ဆီးလမ်းကြောင်းနဲ့ တင်ပါးဆုံတွင်းခွဲစိတ်ဆရာဝန် ဒေါက်တာ ရီနာမာလစ်က အမျိုးသမီးတွေ လိင်သံဝါသပြုရာမှာ အထွတ်အထိပ်ရောက်ဖို့ အချိန်ဘယ်လောက်ယူရသလဲဆိုတာနဲ့ ပတ်သက်ပြီး လူတွေအထင်လွဲနေတဲ့ အချက်တွေကို YouTube မှာ ရှင်းပြထားပါတယ်။

မီဒီယာတွေက ဖော်ပြလေ့ရှိတဲ့ လိင်ပိုင်းဆိုင်ရာ မျှော်လင့်ချက်တွေနဲ့ လက်တွေ့ဘဝ မတူညီတဲ့အခါ စိတ်ပျက်အားငယ်မှုတွေ ဖြစ်တတ်တယ်လို့ သူက ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ တုံ့ပြန်မှုစက်ဝန်းမှာ ဆန္ဒဖြစ်ပေါ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ အထွတ်အထိပ်ရောက်ခြင်းနဲ့ ပုံမှန်အခြေအနေပြန်ရောက်ခြင်းဆိုပြီး အဆင့်လေးဆင့် ရှိပါတယ်။ ရေရှည်ဆက်ဆံရေးတွေမှာ ဆန္ဒဖြစ်ပေါ်မှုက အလိုအလျောက်ဖြစ်ပေါ်တာထက် အပြုအမူတွေကနေတဆင့် တုံ့ပြန်ဖြစ်ပေါ်လာတာက ပိုများတတ်ပါတယ်။

အမျိုးသားတွေမှာ စိတ်လှုပ်ရှားမှုက စက္ကန့် ၃၀ ကနေ မိနစ်အနည်းငယ်အတွင်း ဖြစ်ပေါ်တတ်ပေမယ့် အမျိုးသမီးတွေမှာတော့ ရုပ်ပိုင်းဆိုင်ရာ အပြည့်အဝ စိတ်လှုပ်ရှားမှုဖြစ်ဖို့ ၄ မိနစ်ကနေ မိနစ် ၂၀ အထိ ကြာမြင့်တတ်ပါတယ်။

ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ အသင့်ဖြစ်နေဖို့ကလည်း အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတွေမှာ အထွတ်အထိပ်ရောက်ပြီးနောက် စိတ်ခံစားမှုပြန်လည်တည်ငြိမ်ဖို့ အချိန်အတိအကျမရှိတဲ့အတွက် အကြိမ်ကြိမ် အထွတ်အထိပ်ရောက်နိုင်ခြေ ပိုများပါတယ်။

လိင်ဆက်ဆံမှုက နာရီချီကြာရမယ်ဆိုတဲ့ အယူအဆကလည်း မှားယွင်းနေပြီး ပျမ်းမျှအားဖြင့် ၅ ဒသမ ၄ မိနစ်ခန့်သာ ကြာမြင့်တတ်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ကိုယ်နဲ့ ကိုယ့်ရဲ့ လက်တွဲဖော် နှစ်ဦးစလုံး စိတ်ကျေနပ်မှုရရှိဖို့သာ ဖြစ်တယ်လို့ ဒေါက်တာ မာလစ်က အကြံပြုထားပါတယ်။

Ref: vt