လိင်ဆက်ဆံခြင်းဟာ နှလုံးကျန်းမာရေးနဲ့ သွေးလှည့်ပတ်မှုအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိတယ်ဆိုတာကို လေ့လာကြည့်ရအောင်ပါ။
မှန်ကန်တဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေက ဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်တယ်လို့ ပညာရှင်တွေက ဖော်ပြထားပါတယ်။
နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေဖို့ တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ် ပုံမှန်ပြုလုပ်ဖို့ သုတေသီတွေက အကြံပြုထားပါတယ်။

လေ့လာမှုတွေအရ တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ် လိင်ဆက်ဆံတတ်တဲ့ အမျိုးသားတွေနဲ့ ကျေနပ်စရာကောင်းတဲ့ လိင်ဘဝပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေမှာ နှလုံးဖောက်နိုင်ခြေ နည်းပါးတယ်လို့ ဂျွန်ဟော့ကင်းစ်ဆေးပညာ ရဲ့ ညွှန်ကြားရေးမှူးက ဆိုပါတယ်။
အဲဒီလို လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုတွေကနေ တစ်ဆင့် ခန္ဓာကိုယ်ထဲမှာ အင်ဒိုဖင်နဲ့ အောက်ဆီတို့စင် ဟော်မုန်းတွေ ထွက်လာစေပြီး နှလုံးကြွက်သားတွေကိုပါ ကြံ့ခိုင်စေပါတယ်။

အဲဒီဟော်မုန်းတွေက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ပါးစေပြီး အိပ်စက်ခြင်းကိုပါ ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လိင်ဆက်ဆံခြင်းဟာ ကိုယ်လက်လှုပ်ရှားမှုတစ်မျိုး ဖြစ်တာကြောင့် သွေးပေါင်ချိန်ကို ကျဆင်းစေကာ စိတ်ကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်။
ရောဂါရှိသူတွေအတွက်တောင်မှ ဆရာဝန်တွေက လိင်ဆက်ဆံခြင်းဟာ အန္တရာယ်မရှိဘဲ အကျိုးရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နိဂုံးချုပ်အနေနဲ့ တက်တက်ကြွကြွ လိင်ဆက်ဆံခြင်းဟာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအတွက် အကျိုးများစွာရှိပြီး စုံတွဲတွေရဲ့ရင်းနှီးကြင်နာတဲ့ ဆက်ဆံမှုတွေကလည်း အထီးကျန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကို လျော့ကျစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
Ref : hormonesandwellness


