အောင်မြင်မှုဆိုတာ ကံတရားတစ်ခုတည်းနဲ့ ရလာတာမဟုတ်ဘဲ နေ့စဉ်လုပ်ဆောင်နေတဲ့ ရည်ရွယ်ချက်ရှိရှိ အလေ့အထတွေပေါ်မှာ အဓိက တည်ရှိနေပါတယ်။
လူအများစုကတော့ တစ်နေ့တာကို ရလာသမျှနဲ့ ရင်ဆိုင်ဖြတ်သန်းနေကြပေမယ့် ထူးချွန်ထက်မြက်သူတွေကတော့ ကိုယ်သွားချင်တဲ့လမ်းကြောင်းအတိုင်း စနစ်တကျ ဦးဆောင်လျှောက်လှမ်းနေကြပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ဘဝကို အဓိပ္ပာယ်ရှိရှိနဲ့ ပျော်ရွှင်ကျန်းမာစွာ တည်ဆောက်နိုင်ဖို့အတွက် အောင်မြင်သူတွေ ကျင့်သုံးနေကြတဲ့ အဓိက အလေ့အထတွေကို ဖော်ပြလိုက်ပါတယ်။

🛑ကြိုတင် စီစဉ်ခြင်း - ထူးချွန်သူတွေက ကိုယ့်ရဲ့နေ့ရက်တွေနဲ့ လအလိုက် လုပ်ဆောင်စရာတွေကို အချိန်ဇယားဆွဲပြီး အရေးကြီးဆုံးကိစ္စတွေကို ဦးစားပေး လုပ်ဆောင်ကြပါတယ်။
🛑ရှင်းလင်းသော ရည်မှန်းချက်များ ထားရှိခြင်း - ရည်မှန်းချက်တွေ သတ်မှတ်ပြီး တသမတ်တည်း တစိုက်မတ်မတ်လုပ်ဆောင်ကြပါတယ်။
🛑လုပ်စရာစာရင်း ပြုစုပြီး ဦးစားပေးသတ်မှတ်ခြင်း - လုပ်စရာရှိတာတွေကို စာရင်းလုပ်ပြီး အရေးအကြီးဆုံး (၂) ခုကို အရင်လုပ်ခြင်းအားဖြင့် စိတ်ဖိစီးမှုကို လျှော့ချကြပါတယ်။
🛑ခိုင်မာတဲ့ မနက်ခင်း လုပ်ရိုးလုပ်စဉ် ရှိခြင်း - တစ်နေ့တာကို စွမ်းအင်အပြည့်နဲ့ စတင်နိုင်ဖို့ ကျန်းမာရေး၊ လေ့ကျင့်ခန်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေကို မနက်ခင်းမှာ ပြုလုပ်ကြပါတယ်။

🛑ပုံမှန် စာဖတ်ခြင်း - အောင်မြင်သူတွေဟာ ကိုယ်ပိုင်တိုးတက်မှုအတွက် နေ့စဉ် အနည်းဆုံး မိနစ် (၃၀) လောက် စာဖတ်ခြင်းနဲ့ ဦးနှောက်ကို ထက်မြက်အောင် လုပ်ဆောင်ကြပါတယ်။
🛑ဆင်ခြင်သုံးသပ်ခြင်း - လုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ပြီး လိုအပ်တဲ့ အကြံဥာဏ်တွေနဲ့ တုံ့ပြန်မှုတွေကို ရယူကာ တိုးတက်အောင် ပြုပြင်ကြပါတယ်။
🛑အများအတွက် စဉ်းစားပေးပြီး ကူညီခြင်း - ကိုယ့်အတွက်ချည်း မဟုတ်ဘဲ အသိုက်အဝန်းနဲ့ အခြားသူတွေရဲ့ အကျိုးကိုပါ တက်ကြွစွာ ထည့်သွင်းစဉ်းစား လုပ်ကိုင်ကြပါတယ်။
🛑အကောင်းမြင်စိတ် မွေးမြူခြင်း - အကြောင်းအရာတိုင်းမှာ ကျေးဇူးတင်တတ်တဲ့ စိတ်ထားနဲ့ အကောင်းမြင်စိတ်ကို တည်ဆောက်ပြီး အခွင့်အလမ်းသစ်တွေကို ဖန်တီးကြပါတယ်။
Ref : kristagibert


