ကွီးတို့ရဲ့ ခန္ဓာကိုယ်မှာ နေ့စဉ်နဲ့အမျှ သုက်ပိုးဆဲလ်ပေါင်း သန်းချီပြီး အဆက်မပြတ် ထုတ်လုပ်နေပါတယ်။ ဒါပေမဲ့ ဒီလိုထုတ်လုပ်လိုက်တဲ့ သုက်ပိုးတွေကို အပြင်ကို မစွန့်ထုတ်ဖြစ်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။

အခုအခါမှာတော့ ဒီလိုစွန့်ထုတ်မပစ်တဲ့ သုက်ပိုးလေးတွေ ဘယ်လိုပျောက်ကွယ်သွားလဲဆိုတာကို ပုံဖော်ပြသထားတဲ့ ဗီဒီယိုတစ်ခုက လူစိတ်ဝင်စားမှု များပြားနေပါတယ်။

ဒီဆောင်းပါးမှာတော့ သုက်ပိုးတွေရဲ့ သက်တမ်းနဲ့ ခန္ဓာကိုယ်ရဲ့ အံ့မခန်း ပြန်လည်အသုံးချစနစ်အကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁။ သုက်ပိုး ထုတ်လုပ်ခြင်း

ဝှေးစေ့ထဲမှာရှိတဲ့ ပြွန်ငယ်လေးတွေကနေ သုက်ပိုးတွေကို အမြဲတမ်း ထုတ်လုပ်ပေးနေပြီး ရင့်ကျက်တဲ့ သုက်ပိုးတစ်ကောင်ဖြစ်လာဖို့ အချိန် ၂ လခွဲလောက် ကြာမြင့်ပါတယ်။ ခန္ဓာကိုယ်က အမြဲတမ်း ထုတ်လုပ်ပေးနေတဲ့အတွက် မကြာခဏ စွန့်ထုတ်ရင်လည်း ကုန်ခမ်းသွားတာမျိုး မရှိပါဘူး။

၂။ ခန္ဓာကိုယ်ရဲ့ ပြန်လည်စုပ်ယူမှုစနစ်

အပြင်ကို မစွန့်ထုတ်ဖြစ်တဲ့ သုက်ပိုးဟောင်းတွေကို ခန္ဓာကိုယ်က အလိုအလျောက် ပြန်လည်ဖြိုခွဲပစ်လိုက်ပါတယ်။ အဲဒီနောက် သုက်ပိုးမှာပါဝင်တဲ့ ပရိုတင်း၊ ဇင့်၊ အင်ဇိုင်းနဲ့ အခြားအာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ပြန်လည်စုပ်ယူပြီး ဆဲလ်အသစ်တွေ ဖန်တီးရာမှာ ပြန်လည်အသုံးပြုပါတယ်။ တချို့ကိုတော့ အိပ်မက်ထဲမှာ သုက်လွှတ်ခြင်း (Wet dream) ကနေတဆင့် ခန္ဓာကိုယ်က ဖယ်ရှားပေးပါတယ်။

၃။ သုက်ပိုးတွေရဲ့ သက်တမ်း

ကွီးတို့ရဲ့ သုက်ပိုးတွေဟာ ခန္ဓာကိုယ်အပြင်ဘက်ကို ရောက်သွားတဲ့အခါ အစိုဓာတ်နဲ့ အနွေးဓာတ် မရှိတော့တဲ့အတွက် မိနစ်ပိုင်းအတွင်း သေဆုံးသွားတတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာတော့ သင့်တော်တဲ့အနေအထားရှိရင် ၅ ရက်အထိ အသက်ရှင်နိုင်ပါတယ်။

၄။ ကျန်းမာရေးအပေါ် သက်ရောက်မှု

သုက်ပိုးမစွန့်ထုတ်ဘဲ နေခြင်းကြောင့် ကျန်းမာရေးထိခိုက်မှု မရှိနိုင်ပါဘူး။ ဒါပေမဲ့ မကြာခဏ စွန့်ထုတ်ပေးခြင်းက ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

၅။ သုက်ပိုးကျန်းမာရေးအတွက် အကြံပြုချက်

သုက်ပိုးတွေ ကျန်းမာနေစေဖို့အတွက် ဝှေးစေ့အပူချိန်ကို အေးမြအောင်ထားတာ၊ ဆေးလိပ်နဲ့ အရက်သောက်သုံးမှု လျှော့ချတာ၊ မူးယစ်ဆေးဝါး ရှောင်ကြဉ်တာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေကလည်း သုက်ပိုးထုတ်လုပ်မှုကို ကျဆင်းစေနိုင်ပါတယ်။

Ref : vt