ONE Championship ရဲ့ မစ်ဒယ်ဝိတ် ချန်ပီယံ၊ လိုက်​ဟဲဗီးဝိတ်​ ချန်​ပီယံ ​အောင်​လအန်​ဆန်​ဟာ လာမယ်​ ဧပြီလ ၁၀ ရက်နေ့တွင် အင်​ဒိုနီးရှားနိုင်​ငံ ဂျကာတာမြို့မှာ ရုရှားနိုင်​ငံသား Vitaly Bigdash  နဲ့ ချန်​ပီယံခါးပတ်​ကာကွယ်​ပွဲ ထိုးသတ်​မယ်​လို့ One Championship ရဲ့ က အတည်​ပြု ပြောကြားခဲ့ပါတယ်။

Source: One Championship

မြန်မာ့စပါးကြီးမြွေ ​အောင်​လအန်​ဆန်​ဟာ ဗစ်​တာလီဘစ်​ဒက်​ရှ်​နဲ့ ၂ ပွဲထိုးသတ်​ခဲ့ဖူးပြီး တစ်​ပွဲရှုံး၊ တစ်​ပွဲနိုင်​ရလဒ်​ ရရှိထားပါတယ်။ ​အောင်​လအန်​ဆန်​ဟာ Vitaly Bigdash နဲ့နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲမှာ အနိုင်​ယူခဲ့ပြီး Bigdash ရဲ့ မစ်​ဒယ်​ဝိတ်​တန်း ချန်​ပီယံခါးပတ်​ကို လွှဲ​ပြောင်းထားနိူင်ခဲ့ပါတယ်။

Vitaly Bigdash ကိုယ်ရေးအကျဉ်း

Source: One Championship

နိူင်ငံသား – ရုရှား

အသက် – ၃၅ နှစ်

အလေးချိန် – ၁၈၅ ပေါင်

အရပ် – ၆ ပေ

ထိုးသတ်သည့်ဝိတ်တန်း – မစ်​ဒယ်​ဝိတ်​တန်း

ထိုးသတ်ခဲ့သည့်ပွဲပေါင်း ၁၂ ပွဲ (၁၀ ပွဲနိူင်၊ ၂ ပွဲရှုံး)

အောင်လအန်ဆန်

Source: Asian Persuasion MMA

နိူင်ငံသား – မြန်မာ၊ အမေရီကန်

အသက် – ၃၄ နှစ်

အလေးချိန် – ၂၁၉ ပေါင်

အရပ် – ၆ ပေ ၁ လက်မ

ထိုးသတ်သည့်ဝိတ်တန်း – မစ်​ဒယ်​ဝိတ်​တန်း၊ လိုက်ဟဲးဗီးဝတ်တန်း

ထိုးသတ်ခဲ့သည့်ပွဲပေါင်း ၃၇ ပွဲ (၂၆ ပွဲနိူင်၊ ၂၀ ပွဲရှုံး၊ ၁ ပွဲ ရေတွက်ခြင်းမရှိ)