ (STI) လည်း မဟုတ်ပါဘူး။

🛑 အန္တရာယ်မရှိတဲ့ သာမန်အဖုလေးတွေဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းကိုလည်း မထိခိုက်စေပါဘူး။
🛑 ဒါပေမဲ့ တချို့အမျိုးသားတွေမှာတော့ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေနဲ့ ရှက်ရွံ့မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
🛑 ဆေးပညာအရ ဖယ်ရှားပစ်ဖို့ မလိုအပ်ပေမဲ့ အမြင်မလှလို့ ဖယ်ရှားချင်တယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး လေဆာပစ်တာမျိုး၊ ခွဲစိတ်တာမျိုးနဲ့ ဖယ်ရှားနိုင်ပါတယ်။
🛑 ကိုယ့်ဘာသာကိုယ် ညှစ်ထုတ်တာမျိုး၊ ဆိတ်တာမျိုး လုံးဝ မလုပ်သင့်ပါဘူး။
Ref: nypost


