ဘဝမှာ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ပင်ပန်းစရာများ၊ စိတ်ဖိစီးစရာများကို ဘယ်လိုဖြေဖျောက်လေ့ရှိပါသလဲ။

စာဖတ်ဝါသနာအိုးများကတော့ စာဖတ်ကာ စိတ်အပန်းဖြေလေ့ရှိကြသလို သီချင်းချစ်သူများကလည်း သီချင်းနားထောင်ကာ စိတ်အပန်းဖြေလေ့ရှိကြပါတယ်။ ဂိမ်မာများကတော့ ဂိမ်းကစားကာ စိတ်ဖိစီးမှုများကို လျော့ချလေ့ရှိကြပါတယ်။

ဂိမ်းဆော့ကာ စိတ်အပန်းဖြေလေ့ရှိကြတဲ့ ဂိမ်မာများအတွက် ဂိမ်းဆော့တဲ့အခါ စိတ်အေးချမ်းသာစွာနဲ့ စိတ်ဖြောင့်ဖြောင့် ဆော့ကစားချင်ကြမှာ အမှန်ပါပဲ။ ဒီလိုဆော့ကစားနိုင်ဖို့ဆိုရင် ဂိမ်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတချို့ကိုလည်း ဝယ်ယူထားသင့်ပါတယ်။

ဂိမ်းဆော့ဖို့အတွက် လိုအပ်တဲ့ ကွန်ပျူတာကီးဘုတ်

Source: Pcgamer

ပုံမှန် စာစီစာရိုက်ကီးဘုတ်တစ်လုံးထက်စာရင် ဂိမ်းဆော့တဲ့အခါ အသုံးပြုတဲ့ ကီးဘုတ်တစ်လုံးအသုံးပြုလိုက်ပါ။ ဂိမ်းဆော့တဲ့အခါ အသုံးပြုတဲ့ ကီးဘုတ်များသည် အလွန်အမင်းအားစိုက်ထုတ်စရာမလိုဘဲ ဂိမ်းကို မြန်မြန်ဆန်ဆန်နဲ့ ဆော့ကစားနိုင်အောင် ကူညီပေးပါတယ်။

ကီးဘုတ်တွေ အများအပြားရှိတဲ့အနက်မှ Mountain Everest Max ကတော့ အကောင်းဆုံးဂိမ်းကီးဘုတ်တစ်ခုထဲမှာ ပါဝင်ပါတယ်။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၂၇၀ တန်ဖိုးရှိပါတယ်။

VR Headsets

Source: PCMag

ဂိမ်းထဲမှာ အမှန်အကန်ရောက်နေသည့်အလား ခံစားချင်ပါသလား။ ဒါဆိုရင်တော့ ပုံရိပ်ယောင် Headsets တစ်စုံလောက်တော့ ဝယ်ထားသင့်ပါတယ်။ အကောင်းဆုံး ပုံရိပ်ယောင် Headsets တစ်စုံ ဝယ်ယူချင်တယ်ဆိုရင်တော့ ဒေါ်လာ ၂၉၉ ပေးဝယ်ရတဲ့ Oculus Quest 2 ကို ဝယ်ယူနိုင်ပါတယ်။

Sony PlayStation 5

Source: Nytimes

PlayStation 5 ကတော့ နိုဝင်ဘာလ ၂၀၂၀ ခုနှစ်ကတည်းက စတင်ထွက်ရှိခဲ့တာဖြစ်ပြီး ရိုးရိုး Ps5 အတွက်ကိုတော့ ဒေါ်လာ ၅၀၀ နဲ့ ရောင်းချနေပြီး Digital Edition PS5 ကိုတော့ ဒေါ်လာ ၄၀၀ နဲ့ ဝယ်ယူနိုင်မျာဖြစ်ပါတယ်။

ဂိမ်ဆော့ဖို့ရန်အတွက် အကောင်းစားဇိမ်ခံထိုင်ခုံ

သင့်အနေနဲ့ ဂိမ်းဆော့တဲ့အခါ အချိန်ကြာကြာဆော့ရတာဖြစ်ပါတယ်။ အချိန်ကြာကြာထိုင်ရတဲ့အခါ သက်သောင့်သက်သာနဲ့ ထိုင်ရဖို့အတွက် ထိုင်ခုံကောင်းကောင်းလေးတစ်ခုံလည်း လိုအပ်ပါလိမ့်မယ်။ ဒီ့အတွက်တော့ ၂၀၂၂ ခုနှစ်အတွင်း အကောင်းဆုံး ဂိမ်းထိုင်ခုံအဖြစ် သတ်မှတ်ခံထားရတဲ့ Razer Iskur Gaming Chair ကို အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ ဝန်းကျင်ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

သင့်ဆီမှာ အခုဖော်ပြသွားတဲ့ပစ္စည်းအကုန်ရှိတယ်ဆိုရင်တော့ သင်က တကယ့်ကို ပရိုကျတဲ့ ဂိမ်မာတစ်ယောက်ဖြစ်မယ်ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။

Source: Birthdaywisheszone.com

Featured Image Source: Xda-developers