Athlete တွေအတွက် အားကစားလုပ်ရာမှာ ပိုပြီး လွယ်ကူထိရောက်မှု ရှိစေမယ့် Gadgets အမိုက်စားတွေ အများကြီး ပေါ်လာပါပြီ။ ကိုယ့်ရဲ့ Fitness Journey ကို တဆင့်မြှင့်တင်ချင်တယ် ၊ လေ့ကျင့်ခန်း အစီအစဉ်တွေကို Effective ဖြစ်ဖြစ်နဲ့ လုပ်ဆောင်နိုင်ချင်တယ် ဆိုရင်တော့ အခုပြောပြမယ့် ပစ္စည်းတွေသာ ဝယ်ထားလိုက်ပါ။
(၁) Smart Wearable Trackers
Photo : Market Research Intellect
Fitness Trackers တွေကတော့ Athlete မှန်ရင် ဝယ်ကိုဝယ်ထားသင့်တဲ့ ပစ္စည်းတစ်ခုပါပဲ။ ကိုယ့်ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ ၊ ခန္ဓာကိုယ် လှုပ်ရှားမှုနဲ့ နှလုံးခုန်နှုန်းတွေကို သေချာလေးတိုင်းတာ ဖော်ပြပေးတဲ့အပြင် အောက်ဆီဂျင် Levels ၊ စွမ်းဆောင်ရည်နဲ့ အိပ်စက်မှု စက်ဝန်းတွေကိုပါ ခြေရာခံပေးတာကြောင့် အားကစား လုပ်ရာမှာ တော်တော်လေး အသုံးဝင်တယ်လို့ ပြောလို့ရပါတယ်။
(၂) AI-Powered Smart Shoes
Photo : Syed Waqas Saghir
အခုနောက်ပိုင်းမှာ နာမည်ကြီး ဖိနပ်ကုမ္ပဏီတွေ အများစုကတော့ AI နည်းပညာသုံး Smart Sneakers တွေ ထုတ်လာကြပါပြီ။ AI sensors တွေ ပါဝင်တဲ့အတွက် တစ်နေ့တာအတွင်းလှုပ်ရှားမှုတွေ ၊ အပြေးသမားအတွက် ဆိုရင်လည်း ပြေးနှုန်းတွေကို သေချာလေး တိုင်းတာပေးနိုင်ပြီး ကိုယ့်ရဲ့ ကြံ့ခိုင်မှု Levels နဲ့ တိုးတက်မှုနှုန်းတွေကို အသေးစိတ် ပြန်လည်စစ်ဆေးလို့ ရပါတယ်။
(၃) High-Tech Recovery Tools
Photo : ShapeScale
အလေးမတဲ့ Weightlifting သမားတွေအတွက်ရော တခြားသော အားကစားသမားတွေပါ အသုံးပြုနိုင်ပါတယ်။ ဒီပစ္စည်းရဲ့ အဓိက လုပ်ဆောင်ချက်က တုန်ခါမှုနဲ့အတူ ကြွက်သားတွေကို နှိပ်နယ်ပေးတာဖြစ်ပြီး လျင်လျင်မြန်မြန်ပဲ Muscle Recovery ဖြစ်စေဖို့ ကူညီပေးပါတယ်။
(၄) Smart Hydration Bottles
Photo : HidrateSpark
သာမန်ရေဗူးတွေနဲ့ မတူပါဘူး။ နည်းပညာ အသုံးပြုထားတဲ့ Smart ရေဗူးတွေက ကွီးတို့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရေဓာတ်ပမာဏကို တွက်ချက်ပေးပြီး တစ်နေ့တာ ဖြည့်တင်းလိုက်တဲ့ ရေသောက်နှုန်းကို တိတိကျကျ ခြေရာခံပေး နိုင်ပါတယ်။ လိုအပ်တဲ့ ရေဓာတ်ပမာဏထက် လျှော့ကျနေတယ် ဆိုပါကလည်း အချက်ပေးတဲ့ စနစ်တွေ ပါဝင်တာကြောင့် ရေသောက်ပျင်းသူတွေအတွက် အထူးအသုံးဝင်ပါတယ်။
Source : Analytics Insight
Featured Photo : Syed Waqas Saghir