ချန်ပီယံလိဂ်ပွဲစဉ်တွေကစားရမယ့် အက်တလန်တီကိုမက်ဒရစ်အသင်းမှ ကစားသမား (၂) ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားခံရကြောင်း သိရပါတယ်။

Source: Goal

အက်တလန်တီကိုမက်ဒရစ်အသင်းဟာ ဩဂုတ်လ (၁၄) ရက်နေ့မနက်ပိုင်းတွင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် RB Leipzig အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။ ပေါ်တူဂီနိူင်ငံမှာ ချန်ပီယံလိဂ်ပွဲစဉ်ကစားဖို့ ပြင်ဆင်နေစဉ် တနင်္ဂနွေနေ့မှာ အခုလို ဗိုင်းရပ်စ် ကူးစက်ထားကြောင်း သိခဲ့ရတာပါ။ ဗိုင်းရပ်စ် ကူးစက်ထားခံရတာကြောင့် ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားဖြစ်ဖို့ မသေချာ မရေရာဖြစ်သွားခဲ့ပါတယ်။

Source: Goal

ဗိုင်းရပ်စ် ကူးစက်ထားခံရသူ (၂) ဦးဟာ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိပြီး သူတို့ရဲ့ အိမ်တွေမှာ သီးသန့်ခွဲပြီး ထားထားကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေနဲ့ ထိတွေ့ခဲ့တဲ့သူတွေကိုလည်း သီးသန့်ခွဲထားပြီး စောင့်ကြည့်မယ်လို့သိရပါတယ်။

UEFA ရဲ့စီးမျဉ်းအရ A စာရင်းမှာ ကစားသမား (၁၃) ဦးပြည့်ရင် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ ကစားသမားတွေကိုလည်း လိုအပ်ရင် quarantine ဝင်ခိုင်းရမှာပါ။ ဒါပေမယ့် ပေါ်တူဂီ အစိုးရရဲ့ ခွင့်ပြုချက်လည်း လိုအပ်ပါသေးတယ်။

Source: AS English – Diario AS

ဥရောပနိူင်ငံတွေထဲမှာ စပိန်နိူင်ငံဟာ ဗိုင်းရပ်စ် ဒဏ်အခံရဆုံးနိူင်ငံထဲမှာပါဝင်ပါတယ်။ နိူင်ငံတွင်းမှာ လူပေါင်း (၃၆၀၀၀၀) ကျော်ဗိုင်းရပ်စ် ကူးစက်ထားခံရပြီး (၂၈၅၀၀) ကျော်သေဆုံးခဲ့ပြီဖြစ်ပါတယ်။