Atletico Madrid အသင်းဟာ ဘင်ဖီကာအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား Joao Felix ကို ပေါင် သန်း ၁၁၂ သန်းနဲ့ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ အဆိုပါကမ်းလှမ်းမှုကို ဘင်ဖီကာအသင်းက အတည်ပြုလိုက်တာပါ။

“Atletico Madrid အသင်းက ဖေးလစ်စ် (Felix) အတွက် ယူရို ၁၂၆ သန်းနဲ့ ကမ်းလှမ်းမှုလုပ်လာခဲ့တာပါ” လို့ ဘင်ဖီကာ အသင်းတာဝန်ရှိသူတွေက ပေါ်တူဂီသတင်းစာတစ်ခုမှာပြောကြားခဲ့ပါတယ်။

Source: 101 Great Goals

အဆိုပါကစားသမားကို နာမည်ကြီး အသင်းတွေဖြစ်တဲ့ မန်ချက်စတာ စီးတီး နဲ့ ရီးရဲမက်ဒရစ် အသင်းတို့ကလည်း ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာပါ။ Atletico Madrid အသင်းကတော့ အသင်းရဲ့အဓိကကစားသမားတဦးဖြစ်တဲ့ Antoine Griezmann ဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့ရင် အဆိုပါကစားသမားရောင်းရငွေကို ဖေးလစ်စ် (Felix) ကို ဝယ်ဖို့အတွက်အသုံးပြုဖွယ်ရှိနေပါတယ်။

Source: slbenfica.pt

အသက် ၁၉ နှစ်သာရှိသေးတဲ့ အဆိုပါကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းအတွက် ၁၅ ဂိုးသွင်းယူပေးထားခဲ့ပြီး ဂိုးဖန်တီးမှု ၈ ကြိမ်ထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဖေးလစ်စ် (Felix) ရဲ့အပြောင်းအရွှေ့သာ ပြီးမြောက်ခဲ့ရင် Neymar, Kylian Mbappe, Philippe Coutinho နဲ့ Ousmane Dembele တို့ရဲ့နောက် ဘောလုံးသမိုင်းမှာ ပဉ္စမမြောက် ဈေးအကြီးဆုံးကစားသမား ဖြစ်လာဖွယ်ရှိနေပါတယ်။

Source: PortuGoal

ဖေးလစ်စ် (Felix) ဟာ UEFA Nations League ပြိုင်ပွဲမှာ Switzerland အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပထမဆုံး နိုင်ငံအသင်းတွက် ပါဝင်ကစားပေးခဲ့ပါတယ်

Felix ဟာ Europa League ပွဲစဉ်တခုဖြစ်တဲ့ Eintracht Frankfurt ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ Europa League ပြိုင်ပွဲတွင် ဘင်ဖီကာနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အသက်ငယ်ဆုံး ဟက်ထရစ်သွင်းယူနိုင်တဲ့သူဖြစ်လာခဲ့ပါတယ်။

ဖေးလစ်စ် (Felix) ဟာ တိုက်စစ်ကစားသမားတယောက်ဖြစ်ပေမဲ့ လိုအပ်ရင် လိုအပ်သလို တောင်ပံတိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ်နေရာတွေပါ ကစားနိုင်တဲ့ကစားသမားတယောက်ပါ။ တိုးတက်မှုအရှိဆုံး ဆယ်ကျော်သက်လူငယ်ကစားသမား တစ်ယောက်အဖြစ်လည်း သတ်မှတ်ခံထားရသူဖြစ်ပါတယ်။