ကွီးတို့ရေ A I လို့ခေါ်တဲ့ Artificial Intelligence ဟာ တနေ့တခြား လူသိများလာပါတယ်။ ဒါကြောင့် A I  အကြောင်းကို သိထားဖို့လိုပါတယ်။  မြန်မာလို ဉာဏ်ရည်တု လို့‌ခေါ်တဲ့ A I ဆိုသည်မှာ လူသားတို့၏ ဉာဏ်ရည်ဉာဏ်သွေး လုပ်ငန်းစဉ်ကို စက်ဖြင့်ပုံဖော်ခြင်း၊ အထူးသဖြင့် ကွန်ပြူတာ စနစ်ဖြင့် ပုံဖော်ခြင်းကို ရည်ညွှန်းပါတယ်။  A I မှာ ကျွမ်းကျင်သူစနစ်တွေ၊ အသံမှတ်မိခြင်း၊ စက်ဖြင့် အမြင် အာရုံမှတ်ခြင်းနဲ့ ဘာသာစကားဆိုင်ရာ လုပ်ဆောင်ချက် တွေပါဝင်ပါတယ်။

A I သည် အလုပ်များ ပြီးမြောက်စေရန် နဲ့ ပြဿနာများကို ဖြေရှင်းရန် အတွက် ကွန်ပြူတာမှ လိုက်နာနိုင်သည့် ကြိုတင်သတ်မှတ်ထားသော စည်းမျဉ်းများအလိုက် ပရိုဂရမ်များကို အသုံးပြုထားပါတယ်။ ကွန်ပြူတာတွေရဲ့  လုပ်ဆောင်နိုင်မှု ပါဝါတွေ တစ်နေ့ထက် တစ်နေ့ ပိုလာတာကြောင့် ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ A I ဟာ နည်းစနစ်များ၊ လက်နက်ကိရိယာများနဲ့ အယူအဆတွေကို စုစည်းပြီး စက်ကို စမတ်ကျကျ ကိုယ်ပိုင်လုပ်ဆောင် နိုင်စွမ်း ရှိစေပါတယ်။ A I  လို့ခေါ်တဲ့ Artificial Intelligence ကို အ‌မေရိကန် ကွန်ပြူတာ သိပ္ပံပညာရှင် John McCarthy က ၁၉၅၅ ခုနှစ်လောက်က စတင်တီထွင်ခဲ့တယ်လို့ သိရှိရပါတယ်။

 Artificial Intelligence

Photo : The Economic Times

Artificial Intelligence နည်းပညာ၏ နမူနာများ

Google maps, Chatbots, Social Medias, Gaming, Face Detection and recognition, Healthcare စသည်များ။

A I က ဘယ်လိုအလုပ်လုပ်သလဲ

 Artificial Intelligence

Photo : The Medium

တွက်ချက်ခြင်း သို့မဟုတ် ပြဿနာဖြေရှင်းမှုခြင်း နဲ့ဆိုင်သော လုပ်ဆောင်ချက်ဖြင့် ထည့်သွင်းလိုက်သော ဒေတာအချက်အလက်များကို ဆက်စပ်ခြင်း၊ ပိုင်းခြားစိတ်ဖြာခြင်းနဲ့  အနာဂတ်အခြေအနေအတွက် ပုံစံများ လုပ်ဆောင်ပေးပါတယ်။  နေ့စဉ်ဘဝတွင် အသုံးပြုနေသော A I Software က Voice Assistant, Image Recognize, Financial Fraud Detection လို အလုပ်မျိုးကို လုပ်ပေးနိုင်ပါတယ်။

A I Applications

 Artificial Intelligence

Photo : TechVivdvan

Artificial Intelligence ရဲ့ သီးသန့် Applications တွေကတော့ Expert Systems, Natural Language Processing, Voice Recognition And Machine Vision တို့ ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ အသုံးပြုတဲ့ နယ်ပယ်အလိုက် Applications  များစွာရှိနေပါတယ်။ ဥပမာ အချို့နေနဲ့ Social Medias, Healthcare, Robotics တို့ဖြစ်ပါတယ်။

A I အဓိက အမျိုးအစား(၄)မျိုး

ယခုခေတ် ခွဲခြမ်းစိတ်ဖြာနည်းများအရ Reactive Machine ၊ limited Memory ၊ Theory Of Mind ၊ Self-Awareness ဆိုပြီး (၄) မျိုး ရှိပါတယ်။ တစ်ခုနဲ့ တစ်ခုတော့မတူပါဘူး။ တချို့ အမျိုးအစားက ပိုပြီး ရှုပ်ထွေးဆန်းပြားပါတယ်။

A I မှ ရရှိသော အကျိုးကျေးဇူးများ

လူတွေရဲ့  လုပ်ဆောင်နိုင်စွမ်းကို ပိုစေပါတယ်။  အလုပ်ပြီးစီးမှုကို တိုးတက်စေပါတယ်။ လူတွေကြောင့်ဖြစ်တဲ့ အမှားတွေကို လျော့နည်းစေပါတယ်။ ဒေတာအချက်အလက်တွေကို ပို၍ခွဲခြမ်း စိစစ်နိုင်လာပါတယ်။ ဆုံးဖြတ်ချက်ချမှတ်တဲ့အခါ အထောက်အပံ့ ပိုရစေပါတယ်။ အချိန်မရွေး အသုံးချလို့ရပါတယ်။  လူတွေရဲ့ နေ့စဉ်ဘဝကို ပို၍ သက်တောင့်သက်သာ ဖြစ်စေပါတယ်။

A I က ဘာကြောင့် အရေးကြီးရသလဲ

AI

Photo : University of Minnesota Twin Cities

A I က အဖွဲ့အစည်းများရဲ့ ဆုံးဖြတ်ချက်တွေကို ပိုကောင်းရန် လုပ်ပေးပါတယ်။ အဖွဲ့အစည်းရဲ့ လုပ်ငန်းဆိုင်ရာ မဟာဗျူဟာများ ချမှတ်ရာမှာ ပိုပြီး လျှင်မြန်တိကျစေတဲ့အတွက် စီးပွားရေး အခွင့်အလမ်းသစ်တွေကို ရရှိစေပါတယ်။ စီးပွားရေးလုပ်ငန်းတွေ မြှင့်တင်ဖို့နဲ့ ပြိုင်ဘက်တွေအပေါ် အားသာချက် ရရှိဖို့ A I ကို မဖြစ်မနေသုံးရပါမယ်။

Artificial Intelligence ရဲ့ အားနည်းချက်တွေက ဘာတွေလဲ

ဉာဏ်ရည်တုစက်ပစ္စည်း တီထွင်အသုံးပြုနိုင်ဖို့ ကုန်ကျစရိတ် များပါတယ်။  ဆန်းပြားတဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု လိုအပ်ပါတယ်။ A I ကို အသုံးပြုမှုများလာတဲ့အတွက် လူကိုယ်တိုင်လုပ်ဆောင်ဖန်တီးမှုတွေ နည်းလာပါတယ်။ အလုပ်လက်မဲ့ဖြစ်မှု များလာပါတယ်။ လူတွေ ပျင်းရိလာပြီး ကျင့်ဝတ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှု မရှိ ဖြစ်လာပါတယ်။

A I ဟာ ဝန်ဆောင်မှုလား ကုန်ပစ္စည်းလား

AI

Photo : Tracking2Training

A I ဟာ ဝန်ဆောင်မှုဖြစ်သလို ထုတ်ကုန်လည်းဖြစ်ပါတယ်။

ကွီးတို့ရေ ကွီးတို့ သိထားသင့်တဲ့  A I  လို့ခေါ်တဲ့  Artificial Intelligence အကြောင်းတွေကို လေ့လာမိသလောက် အနည်းငယ် တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ ကွီးတို့ စိတ်ဝင်စားတယ်ဆိုရင် အင်တာနက်ကနေ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ပါတယ်။

Source : Teach Target

Featured Photo : Theadditional