အခုဆိုရင် ကမ္ဘာကြီးကိုကယ်တင်မယ့် Superhero တွေဟာ အမေရိကမှာ တင်ရှိတာမဟုတ်တော့ပါဘူး။ အရှေ့တောင်အာရှအထိ Hero တွေထွက်ပေါ်လာပြီဆိုတာ သိပြီးပြီလားကွီိးတို့ရေ။ သူတို့ကတော့ အခြားသူတွေ မဟုတ်ပါဘူး။ Marvel စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်း လှမ်းခံရတဲ့အထိ ဇာတ်ရုပ်နဲ့ တစ်သားတည်းကျအောင် သရုပ်ဆောင်နိုင်တဲ့ အာရှအနုပညာကြယ်ပွင့်တွေပဲ ဖြစ်ပါတယ်။ အာရှမှာသာမက ဟောလိဝုဒ်က Marvel Fan တွေရဲ့ နှလုံးသားကိုပါ ထပ်မံသိမ်းပိုက်မယ့်သူတွေက ဘယ်သူတွေများဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။
(၁) Simu Liu

Photo : NBC News
Superhero လောကကို အရှိန်အဟုန်ကောင်းကောင်းနဲ့ နေရာတစ်ခုထိ ရလာခဲ့တာကတော့ တရုတ်အနွယ်ဖွား ကနေဒါသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Simu Liuပဲဖြစ်ပါတယ်။ သူဟာ ‘Shang-Chi and the Legend of the Ten Rings’ ဆိုတဲ့ ဇာတ်ကားနဲ့ ပွဲဦးထွက်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အရယူနိုင်ခဲ့သလို New Avenger တစ်ဦးအဖြစ် သတ်မှတ်ခံရတော့မယ်လို့လဲ သိရပါတယ်။
(၂) Ma Dong-seok

Photo : ZAPZEE
Train to Busan ရုပ်ရှင်ဇာတ်ကားကနေ နိုင်ငံတကာပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ Don Leeကို အခုဆိုရင် Hollywood ပိတ်ကားထပ်မှာ ပထမဆုံးပွဲဦးထွက်အဖြစ် ကြည့်ရှုအားပေးရတော့မှာဖြစ်ပါတယ်။ ဒါရိုက်တာ Chole Zhaoရဲ့ ထာဝရရှင်သန်နိုင်တဲ့ Superhero များအကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ ‘Eternals’ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ မသေမျိုး Superhero အုပ်စုကြီးရဲ့ အသန်မာဆုံးခေါင်းဆောင် Gilamesh အဖြစ် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။
(၃) Claudia Kim

Photo : India Times
Claudia Kim ဟာဆိုရင် MCU ရဲ့ ‘Avengers’ တစ်ဦးအဖြစ် ပထမဆုံးပါဝင်ခွင့်ရတဲ့ ကိုရီးယားအနုပညာကြယ်ပွင့်ပဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ရဲ့ အအောင်မြင်ဆုံး ‘Avengers: Age of Ultron’မှာ Ultron ရဲ့ခန္ဓာကိုယ်ကို ဖန်တီးပေးရာမှာ ပါဝင်ခဲ့တဲ့ မျိုးရိုးဗီဇကွဲလေ့လာရေးပညာရှင် Dr. Helen Cho အဖြစ် အရေးပါတဲ့ ဇာတ်ရုပ်တစ်ခုအနေနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့တာပဲ ဖြစ်ပါတယ်။
(၄) Park Seo Jeon

Photo : Mashable India
လက်ရှိ Hit အဖြစ်ဆုံး သတင်းအနေနဲ့ ထွက်ရှိထားတာကတော့ K Drama Star ကနေ Marvel Superhero အဖြစ် ‘Captain Marvel’ရဲ့အဆက်မှာ နာမည်ကျော်မင်းသမီး Brie Larson နဲ့ တွဲဖက်ညီညီ တွေ့မြင်ရတော့မယ့် Park Seo Jeon ပဲဖြစ်ပါတယ်။ Park Seo Joon ဟာ MCUမှာ တတိယမြောက်ပဲထွက်ရမယ့် Korean အနုပညာကြယ်ပွင့်တစ်ဦးဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေရမှာ အသေချာပါပဲ။
Featured Photo : Mashable India
