ONE Championship လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်ဟာ Covid-19 ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သူ့ရဲ့ လူမူကွန်ယက်စာမျက်နှာပေါ်မှာ အသိပေးသွားခဲ့ပါတယ်။ သူဟာ တနင်္လာနေ့က ရောဂါစစ်ဆေးမှုကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီနေ့မှာ ရောဂါပိုးတွေ့ရှိတဲ့ဆေးစစ်ချက်အဖြေထွက်လာတာပါ။

Source: Reddit

“ချစ်ခင်ရပါသောမိသားစုဝင်များနှင့်မိတ်ဆွေသူငယ်ချင်းများခင်ဗျာ၊ကျွန်တော်တနင်္လာနေ့တုန်းကကိုဗစ်-၁၉ စစ်ဆေးမှုလုပ်ဆောင်ခဲ့ပြီးဒီနေ့မှာတော့ ကျွန်တော်ဆီမှာကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေထွက်လာပါတယ်။ဒါကြောင့်ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကွာရန်တင်း၁၄ရက်နေထိုင်ရတော့မှာဖြစ်ပါတယ်။

နေထိုင်မကောင်းစဖြစ်တဲ့ပထမနှစ်ရက်မှာတော့ အဖျားရှိတာ၊အသက်ရှုရကြပ်တာ၊ကိုယ်လက်ကိုက်ခဲတာနဲ့မောပန်းတာတွေခံစားခဲ့ရပါတယ်။ဒါပေမယ့်ကျွန်တော့်မိသားစုဝင်တွေ ကတော့နေထိုင်ကောင်းပြီးကောင်းမွန်စွာအဆင်ပြေနေတဲ့ ကောင်းကြီးခံစားရပါတယ်။ ကျွန်တော်တို့ဒီအခြေအနေကို အတူတကွအကောင်းဆုံးရင်ဆိုင်ပြီး၊ ကျွန်တော်တို့ရင်ဆိုင်ကျော်လွှားသွားနိုင်မှာပါ။” ဟုသူ့ရဲ့ ဖေ့စ်ဘွက် အကောင့်မှာရေးသားထားပါတယ်။

Source: South China Morning Post

ကိုဗစ်-၁၉ ရောဂါလက္ခာတွေခံစားခဲ့ရကြောင်းနဲ့ သူ့ရဲ့မိသားစုကတော့ နေထိုင်ကောင်းမွန်တဲ့ အကြောင်းလည်း အောင်လအန်ဆန်က ပြောသွားခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ရွှေခါးပတ်လုပွဲအဖြစ် ပြိုင်ဘက်ဟောင်း  ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ချ်ဒက်နဲ့ ပြန်လည်ထိုးသတ်ဖို့ရှိရာမှာ Covid-19 ရောဂါကပ်ဘေးကြောင့် ပွဲကိုရွေ့ဆိုင်းထားခဲ့ရတာပါ။

Source: South China Morning Postt1

အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့  အောင်လအန်ဆန်ဟာ  Covid ကပ်ဘေးကာလအတွင်း အားကစားရုံကို မသွားဘဲ နေအိမ်ခြံဝင်းထဲမှာ ပုံမှန်လေ့ကျင့်နေတာလည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး ရောဂါအတည်ပြုလူနာပေါင်း (၂) သန်း ၈သိန်း ကျော်ရှိကြောင်း သိရပါတယ်။

အောင်လအန်ဆန်လည်း COVID-19 ရောဂါပိုးကို တွန်းလှန်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။