အားကစားသမားဆိုတာ ထောင်ထောင်မောင်းမောင်း ကြံ့ကြံ့ခိုင်ခိုင်ကြီးတွေ များပါတယ်။ သာမန်လူတွေထက် ခေါင်းတစ်လုံးပိုမြင့်တဲ့ ဒီလို အားကစားသမားတွေနဲ့ တွဲတဲ့ ချစ်သူရည်းစားတွေဟာ အလိုလိုနေရင်း တစ်ဝက်ဆိုဒ်လောက် သေးသွားသယောင် ထင်ရပါတယ်။ ဒီဆောင်းပါးမှာတော့ အရပ်အမောင်းချင်း ထက်ဝက်နီးပါး ကွာတဲ့ အချောအလှကလျာတွေကို လက်ထပ်ထားတဲ့ အားကစားသမား ၅ ဦးအကြောင်းပဲ ဖြစ်ပါတယ်။
(၁) Gerard Piqué နဲ့ Shakira

Photo: Marca
နာမည်ကျော် ဘာစီလိုနာတိုက်စစ်မှူး ဂျရတ်ပီကေးက ၆ ပေ ၄ လက်မ ၊ အဆိုတော် ရှာကီယာက ၅ ပေပဲ ရှိပါတယ်။ အရပ်အမောင်းချင်း သိပ်ကွာတဲ့ ဒီစုံတွဲဟာ တောင်အာဖရိကမှာ ကျင်းပတဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပွဲမှာ ဆုံဆည်းခဲ့ကြတာ ဖြစ်ပါတယ်။ နောက် ၃ နှစ်အကြာမှာပဲ ရှာကီယာနဲ့ ပီကေးတို့ရဲ့ ပထမဆုံး ကလေးကို ဖွားမြင်ခဲ့ပြီး ၂၀၁၅ မှာ ဒုတိယမြောက်သားတစ်ယောက် ရခဲ့ပါတယ်။ သူတို့ချင်း လက်ထပ်မထားပေမယ့် သူတို့ချစ်ခြင်းကတော့ ခိုင်မြဲမယ့်ပုံပါပဲ။
(၂) Wladimir Klitschko နဲ့ Hayden Panettiere

Photo; The Sun
ယူကရိန်းလက်ဝှေ့ကျော် ကလစ်ချ်ကိုဟာ ဘောက်ဆင်လောက ရဲ့ အတော်ဆုံး ဟဲဗီးဝိတ်ချန်ပီယံထဲက တစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။ အမေရိကန်သရုပ်ဆောင် ဟေဒင်နဲ့ ၂၀၀၉ မှာ ချစ်ကြိုးသွယ်ခဲ့တာ ဖြစ်ပါတယ်။ ကလစ်ချ်ကိုက ၆ ပေ ၆ လက်မ ၊ ဟေဒင်က ၅ ပေ နှစ်ဦးအကြား အရပ်အမောင်းကွာခြားချက်က ၁၈ လက်မ ရှိသလို ကလစ်ချ်ကိုက အသက်လည်း ၁၄ နှစ် ပိုကြီးပါတယ်။
၂၀၁၃ မှာ ဒီစုံတွဲဟာ စေ့စပ်ခဲ့ကြပြီး ၂၀၁၄ မှာ သူတို့ရဲ့ သမီးလေး ကာယာကလစ်ချ်ကို မွေးခဲ့ပါတယ်။ စေ့စပ်ပွဲမှာ ဒေါ်လာ ၅ သိန်းတန် ၆ ကာရက်စိန်လက်စွပ်ကြီး စွပ်ခဲ့ပေမယ့် ၂၀၁၈ မှာ ကွဲခဲ့ပါတယ်။
(၃) Great Khali နဲ့ Harminder Kaur

Photo: glamourpath
အရပ် ၇ ပေ ၁ လက်မအထိ မြင့်တဲ့ ဧရာမလူထွားနပန်းသမားကြီး ဒါလစ်ဆင်း ရာနာကို ကြိုးဝိုင်းမှာ The Great Khali လို့လည်း လူသိများပါတယ်။ ပရော်ဖက်ရှင်နယ် နပန်းသမားဘဝမှာ အောင်မြင်မှုအလီလီ ရခဲ့တဲ့သူဟာ ဟော်မုန်းမညီမျှမှုကြောင့် အခုလို ဧရာမလူထွားကြီးဖြစ်သွားတာပါ။ ၂၀၀၂ မှာ သူဟာ အရပ် ၅ ပေ ၉ လက်မရှိတဲ့ အိန္ဒိယသရုပ်ဆောင် ဟာမင်ဒါကူးရ်ကို လက်ထပ်ခဲ့ပါတယ်။ ၂၀၁၄ မှာ သူတို့စုံတွဲရဲ့ ပထမဆုံးသမိးလေး အယ်လ်ဗင်း ရာနာကို ဖွားမြင်ခဲ့ပါတယ်။
(၄) Kobe Bryant နဲ့ Vanessa Bryant

Photo: US Weekly
NBA ဘတ်စကတ်ဘောအကျော်အမော် ကိုဘေးဘရိုင်ယန့်ဟာ NBA လောကမှာ အကြီးကျယ်ဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၀ ဟယ်လီကော်ပတာပျက်ကျမှုမှာ သူနဲ့အတူ သမီးငယ်လေး ဂျီယန်နာပါ အသက်ဆုံးရှုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ ကိုဘေးက ၆ ပေ ၆ လက်မ ရှိပြီး သူ့ဇနီး ဗန်နက်ဆာက ၅ ပေ ၅ ၊ ၁၉၉၉ ခုနှစ် ဗန်နက်ဆာ အထက်တန်းကျောင်းသူဘဝမှာ တွေ့ဆုံခဲ့တာပါ။ ၂၀၀၁ မှာ လက်ထပ်ခဲ့ပြီး သားသမီး ၄ ဦး ရှိပါတယ်။
(၅) Shaquille O’Neal နဲ့ Nicole Alexander

Photo: Daily Mail
အမေရိကန်ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘောသမားတွေထဲက ဂန္ဓဝင်တစ်ဦးဖြစ်တဲ့ ရှက်ခ်ကွီးလ် အိုနေးကို Shaq လို့ပဲ လူသိများပါတယ်။ အရပ် ၇ ပေ ၁ လက်မ မြင့်တဲ့ တကယ့် ဧရာမလူထွားကြီးဟာ သူ့ထက် အရပ် ၂ ပေ နိမ့်တဲ့ နီကိုးလ်အလက်ဇန္ဒားကို လက်ခံခဲ့တာပါ။ ၂၀၁၂ မှာ လက်ထပ်ဖို့ Shaq က နီကိုးကို တောင်းဆိုပေမယ့် လက်မထပ်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
Featured image Photo: The Sun
