တူရကီအေးဂျင့်တစ်ဦးက အောင်ကောင်းမာန်ကို တူရကီကလပ်အသင်းများတွင် လာရောက်ကစားရန် ဆက်သွယ်မူများပြုလုပ်နေကြောင်း Eleven ရဲ့ဖော်ပြချက်အရသိရပါတယ်။ အဆိုပါ မြန်မာအသင်းတိုက်စစ်မူးဟာ လောလောဆယ်ထိုင်းလိဂ်-၁ ကလပ် Trat အသင်းတွင် သွားရောက်လျက်ရှိပါတယ်။

Source: The Myanmar Time

အောင်ကောင်းမာန်ဟာ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတစ်ခုဖြစ်တဲ့ ဧရာဝတီယူနိုက်တတ်မှ ထိုင်းလိဂ်-၁ ကလပ် Trat ကစားခဲ့တာဖြစ်ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ အောင်ကောင်းမာန်ရဲ့ ခြေစွမ်းကိုနှစ်သက်သဘောကျတဲ့ တူရကီအေးဂျင့်တစ်ဦးက တူရကီကလပ်အသင်းများကစားနိုင်ရန် ချိတ်ဆက်မူများ ပြုလုပ်နေကြောင်းသိရပါတယ်။

Source: YouTube

အောင်ကောင်းမာန်အသင်းသည် ထိုင်းကလပ် Trat အသင်းတွင် ရာသီအစ (၄)ပွဲစလုံး ပါဝင်ကစားခွင့်ရထားပြီး ပထမ(၂)ပွဲတွင် လူစားဝင်ကစားခဲ့ရကာ နောက်(၂)ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

Source: YouTube

အောင်ကောင်းမာန်သည် ပြီးခဲ့သည့်နှစ်တွင် ခြေစွမ်းပိုင်း သိသိသာသာတိုးတက်လာသူဖြစ်ပြီး ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ ကြေးတံဆိပ်ဆုရ မြန်မာ ယူ-၂၂ အသင်း၏ အဓိကကစားသမားအဖြစ်လည်း ပါဝင်ကစားခဲ့သည်။