အတ်တလန်တီကို တိုက်စစ်မူး ဒီယေဂို ကော်စတာဟာ စပိန်အစိုးရကို ပေးဆောင်ရမယ့် အခွန်ငွေ ယူရို (၁) သန်ကျော်းမပေးဆောင်ဘဲ တိမ်းရှောင်မူကြောင့် ထောင်ဒဏ် (၆) လချမှတ်ခံခဲ့ရပါတယ်။
Source: Goal.com
စပိန်အစိုးရက ကော်စတာကို ပြီးခဲ့တဲ့ ကြာသာပသေးနေ့က ထောင်ဒဏ် (၆) ကျခံစေဖို့ ပစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ သို့သော် စပိန်ဥပဒေမှာ အကြမ်းမဖက်တဲ့ ထောင်ဒဏ် (၂) နှစ်နှင့်အောက် ပစ်ဒဏ်များကို ငွေဒဏ်ပေးဆောင်နိူင်ပါတယ်။ ဒါကြောင့် ကော်စတာအနေနဲ့ ထောင်ဒဏ် (၆) လအတွက် ယူရို (၅) သိန်းကျော် ပေးသွင်းရဖွယ်ရှိနေပါတယ်။
Source: Scroll.in
ကော်စတာဟာ (၂၀၁၄) ခုနှစ်တွင် အတ်တလန်တီကို မက်ဒရစ်မှာ ချဲလ်ဆီးအသင်းဆီ ပေါင် (၃၂) သန်းဖြစ့်ပြောင်းရွှေ့ကစားခဲ့သူဖြစ်ကာ ပရီးမီးယားလိဂ် ဖလား (၂) ကြိမ် နဲ့ လိဂ်ဖလား ရရှိအောင်စွမ်းဆောင်ပေးနိူင်ခဲ့ပါတယ်။ အသင်းအတွက် ပွဲပေါင်း (၁၂၀) ကစားပေးခဲ့ကာ ဂိုးပေါင်း (၅၉) ဂိုးအထိသွင်းယူပေးနိူင်ခဲ့ပါတယ်။
Source: BBC
နည်းပြ ကွန်တီ လက်ထက်မှာ ကော်စတာဟာ အသင်းမှာနေရာမရဖြစ်ခဲ့တာကြောင့် အသင်းဟောင်း အတ်တလန်တီကိုအသင်းဆီ (၂၀၁၇) ခုနှစ်မှာပြန်လည်ပြောင်းရွှေ့ကစားခဲ့ပါတယ်။ စပိန်လာလီဂါပွဲစဉ်တွေကိုတော့ လာမယ့် ဇွန်လ (၁၁) ရက်နေမှာ ပြန်လည်စတင်မည်ဖြစ်ပါတယ်။
အတ်တလန်တီကို အသင်းအနေနဲ့ ဇယားထိပ်ဆုံးမှဦးဆောင်နေတဲ့ ဘာစီလိုနာနှင့် (၁၃) မှတ်အကွာ အဆင့် (၆) နေရာတွင် ရပ်တည်လျက်ရှိပါတယ်။