အသက္လက္တီကုိမက္ဒရစ္အသင္းကေတာ့ ၂၀၁၆ ခုႏွစ္ေနာက္ပုိင္းကေန ဘာစီလုိနာအသင္းကုိ အႏုိင္မရခဲ့တာဟာ မေန႔ညက ယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲအထိပါပဲ။ ပုိဆုိးတာကေတာ့ ဘာစီလုိနာအသင္းရဲ႕အိမ္ကြင္း ႏူးကမ္မွာ ဘာစီကုိ အသက္လက္တီကုိအသင္း အႏုိင္မယူခဲ့တာက ႏွစ္မ်ားစြာ ၾကာျမင့္ေနခဲ့တာပါပဲ။ အဆုိးဆုံးနဲ႔ ထူးျခားစြာ တုိက္ဆုိင္မႈတစ္ခုကေတာ့ အသက္လက္တီကုိဟာ ႏူးကမ္မွာ လာကစားတုိင္း အျမဲလုိလုိ အနီကတ္ျပစ္ဒဏ္ေတြကုိ ခံယူေနတာပါပဲ။

Photo Credit : Soccer Laduma

အခုတစ္ႀကိမ္ ဆုံေတြ႔ခဲ့တဲ့ လာလီဂါပြဲစဥ္မွာလည္း ပထမပုိင္း ပြဲကစားခ်ိန္ ၂၉ မိနစ္မွာပဲ အသက္လက္တီကုိ တုိက္စစ္မွဴး ဒီေယဂုိေကာ္စတာက ကြင္းလယ္ဒုိင္လူႀကီးကုိ ႐ုိင္းပ်လြန္းတဲ့ စကားလုံးေတြနဲ႔ ေျပာဆုိေဝဖန္ၿပီး ေစာဒကတက္ခဲ့တာေၾကာင့္ တုိက္႐ုိက္အနီကတ္ျပၿပီး ထုတ္ပယ္ခံခဲ့ရပါတယ္။ ဒါေၾကာင့္ အသက္လက္တီကုိအသင္းဟာ လက္က်န္ပြဲခ်ိန္ ၁ နာရီခန္႔ေလာက္ကုိ ကစားသမားတစ္ေယာက္ေလ်ာ့နဲ႔ ဘာစီကုိ ရင္ဆုိင္ခဲ့ရၿပီး ပြဲၿပီးဆုံးခါနီးမွာ ၂ ဂုိးေပးလုိက္ရၿပီး အေရးနိမ့္ခဲ့ရပါတယ္။

Photo Credit : Sportskeeda

ဒီအနီကတ္ျပစ္ဒဏ္ေၾကာင့္ပဲ အသက္လက္တီကုိအသင္းဟာ ဘာစီလုိနာရဲ႕အိမ္ကြင္း ႏူးကမ့္မွာ လာေရာက္ကစားတဲ့ ေနာက္ဆုံး ၆ ႏွစ္အတြင္းမွာ အနီကတ္ျပခံရမႈဟာ ၇ ႀကိမ္အထိေတာင္ ႐ွိလာခဲ့ရပါတယ္။ အသက္လက္တီကုိအသင္းဟာ ၂၀၁၃ ခုႏွစ္က ဘာစီလုိနာအသင္းနဲ႔ ကစားခဲ့တဲ့ စပိန္စူပါဖလားပြဲမွာ အက္ဒါတူရန္ ဖီလစ္ပီလူးဝစ္နဲ႔ နည္းျပအဖြဲ႔ဝင္တစ္ဦးပါ အထုတ္ပယ္ခံခဲ့ရပါတယ္။ ၂၀၁၆ ခုႏွစ္မွာက လာလီဂါပြဲမွာေတာ့ ဖီလစ္ပီလူးဝစ္နဲ႔ ဂုိဒင္တုိ႔လုိ ေနာက္ခံကစားသမားေတြ ထပ္မံအနီကတ္ျပခံခဲ့ရပါတယ္။

Photo Credit : Yahoo Sport UK

အဲ့ဒီႏွစ္အတြင္းက က်င္းပခဲ့တဲ့ ခ်န္ပီယံလိဂ္ ကြာတားဖုိင္နယ္ပြဲစဥ္မွာလည္း တုိက္စစ္မွဴးေဟာင္း ဖာနန္ဒုိေတာရက္စ္ အနီကတ္ျပခံခဲ့ရသလုိ ၂၀၁၇ ခုႏွစ္မွာလည္း ကစားသမားေဟာင္း ကာရက္စ္ကုိက ဘာစီလုိနာနဲ႔ ကစားခဲ့တဲ့ ကုိပါဒယ္ေရး ဆီမီးဖုိင္နယ္ပြဲစဥ္မွာ အနီကတ္ျပခံရတာျဖစ္ပါတယ္။ အခုလည္း ၂ ႏွစ္အၾကာမွာ တုိက္စစ္မွဴးဒီေယဂုိေကာ္စတာ ထပ္မံအထုတ္ပယ္ခံခဲ့ရၿပီး ရလဒ္ဆုိးေတြကုိပဲ ဆက္လက္ရ႐ွိခဲ့ရပါတယ္။

(Unicode)

အသက်လက်တီကိုမက်ဒရစ်အသင်းကတော့ ၂၀၁၆ခုနှစ်နောက်ပိုင်းကနေ ဘာစီလိုနာအသင်းကို အနိုင်မရခဲ့တာဟာ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပွဲအထိပါပဲ။ ပိုဆိုးတာကတော့ ဘာစီလိုနာအသင်းရဲ့အိမ်ကွင်း နူးကမ်မှာ ဘာစီကို အသက်လက်တီကိုအသင်း အနိုင်မယူခဲ့တာက နှစ်များစွာ ကြာမြင့်နေခဲ့တာပါပဲ။ အဆိုးဆုံးနဲ့ ထူးခြားစွာ တိုက်ဆိုင်မှုတစ်ခုကတော့ အသက်လက်တီကိုဟာ နူးကမ်မှာ လာကစားတိုင်း အမြဲလိုလို အနီကတ်ပြစ်ဒဏ်တွေကို ခံယူနေတာပါပဲ။

Photo Credit : Soccer Laduma

အခုတစ်ကြိမ် ဆုံတွေ့ခဲ့တဲ့ လာလီဂါပွဲစဉ်မှာလည်း ပထမပိုင်း ပွဲကစားချိန် ၂၉မိနစ်မှာပဲ အသက်လက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာက ကွင်းလယ်ဒိုင်လူကြီးကို ရိုင်းပြလွန်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုဝေဖန်ပြီး စောဒကတတ်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် အသက်လက်တီကိုအသင်းဟာ လက်ကျန်ပွဲချိန် ၁နာရီခန့်လောက်ကို ကစားသမားတစ်ယောက်လျော့နဲ့ ဘာစီကို ရင်ဆိုင်ခဲ့ရပြီး ပွဲပြီးဆုံးခါနီးမှာ ၂ဂိုးပေးလိုက်ရပြီး အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit : Sportskeeda
ဒီအနီကတ်ပြစ်ဒဏ်ကြောင့်ပဲ အသက်လက်တီကိုအသင်းဟာ ဘာစီလိုနာရဲ့အိမ်ကွင်း နူးကမ့်မှာ လာရောက်ကစားတဲ့ နောက်ဆုံး၆နှစ်အတွင်းမှာ အနီကတ်ပြခံရမှုဟာ ရကြိမ်အထိတောင် ရှိလာခဲ့ရပါတယ်။ အသက်လက်တီကိုအသင်းဟာ ၂၀၁၃ခုနှစ်က ဘာစီလိုနာအသင်းနဲ့ ကစားခဲ့တဲ့ စပိန်စူပါဖလားပွဲမှာ အက်ဒါတူရန် ဖီလစ်ပီလူးဝစ်နဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးပါ အထုတ်ပယ်ခံခဲ့ရပါတယ်။ ၂၀၁၆ခုနှစ်မှာက လာလီဂါပွဲမှာတော့ ဖီလစ်ပီလူးဝစ်နဲ့ ဂိုဒင်တို့လို နောက်ခံကစားသမားတွေ ထပ်မံအနီကတ်ပြခံခဲ့ရပါတယ်။

Photo Credit : Yahoo Sport UK

အဲ့ဒီနှစ်အတွင်းက ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ် အနီကတ်ပြခံခဲ့ရသလို ၂၀၁၇ခုနှစ်မှာလည်း ကစားသမားဟောင်း ကာရက်စ်ကိုက ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အနီကတ်ပြခံရတာဖြစ်ပါတယ်။ အခုလည်း ၂နှစ်အကြာမှာ တိုက်စစ်မှူးဒီယေဂိုကော်စတာ ထပ်မံအထုတ်ပယ်ခံခဲ့ရပြီး ရလဒ်ဆိုးတွေကိုပဲ ဆက်လက်ရရှိခဲ့ရပါတယ်။