ကွီးတို့ရဲ့ ရေရှည်ဆက်ဆံရေးတစ်ခုမှာ အချိန်ကြာလာတာနဲ့အမျှ လိင်မှုဘဝမှာ ပျင်းရိငြီးငွေ့စရာတွေ ကြုံတွေ့လာရတတ်ပါတယ်။

ဒါပေမဲ့ နှစ်ဦးသားကြားက ဆက်ဆံရေးကို အသစ်တစ်ဖန် ပြန်လည်လန်းဆန်းလာစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလို့ ရနိုင်ပါတယ်။

နားလည်မှုနဲ့ ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခြင်းက တစ်ယောက်ရဲ့ ဆန္ဒကို တစ်ယောက် သိရှိစေပြီး သာယာချမ်းမြေ့တဲ့ ဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် သင့်ရဲ့ အချစ်ရေးကို ပိုမိုစိတ်လှုပ်ရှားစရာကောင်းအောင် ပြုလုပ်နိုင်မယ့် အကောင်းဆုံး အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပွင့်လင်းစွာ ဆက်သွယ်ပြောဆိုပါ - လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး မိမိရဲ့ ဆန္ဒတွေကို ရှက်ရွံ့မနေဘဲ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးတာက အရေးအကြီးဆုံး ဖြစ်ပါတယ်။

၂။ အတိတ်က အမှတ်တရတွေကို ပြန်လည်အသက်သွင်းပါ - ချစ်သူသက်တမ်း အစပိုင်းမှာ လုပ်ခဲ့ကြတဲ့ စိတ်လှုပ်ရှားစရာ အရာတွေကို ပြန်လည်စဉ်းစားပြီး အတူတူ ပြန်လုပ်ကြည့်ပါ။

၃။ ရိုမန်တစ်ဆန်မှုကို ဖန်တီးပါ - ပန်းလေးတွေ ပေးတာ၊ အတူတူ ညစာစားတာမျိုးနဲ့ သီချင်းလေး ဖွင့်ပြီး ကတာမျိုးတွေလို ရိုမန်တစ်ဆန်တဲ့ အချိန်လေးတွေ ဖန်တီးပေးပါ။

၄။ ဖန်တီးမှု အသစ်တွေ ပြုလုပ်ပါ - နေ့စဉ် ပုံမှန်လုပ်နေကျ အရာတွေကနေ ခွဲထွက်ပြီး အသစ်အဆန်းတွေကို စမ်းသပ်ကြည့်ပါ။

၅။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ - စိတ်ဖိစီးမှုက လိင်မှုဘဝကို ထိခိုက်စေနိုင်တာကြောင့် သီချင်းနားထောင်တာ၊ အတူတူ ရေချိုးတာနဲ့ အကြောဖြေလျှော့ပေးတာတွေ ပြုလုပ်ပြီး အပန်းဖြေပါ။

၆။ အထွတ်အထိပ်ရောက်ဖို့ချည်းပဲ အာရုံမစိုက်ပါနဲ့ - ပြီးမြောက်ဖို့ထက် နှစ်ဦးစလုံး သာယာမှုရရှိရေးကိုသာ အဓိကထားပြီး အာရုံစိုက်ပေးပါ။

၇။ အံ့အားသင့်စရာလေးတွေ ဖန်တီးပါ - မျှော်လင့်မထားတဲ့ လက်ဆောင်လေးတွေ ပေးတာမျိုးက စိတ်လှုပ်ရှားမှုကို ပိုမိုတိုးပွားစေပါတယ်။

၈။ စိတ်ခံစားချက်ကို ဦးစားပေးပါ - ချိုသာတဲ့ စကားလေးတွေ ပြောတာနဲ့ ချီးကျူးစကားလေးတွေ ပြောပေးတာက စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကို ပိုမိုနက်ရှိုင်းစေပါတယ်။

၉။ အသိပညာ ဗဟုသုတ ရှာမှီးပါ - လိင်မှုရေးရာနဲ့ ပတ်သက်တဲ့ အဆင့်မြင့် နည်းလမ်းတွေကို လေ့လာသင်ယူတာကလည်း ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပါတယ်။

Ref: mensjournal