ကွီးတို့ရဲ့ ကျန်းမာရေးအခြေအနေကို လေ့လာတဲ့အခါ လိင်တံကျန်းမာရေးဟာ ခန္ဓာကိုယ်တွင်းက အခြားရောဂါတွေရဲ့ သတိပေးခေါင်းလောင်းသံ ဖြစ်နေတတ်ပါတယ်။
အများစုက ပန်းသေပန်းညှိုးပြဿနာလောက်ကိုသာ အာရုံစိုက်တတ်ပေမယ့် တကယ်တမ်းမှာတော့ သေးငယ်တဲ့ ပြောင်းလဲမှုတွေကအစ ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေကို ညွှန်ပြနေနိုင်ပါတယ်။
ဆီးသွားတဲ့အလေ့အထ၊ အရေပြား၊ အနံ့ နဲ့ ပုံပန်းသဏ္ဍာန် ပြောင်းလဲမှုတွေဟာ ဆီးချို၊ ကျောက်ကပ် နဲ့ ကင်ဆာရောဂါလို ပြင်းထန်တဲ့ ရောဂါတွေရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် လျစ်လျူမရှုသင့်တဲ့ အရေးကြီးတဲ့ ပြောင်းလဲမှုတွေကို အချိန်မီ သတိထားမိနိုင်ဖို့ အောက်ပါအချက်တွေကို လေ့လာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

အဓိကအချက်တွေ
၁။ ဆီးသွားတဲ့အလေ့အထ ပြောင်းလဲခြင်း - ဆီးခဏခဏသွားခြင်း၊ ဆီးသွားအားနည်းခြင်း နဲ့ ဆီးအရောင်ပြောင်းလဲခြင်းတွေဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးကျိတ်ပြဿနာ ဒါမှမဟုတ် ဆီးချိုရောဂါတွေရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဆီးသွားနည်းပြီး အရောင်ရင့်နေရင်တော့ ကျောက်ကပ်ပြဿနာ ဒါမှမဟုတ် ကင်ဆာရောဂါတွေနဲ့ သက်ဆိုင်နေနိုင်ပါတယ်။
၂။ အရေပြားပေါ်က ပြောင်းလဲမှုတွေ - အရေပြားပေါ်မှာ အဖုအပိမ့်တွေ၊ အကွက်တွေ ထွက်လာတာဟာ မှိုပိုးဝင်တာ၊ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ နဲ့ လိင်တံကင်ဆာတွေရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ အဖြူကွက်တွေ၊ အရေပြားကွာကျတာတွေကတော့ နာတာရှည် ရောင်ရမ်းတဲ့ ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။
၃။ ပုံပန်းသဏ္ဍာန်နဲ့ ထောင်မတ်တဲ့အခြေအနေ ပြောင်းလဲခြင်း - နာကျင်ပြီး ကွေးကောက်နေတဲ့ အခြေအနေဟာ လိင်တံအရေပြားအောက်မှာ အမာရွတ်တစ်ရှူးတွေ ဖြစ်ပေါ်တဲ့ Peyronie’s disease လို့ခေါ်တဲ့ ရောဂါလက္ခဏာ ဖြစ်နိုင်ပါတယ်။

၄။ အနံ့အသက် ပြောင်းလဲခြင်း - မကောင်းတဲ့ အနံ့အသက်တွေ ထွက်လာတာ၊ ထိပ်ပိုင်းရောင်ရမ်းတာတွေဟာ တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းတာကြောင့် ဖြစ်နိုင်သလို တခြားကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
၅။ သုတ်လွှတ်ခြင်းဆိုင်ရာ ပြောင်းလဲမှုတွေ - ပမာဏနည်းသွားတာ၊ အားနည်းသွားတာတွေဟာ တက်စတိုစတီရုန်း ဟော်မုန်းနည်းပါးတာ၊ ဆီးချိုရောဂါ၊ ရေဓာတ်ခမ်းခြောက်တာ နဲ့ တင်ပါးဆုံတွင်း ကြွက်သားပြဿနာတွေရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
Ref : Nypost


