ကွီးတို့ အသည်းစွဲ နာမည်ကြီး မင်းသမီး ဆစ်ဒနီဆွီနီ (Sydney Sweeney) က ထိပ်ပြောင်တဲ့ကတုံး အမျိုးသားတွေကို ပိုသဘောကျတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အင်တာနက်စာမျက်နှာတွေပေါ်မှာ ပရိသတ်တွေ အတော်လေး စိတ်လှုပ်ရှားနေကြပါတယ်။
ကမ္ဘာတစ်ဝန်းက ကတုံးပြောင်တဲ့ အမျိုးသားတွေအတွက် နောက်ဆုံးတော့ သူတို့ရဲ့ အခွင့်အရေး ရောက်လာပြီဆိုပြီး ပရိသတ်တွေက နောက်ပြောင်နေကြသလို တချို့ကလည်း အဲဒီလိုပြောထားတဲ့ မူရင်းဗီဒီယိုကို အပူတပြင်း လိုက်လံရှာဖွေနေကြပါတယ်။

ဒါပေမဲ့ မင်းသမီးကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖူးတဲ့ သူမရဲ့ အကြိုက်ကတော့ အရပ်ရှည်ရှည်၊ သေသပ်ကျနစွာ နေထိုင်တတ်ပြီး လှပတဲ့ မျက်လုံးနဲ့ တောင့်တင်းတဲ့ လက်မောင်းတွေရှိတဲ့ အမျိုးသားမျိုးကို သဘောကျတယ်လို့ ဆိုပါတယ်။
ဒါဟာ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာအရ သဘောကျမိတဲ့ အချက်တွေဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ စိတ်နေစိတ်ထားကသာ အဓိကအကျဆုံးဖြစ်တယ်လို့လည်း သူမက ဖွင့်ဟထားပါတယ်။

ရုပ်ရည်ဘယ်လောက်ပဲ ချောမောနေပါစေ အကျင့်စရိုက်နဲ့ စိတ်သဘောထား မကောင်းဘူးဆိုရင်တော့ အဲဒီအမျိုးသားနဲ့ ပတ်သက်ပြီး ရှေ့ဆက်မှာမဟုတ်ဘူးလို့ ဆစ်ဒနီက ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။
သူမရဲ့ အမြင်မှာတော့ ကောင်းမွန်တဲ့ စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေးရှိခြင်းကသာ အမြဲတမ်း အနိုင်ရလေ့ရှိတယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။
အခုလို ကတုံးပြောင်တဲ့ အမျိုးသားတွေကို သဘောကျတယ်ဆိုတဲ့ သတင်းက ဘယ်ကနေ စတင်ပျံ့နှံ့လာတယ်ဆိုတာ မသေချာပေမဲ့ လူမှုကွန်ရက်ပေါ်မှာတော့ အတော်လေး ရေပန်းစားနေပါတယ်။
ဒီသတင်းကြောင့်ပဲ ကတုံးပြောင်တဲ့ အမျိုးသားတွေအတွက်တော့ ဒါဟာ သူတို့အတွက် ကံကောင်းစေမယ့် လက္ခဏာတစ်ရပ်လို့ မှတ်ယူနေကြပါတယ်။
Ref: Sociaty


