အောင်မြင်တဲ့ အနုပညာရှင်တွေဟာဆိုရင် ပရိသတ်တွေဆီက သူတိုရဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာ၊ နှစ်လိုဖွယ်အပြုံး၊ မတူညီတဲ့ မိတ်ကပ်ရွေးချယ်မှုနဲ့ ဆံပင်ပုံစံတွေကို စိတ်ဝင်စားခံရလေ့ရှိပါတယ်။ သိုပေမယ့် အခုခေတ်မှာတော့ မျက်နှာမမြင်ရတဲ့ အနုပညာရှင်တွေက ပရိသတ်တွေကိုပိုပြီးဆွဲဆောင်နိုင်သလို ပိုအောင်မြင်နေတာကိုတောင် တွေ့ရပါတယ်။ အခုပြောပြပေးမှာက အကြောင်းအရင်းအမျိုးမျိုးနဲ့ သူတိုရဲ့ မျက်နှာတွေကို ဖုံးကွယ်ထားတဲ့ ဂီတအနုပညာရှင် ၅ယောက်အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) Drft Punk

Photo : The Guardian

စင်ပေါ်တက်တဲ့အခါ မျက်နှာဖုံးစွပ်ထားတဲ့ ခပ်မိုက်မိုက်အနုပညာရှင်တွေထဲက ခပ်ဆိုးဆိုးအနုပညာရှင်တွေလို့တောင် နာမည်ကြီးတဲ့သူတွေကတော့ Drft Punk အဖွဲ့ရဲ့  Manuel de Homem-Christo နဲ့ Thomas Bangalter တို့ပဲ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်က စင်ပေါ်ဖျော်ဖြေနေတဲ့အချိန်တွေမှာ စက်ရုပ်ခေါင်းတွေ၊ လက်အိတ်တွေနဲ့ သူတို့ ကိုယ်သူတို့ ဖုံးကွယ်ထားလေ့ရှိပါတယ်။ Daft Punk အဖွဲ့က ၁၉၉၃က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဒီနေ့ထိအောင်မြင်မှုတွေရရှိနေတဲ့ ဘဲကြီးတွေပါ။

(၂) Gorillaz

Photo : NME

1998 ခုနှစ်က စတင်ခဲ့တဲ့ Gorillaz အဖွဲ့ကတော့ တခြားသူတွေလို မျက်နှာဖုံးတပ်တာမျိုးမဟုတ်ဘဲ စင်ပေါ်မှာဖျော်ဖြေတဲ့အချိန်မှာ ကာတွန်းဇာတ်ကောင် ၄ယောက်ပုံစံအနေနဲ့ ဖျော်ဖြေတာ ဖြစ်ပါတယ်။ ဒီ band ကတော့ အီလက်ထရောနစ်နဲ့ ပေ့ါပ်၊ ရက်ဂေးပေါင်းစပ်ထားတဲ့ ဂီတအမျိုးအစားကို သူတို့အဖွဲ့ရဲ့ စတိုင်တစ်ခုအနေနဲ့ ဖန်တီးထားကြပါတယ်။

(၃) Buckethead


Photo : Loudwire

အရပ်ရှည်ရှည်နဲ့ ဖျော်ဖြေနေတဲ့အချိန်မှာ ရေပုံးမှောက်ပုံစံခေါင်းဆောင်းကို ဆောင်းထားတဲ့ Buckethead ကတော့ သူ့ရဲ့ ခပ်ကြာင်ကြောင် ခေါင်းဆောင်းကြောင့်ပဲ နာမည်ကြီး လူသိများပါတယ်။ ဒါပေမယ့်လည်း သူဟာ အမေရိကန် ဂီတပညာရှင်၊ သီချင်းရေးဆရာနဲ့၊ တူရိယာမျိုးစုံတီးခတ်တတ်တာကြောင့် အရည်အချင်းရှိသူတစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့ သူရဲ့သီချင်းတွေကို နားထောက်ကြည့်ရင် သိရမှာပါ။

(၄) Sia


Photo : Billboard

နောက်ထပ်တစ်ယောက်ကတော့ သီချင်းအမိုက်စားတွေ အမြဲဖန်တီးတတ်တဲ့ Sia ပဲ ဖြစ်ပါတယ်။ Mask တပ်ထားတဲ့ တစ်ဦးတည်းသော သြစတေးလျတေးရေးဆရာနဲ့ အမျိုးသမီးအဆိုတော် Sia ကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာပဲ နာမည်ကျော်ကြားလာပြီး သူမရဲ့ သီချင်းစာသားတွေ၊ ထူးခြားတဲ့ ဆိုပုံဆိုပေါက်နဲ့ music video တွေကြောင့် လူတွေရဲ့ အာရုံစိုက်မှုကို ရခဲ့ပါတယ်။ Sia Furler က ဖျော်ဖြေနေတဲ့အချိန်နဲ့ TV မှာပါတဲ့အချိန်တွေမှာ သူမရဲ့ မျက်နှာကို ဖုံးကွယ်ထားလေ့ရှိပြီး တခါတလေစကားပြောဖို့လိုတယ်ဆိုရင်တော့ ရွှေရောင် hair bang နဲ့ ဖဲပြားပါတဲ့ဆံပင်ကို မျက်နှာဖုံးတဲ့အထိ ချထားတတ်ပါတယ်။

(၅) Marshmello


Photo : We Rave You

အလန်းစားသီချင်းမြူးမြူးတွေနဲ့ တစ်ကမ္ဘာလုံးက ဖျော်ဖြေပွဲတွေမှာတွေ့နေရတဲ့ DJ Marshmello ကတော့ မျက်နှာဖုံးအဖြူရောင်အောက်ကပုံစံကို အင်တာနက်ပရိသတ်တွေ လုံးဝခန့်မှန်းလို့ မရစေအောင် လုပ်ထားပါတယ်။ သူ့ရဲ့ အပြုံးမျက်နှာပုံစံနဲ့ မျက်နှာဖုံးကို နာမည်ကြီး festival ပွဲတော်တွေမှာ ဖျော်ဖြေနေစဉ်တစ်လျောက်လုံး ဝတ်ဆင်ထားတတ်ပြီး ဟောလိုးဝင်းမှာ ကလေးတွေကြိုက်ကြတဲ့ဝတ်စုံလဲ ဖြစ်လာပါတယ်။