သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ရတာ ပျော်ဖို့ကောင်းပါတယ်။ ဒါက သိပ္ပံပညာရှင်တွေ ပြောတဲ့ စကားပါ။ လေ့လာမှုအသစ်အသစ်တွေ နေ့စဉ်ဆောင်ရွက်ရတယ်၊ ပုရွတ်ဆိတ်တွေကို လိုက်ပြီးရေတွက်နေရတယ် စသဖြင့် မျိုးစုံလုပ်နေရတာကြောင့် တစ်နေ့တစ်မျိုး မရိုးရအောင် ဖြစ်နေတက်ပါတယ်။
ဒီတစ်ခေါက်မှာတော့ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်တွေထဲက စိတ်ဝင်စားစရာအကြောင်းအရာတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
အောက်စဖို့ဒ် တက္ကသိုလ်ဟာ Aztec အင်ပါယာထက်စောတယ်

Source: University Positions
အောက်စဖို့ဒ် တက္ကသိုလ်ကို (၁၀၉၆) ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Tenochtitlan တွေရဲ့ မြို့ပြဖြစ်တဲ့ Aztec အင်ပါယာကို (၁၄၂၈) ခုနှစ်ရောက်မှ တည်ထောင်ခဲ့တာပါ။ ဒါကြောင့် အောက်စဖို့ဒ် တက္ကသိုလ်ဟာ Aztec အင်ပါယာထက်စောပြီး တည်ထောင်ခဲ့တာပါ။
“pinky promise” လက်သန်းချင်းချိတ်ပြီး ပြုလုပ်ရတဲ့ကတိဟာ ဖောက်ဖျက်ခဲ့သည်ရှိသော် လက်သန်းကို ဖျတ်ပစ်ရပါတယ်

Source: Youtube
ဒီသင်္ကေတဟာ ဂျပန်နိုင်ငံကနေ စတင်ထွက်ပေါ်လာခဲ့တာပါ။ ကလေးတွေ ကတိတောင်းတဲ့အခါမှာ လက်သန်းချင်းချိတ်ပြီး ကတိကဝတ်ပြုကြလေ့ရှိပါတယ်။ နိုင်ငံအလိုက် မတူကွဲပြားကြတယ်။
Edo ခေတ် (၁၆၀၃-၁၈၆၈) ခုနှစ်တွေတုန်းက ဂျပန်လူမျိုးစုတစ်စုဟာ သူတို့ရဲ့သစ္စာရှိမှုကို ညာဘက်လက်သန်းဖြတ်ပြီး သက်သေပြလေ့ရှိကြတယ်။ နောက်ပိုင်းမှာ ကလေးတွေက ကစားစရာအဖြစ် ပြောင်းလဲခဲ့ကြတာပါ။
ဂျူပီတာနဲ့စေတန် ဂြိုလ်ပေါ်မှာ စိန်မိုးရွာလေ့ရှိကြတယ်

Source: Youtube
တကယ်ပဲ ဂျူပီတာနဲ့စေတန် ဂြိုလ်ပေါ်မှာ စိန်မိုးရွာလေ့ရှိပါတယ်။ ဒီဂြိုလ်နှစ်လုံးမှာရှိတဲ့ ဖိအားတွေက ကာဗွန်ဓာတ်ငွေ့ကို စိန်တွေအဖြစ် အလွယ်တကူပြောင်းလဲပစ်နေတာလို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။
Neil Armstrong ရဲ့ အာကာသဝတ်စုံကို ဘရာစီယာ ထုတ်တဲ့စက်ရုံမှာ ထုတ်လုပ်ခဲ့တာပါ

Source: Astronaut
လပေါ်ကို ပထမဆုံးခြေချခဲ့တဲ့ Neil Armstrong ရဲ့အာကာသဝတ်စုံကို ဘရာစီယာတွေ ထုတ်တဲ့စက်ရုံမှာ ထုတ်လုပ်ခဲ့တာကို လူအနည်းငယ်ပဲ သိကြပါတယ်။
မျောက်တွေမှန်ကိုကြည့်ပြီး မှန်ထဲကအရာက သူတို့ရဲ့ပုံရိပ်တွေဆိုတာသိတာနဲ့ သူတို့ရဲ့ ခွကြားကို ကြည့်လေ့ရှိတယ်

Source: Bright Side
ငါမန်းတွေရဲ့တိုက်ခိုက်မှုခံရပြီဆိုရင် ငြိမ်ငြိမ်လေးနေခြင်းဖြင့် အသက်ရှင်လွတ်မြောက်နိုင်ပါတယ်

Source: Bright Side
ငါမန်းတွေနဲ့တွေ့တဲ့အခါမှာ လွတ်အောင်ရေကူးခြင်းက အကူအညီမပေးနိုင်ပါဘူး။ အသက်ဘေးက လွတ်ချင်တယ်ဆိုရင်တော့ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးနေခြင်းပါပဲ။ အကယ်၍ နေလို့မရဘူးဆိုရင်တော့ ငါးမန်ရဲ့ မျက်လုံး၊ ပါဟက် (သို့) နှာခေါင်းထိပ်ကို ထိအောင်တိုက်ခိုက်ပေးပါ။
