အချစ်ရေးတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်တဲ့ပမာဏက အမြဲတမ်း ထပ်တူညီနေဖို့ဆိုတာ မလွယ်ကူပါဘူး။ တစ်ခါတလေမှာ ကိုယ်က သူ့ကို ချစ်တာထက် သူက ကိုယ့်ကို ပိုချစ်နေတယ်လို့ ခံစားရတတ်တာကလည်း သဘာဝပါပဲ။
ဒါဟာ ဆက်ဆံရေးတစ်ခုမှာ ပြဿနာကြီးတစ်ခု မဟုတ်ပေမယ့် နှစ်ဦးကြား ဟန်ချက်ညီနေဖို့တော့ သတိထားဖို့ လိုအပ်ပါတယ်။ သင့်လက်တွဲဖော်က သင့်အပေါ် ပိုပြီး ချစ်ခင်တွယ်တာနေကြောင်း ဖော်ပြနေတဲ့ အဓိကလက္ခဏာ ၁၁ ချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

1. မလိုအပ်ဘဲ အမြဲတမ်း တောင်းပန်နေတာ
ဆက်ဆံရေး အေးချမ်းနေစေဖို့အတွက် သူ့အမှားမဟုတ်ရင်တောင် အမြဲတမ်း အရင်တောင်းပန်တတ်ပါတယ်။ ဒါ့အပြင် သင်မှားနေတဲ့ အချိန်မှာတောင် သင့်ဘက်ကနေ ရာနှုန်းပြည့် ရပ်တည်ကာကွယ်ပေးတတ်ပါတယ်။
2. အစီအစဉ်တွေ မဆွဲခင် သင့်ကို အမြဲတိုင်ပင်တာ
သူ့ရဲ့ တစ်ပတ်တာ အစီအစဉ်တွေကို အတည်မပြုခင် သင့်ဆီက သဘောထားကို အမြဲမေးမြန်းတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ အချိန်နဲ့ ထင်မြင်ချက်ကို လေးစားပြီး ဆက်ဆံရေးကို ဦးစားပေးနေကြောင်း ပြသနေတာ ဖြစ်ပါတယ်။
3. အစီအစဉ်အားလုံးကို သူကပဲ ဦးဆောင်စီစဉ်နေတာ
ဒိတ်လုပ်ဖို့ စိတ်ကူးတွေနဲ့ ခရီးသွားဖို့ အစီအစဉ်အားလုံးကို သူကပဲ ရာနှုန်းပြည့် တာဝန်ယူ စီစဉ်နေတတ်ပါတယ်။

4. သူ့မိဘတွေနဲ့ တွေ့ပြီးပေမယ့် သင့်မိဘတွေနဲ့ မတွေ့ရသေးတာ
သူက သင့်ကို သူ့ဘဝရဲ့ အရေးအကြီးဆုံးလူတွေဖြစ်တဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပြီးပေမယ့် သင်ကတော့ သင့်မိသားစုနဲ့ မိတ်ဆက်ပေးဖို့ တွန့်ဆုတ်နေတာမျိုး ဖြစ်ပါတယ်။
5. သင်ပြောသမျှ အရာအားလုံးကို မှတ်မိနေတာ
နှစ်ပတ်လည်နေ့တွေ၊ အမှတ်တရနေ့ရက်တွေနဲ့ သင်ပြောခဲ့တဲ့ အသေးအဖွဲလေးတွေကိုပါ မမေ့မလျော့ မှတ်မိနေတတ်ပါတယ်။
6. အသေးစိတ်ကအစ ဂရုတစိုက် အလေးထားပေးတာ
အချိန်မရွေး ချစ်စရာကောင်းတဲ့ မက်ဆေ့ချ်လေးတွေ ပို့တာ၊ တစ်နေ့တာ ဘယ်လိုဖြတ်သန်းခဲ့လဲ မေးတာမျိုးလို သေးငယ်တဲ့ ကိစ္စလေးတွေမှာတောင် သင့်ထက်ပိုပြီး အားစိုက်ထုတ်ပေးတတ်ပါတယ်။

7. သင့်ထက် ပိုရှည်တဲ့ မက်ဆေ့ချ်တွေ ပို့တာ
သင်နဲ့ စကားပြောရတာကို စိတ်လှုပ်ရှားပြီး သင့်အကြောင်းပဲ အမြဲတွေးနေတာကြောင့် အသေးစိတ်ကျပြီး ရှည်လျားတဲ့ မက်ဆေ့ချ်တွေကို ပို့တတ်ပါတယ်။
8. မက်ဆေ့ချ် စပို့တဲ့ အချိုးအစား မမျှတတာ
နှစ်ယောက်ကြား မက်ဆေ့ချ် အရင်စပို့တဲ့ အချိုးအစားက ၅၀/၅၀ မဟုတ်ဘဲ သူက ၇၀ ရာခိုင်နှုန်းလောက် အရင်စပို့ပြီး သင်က ၃၀ ရာခိုင်နှုန်းလောက်ပဲ စပို့တာမျိုး ဖြစ်နေတတ်ပါတယ်။
9. သင့်အတွက်ဆိုရင် အရာရာကို စွန့်လွှတ်ပြီး ကူညီပေးတာ
ညသန်းခေါင် လေဆိပ်လိုက်ကြိုပေးတာမျိုး၊ လမ်းမှာ ကားဘီးပေါက်ရင် ချက်ချင်းလိုက်ကူညီပေးတာမျိုးလို သင်လိုအပ်တဲ့အချိန်တိုင်း သူ့ကိစ္စတွေကို ထားခဲ့ပြီး အပြေးအလွှား ကူညီပေးတတ်ပါတယ်။

10. ဘဝနည်းပြတစ်ယောက်လို အမြဲအားပေးကူညီနေတာ
သင်ပင်ပန်းနေချိန်မှာ ညစာအသင့်ပြင်ထားပေးတာ၊ သင်လုပ်စရာရှိတာတွေ မမေ့အောင် တစ်နေ့လုံး သတိပေးတာနဲ့ သင့်ရဲ့ ဝေယျာဝစ္စတချို့ကို ကူညီလုပ်ကိုင်ပေးတာမျိုးတွေ လုပ်ပေးတတ်ပါတယ်။
11. သင်နဲ့ပဲ အမြဲတမ်း အတူရှိချင်နေတာ
သူငယ်ချင်းတွေနဲ့ တွေ့တာထက် သင်နဲ့ပဲ အချိန်တိုင်း အတူရှိနေချင်တာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုအခြေအနေမျိုးမှာ ကိုယ်ပိုင်အချိန်လေးတွေ ရဖို့အတွက်တော့ နှစ်ဦးကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်ပါတယ်။
အချစ်ရေးတစ်ခုမှာ တစ်ယောက်က နည်းနည်းပိုချစ်နေတာက ပုံမှန်ဖြစ်ပေမယ့် ရေရှည်တည်မြဲပြီး ကျန်းမာတဲ့ ဆက်ဆံရေးဖြစ်ဖို့အတွက် နှစ်ဖက်စလုံးက အပြန်အလှန် ဂရုစိုက်မှုနဲ့ အားစိုက်ထုတ်မှုတွေကို ဟန်ချက်ညီအောင် ထိန်းညှိသွားဖို့ အရေးကြီးပါတယ်။
Ref : bustle


