အရည်အချင်း ပြည့်ဝပြီး အသံအားကောင်းတဲ့ အဆိုတော်တွေ အများအပြားရှိကြပေမယ့် ကိုယ့်သီချင်းကို ကိုယ်တိုင်ကိုယ်ကျ ရေးဖွဲ့သီကုံးနိုင်တဲ့ အဆိုတော်တွေကတော့ ရှားပါတယ်။ ကိုယ်တိုင် ရေးဖွဲ့နိုင်ရင်တောင်မှ ထိုသီချင်းကို ကိုယ်တိုင် ပြန်ဆိုတဲ့အခါ လူကြိုက်များချင်မှ များမှာပါ။
အခုဖော်ပြပေးမယ့် အဆိုတော်တွေကတော့ သူတို့သီဆိုမယ့်သီချင်းကို ကိုယ်တိုင် ရေးဖွဲ့နိုင်ပြီး သီဆိုတဲ့အခါမှာလည်း လူကြိုက်များကာ အတော်လေးကို ရေပန်းစားခဲ့တာဖြစ်ပါတယ်။ ဘယ်အဆိုတော်တွေက သူတို့သီချင်းကို ကိုယ်တိုင်ရေးဖွဲ့သီကုံးပြီး လူကြိုက်များခဲ့သလဲဆိုတော့ …
(၁၀) Lady Gaga
သူ(မ)သည် သူ့ဂီတကို ကိုယ်တိုင် ဖန်တီးပြီး တစ်ခါရေးရင်လည်း စတူဒီယိုထဲမှာ နာရီနဲ့ချီကာ ရေးဖွဲ့လေ့ရှိပါတယ်။ သူ(မ) ကိုယ်တိုင်ရေးဖွဲ့သီဆိုထားတဲ့ သီချင်းများအနက် လူကြိုက်အများဆုံးကတော့ Poker Face ဖြစ်ပါတယ်။
Source: Lady Gaga
(၉) Adele
သူ(မ)သည် သီချင်းတစ်ပုဒ်ရေးဖွဲ့လျှင် နှလုံးသားနဲ့ သေချာခံစားပြီး သူ(မ)စိတ်ဝိညာဉ်ကို မြှုပ်နှံကာ ရေးသားလေ့ရှိတဲ့အတွက်ကြောင့် သီချင်းရေးတိုင်း မငိုတာရှားတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ Hello သီချင်းသည်လည်း သူ(မ) ကိုယ်တိုင်ရေးဖွဲ့ကာ သီဆိုထားတာဖြစ်ပါတယ်။
Source: Adele
(၈) Halsey
Halsey သည် သူ(မ)ရဲ့သီချင်းရေးဖွဲ့သီကုံးနိုင်တဲ့ အရည်အချင်းကြောင့် ဆုပါင်းများစွာလည်း ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ You Should Be Sad သည် သူ(မ)ကိုယ်တိုင်ဖန်တီးထားတာဖြစ်ပြီး လူကြိုက်များ ရေပန်းစားတဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
Source: Halsey
(၇) Julia Michaels
Julia Michaels ရဲ့ Issues သီချင်းသည်လည်း သူ(မ)ကိုယ်တိုင် ရေးဖွဲ့သီကုံးကာ စပ်ဆိုထားတာဖြစ်ပါတယ်။
Source: Julia Michaels
(၆) Justin Bieber
JB ရဲ့ လူကြိုက်များတဲ့ What Do You Mean သည်လည်း သူကိုယ်တိုင် ရေးဖွဲ့ထားတာဖြစ်ပါတယ်။
Source: Justin Bieber
(၅) BTS
BTS အဖွဲ့မှာတော့ အဖွဲ့ခေါင်းဆောင် RM သည် သီချင်းအများဆုံး ရေးလေ့ရှိပါတယ်။ Suga နဲ့ Jhope သည်လည်းပဲ သူတို့ရဲ့ ရက်ပ်အပိုင်းကို သူတို့ကိုယ်တိုင် ရေးဖွဲ့လေ့ရှိပါတယ်။ Jin ၊ Jimin ၊ V နဲ့ Jungkook သည်လည်းပဲ သီချင်းဆိုရာမှာလည်း တော်သလို သီချင်းစပ်ဆိုရာမှာလည်း တော်ကြပါတယ်။
Source: ARIRANG K-POP
(၄) Shawn Mendes
Treat You Better ကတော့ Shawn Mendes ကိုယ်တိုင် ရေးဖွဲ့ကာ စပ်ဆိုထားတာဖြစ်ပါတယ်။
Source: Shawn Mendes
(၃) Camila Cabello
Camila သည် သူ(မ)ရဲ့ ပွဲဦးထွက် စိုလိုအယ်လ်ဘမ်မှာဆိုရင် သီချင်းအားလုံးနီးပါးကို သူ(မ) ကိုယ်တိုင်ရေးဖွဲ့ထားတာပါ။ Consequences ကလည်း နာမည်ကြီးသီချင်းတစ်ပုဒ်ပါပဲ။
Source: Camila Cabello
(၂) Ed Sheeran
Ed Sheeran သည် သီချင်းရေးဖွဲ့ရာမှာလည်း ပါရမီပါတဲ့သူတစ်ယောက်ပါ။ သူကိုယ်တိုင် သီဆိုဖို့အတွက်လည်း ရေးဖွဲ့လေ့ရှိသလို အခြားအဆိုတော်တွေအတွက်လည်း ရေးဖွဲ့ပေးလေ့ရှိပါတယ်။ One Directions ရဲ့ Little Things နဲ့ JB ရဲ့ Love Yourself တို့သည်လည်း သူပဲ ရေးထားတာပါ။
Source: Ed Sheeran
(၁) Taylor Swift
ကိုယ့်သီချင်း ကိုယ်ရေးပြီး ကိုယ့်ဘာသာ သီဆိုထားတဲ့သူတွေထဲမှာ နောက်ထပ်နာမည်ကြီးတဲ့အဆိုတော်တစ်ယောက်လည်းရှိပါသေးတယ်။ သူကတော့ Taylor Swift ပဲဖြစ်ပါတယ်။ သူ(မ)ကိုယ်တိုင် ရေးဖွဲ့ထားတဲ့ သီချင်းများအနက် All Too Well လေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
Source: Taylor Swift
Featured Image Source: