မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာတော့ မန်စီးတီးဟာ အက်စတွန်ဗီလာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး သုံးနှစ်ဆက်တိုက်လိဂ်ဖလားချန်ပီယံဆုကို သိမ်းပိုက်သွားခဲ့ပြီဖြစ်ပါတယ်။ဒီပွဲစဉ်ရဲ့ ပထမပိုင်းမိနစ်တွေမှာ အက်စတွန်ဗီလာအသင်းအနေနဲ့ ကစားကွက်ကောင်းကောင်းနဲ့ ပြိုင်ဘက်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် မန်စီးတီးအတွက် ဦးဆောင်ဂိုးကိုတော့ တိုက်စစ်ကစားသမား အဂွဲရိုး ပွဲချိန် မိနစ် ၂၀မှာ သွင်းယူပေးခဲ့ပြီး ဆယ်မိနစ်အကြာ ပွဲချိန် ၃၀မိနစ်မှာတော့ ရိုဒရီကထပ်မံသွင်းယူခဲ့တာကြောင့် ၂ – ၀ နဲ့ မန်စီးတီးအသင်းဦးဆောင်နိုင်ခဲ့ပါတယ်။
Source : Flipboard
ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီး ၄၁ မိနစ်အချိန်မှာတော့ ဂျွန်စတုန်းရဲ့ မှားယွင်းမှုကနေတဆင့် ဆမတ်သာရဲ့ ခေါင်းတိုက်ချက်ကနေ အက်စတွန်ဗီလာအသင်းကို ချေပဂိုးပြန်လည်ပေးခဲ့ရပါတယ်။ ပွဲချိန်ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ အက်စတွန်ဗီလာအသင်းဟာ မန်စီးတီးအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးကိုအကောင်းဆုံးအသုံးချနိုင်ခြင်းမရှိခဲ့သလို နောက်ထပ်သွင်းဂိုးတွေတော့ ထပ်မံသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ မန်စီးတီးအသင်းကဘဲ လက်ကျန်မိနစ်တွေကို အကောင်းဆုံးဆက်လက် ထိန်းကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်။
Source : Daily Mail
ပွဲချိန်ပြီးဆုံးသည်အထိ မန်စီးတီးအသင်းကဘဲ ၂ – ၁ နဲ့ ဦးဆောင်သွားနိုင်ခဲ့တာကြောင့် လိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ဆွတ်ခူးရရှိသွားခဲ့ကာ အက်စတွန်ဗီလာအသင်းကတော့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ဒီဖလားဟာ မန်စီးတီးအသင်းအတွက် ယခုနှစ်ဘောလုံးရာသီရဲ့ ပထမဆုံးရရှိခဲ့တဲ့ ဖလားတစ်လုံးဖြစ်သလို လိဂ်ဖလားပြိုင်ပွဲ သမိုင်းတစ်လျောက်မှာတော့ ၇ကြိမ်မြောက်ရရှိခဲ့တဲ့ အောင်မြင်မှုတစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါပြီ။
Source : Flipboard