မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်ဟာ World MMA Awards 2019 ဆုပေးပွဲမှာ နိုင်ငံတကာ အကောင်းဆုံးဖိုက်တာဆုကို MMA ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့ပါတယ် ။

Source: Shwe Likes

အဆိုပါ World MMA Awards 2019 ဆုပေးပွဲကြီးကို ဇူလိုင် ၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ လတ်ဗေးဂက်စ်၌ ဗြိတိန်နိုင်ငံအခြေစိုက် Fighters Only မဂ္ဂဇင်းက ကြီးမှူးကျင်းပခဲ့ တာပါ။အောင်လအန်ဆန်ဟာ တစ်နှစ်တာ နိုင်ငံတကာ အကောင်းဆုံး အားကစားဆုကို MMA ရုရှားနိုင်ငံသား ခါဘစ်၊ UFC ဖိုက်တာ အူစမန်အာဒေးဆန်ညာ နဲ့ Bellator ဖိုက်တာ မူဆာဆီတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ်။

Source: Khurauah Har News

ဒါ့အပြင် အောင်လအန်ဆန်ဟာ တစ်နှစ်တာ အကောင်းဆုံးဖိုက်တာဆု ဆန်ကာတင်စာရင်းမှာ Khabib Nurmagomedov, Gegard Mousasi, Dustin Poirier, Daniel Cormier တို့နဲ့ အတူပါဝင်ခဲ့ပါသေးတယ်။ တစ်နှစ်တာ အကောင်းဆုံးဖိုက်တာဆုကိုတော့ အမေရိကန်နိုင်ငံသား UFC ဖိုက်တာ Daniel Cormier ကရရှိသွားခဲ့ပါတယ်။အဆိုပါ ဆုပေးပွဲတွင် ဆုအမျိုးအစားပေါင်း ၂၂ ဆု ချီးမြှင့်ခဲ့သည်။