စူပါဟီးရိုးပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ Avengers: Endgame ကတော့ ဧပြီ ၂၆ ရက်နေ့ကတည်းက ရုံတင်ပြသနေပါပြီ။ ကြည့်ရှုချင်သူ Marvel ပရိသတ်တွေကလည်း သူ့ထက်ငါ အရင်ဦးအောင် ကြည့်ချင်ဇောနဲ့ ကြိုတင်လက်မှတ်တွေကိုလည်း အပြေးအလွှားဝယ်ယူနေကြတာ မျက်မြင်ပါပဲနော်။

Source: arstechnica.com

အမှတ်ရစရာတစ်ခုကတော့ မနှစ်ကလည်း ဒီအချိန်လောက်မှာပဲ Avengers: Infinity War ရုံတင်ခဲ့တာပါ။ ပရိသတ်တွေ End Game ကို စောင့်မျှော်နေခဲ့ရတာ တစ်နှစ်တိတိကြာသွားခဲ့ပါပြီ။ နောက်ထပ် အမှတ်ရစရာ ဝမ်းနည်းစရာတစ်ခုကတော့ Marvel Comic တွေကို ရေးသားတဲ့ စာရေးဆရာ Stan Lee က ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ဆုံးပါးသွားခဲ့တဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။ Marvel ဖန်တွေကလည်း Stan Lee ရဲ့ ကြွေလွှင့်မှုကြောင့် ဝမ်းနည်းမဆုံး နှမြောတသဖြစ်နေကြတာပါ။ အခုဆိုရင်လည်း ပရိသတ်တွေရင်ထဲမှာ ကိန်းအောင်းနေတဲ့ Marvel Universe ထဲက စူပါဟီးရိုးတွေကို Endgame ထဲမှာ စုစည်းထားပြီး တကယ့်အဆုံးသတ်ဂိမ်းလုပ်လိုက်တော့မှာလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Source: forbes.com

Infinity War မှာတုန်းက Thanos ရဲ့ လက်ဖျောက်တစ်ချက်ကြောင့် သက်ရှိလူသားတစ်ဝက် အမှုန်ဘဝရောက်သွားကြတာ အားလုံးအသိပါပဲနော်။ Tony Stark တစ်ယောက်လည်း အာကာသဟင်းလင်ပြင်ကြီးထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့တာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ Avengers: Endgame ထဲမှာတော့ Tony တစ်ယောက် အာကာသထဲမှာ စားစာရာမရှိ၊ ရေမရှိနဲ့ အစာရေစာပြတ်လပ်နေပြီး အောက်ဆီဂျင်ပမာဏလည်း တဖြည်းဖြည်းလျော့နည်းလာတာကြောင့်  Pepper Potts ထံ မက်ဆေ့ခ်ျလှမ်းပို့ခဲ့ပါတယ်။

အမှုန်ဖြစ်မသွားဘဲ ကျန်ရှိနေတဲ့ Avengers တွေဖြစ်တဲ့ Thor ၊ Black Widow ၊ Captain America နဲ့ Bruce Banner တို့က ပျောက်ဆုံးသွားတဲ့ စူပါဟီးရိုးတွေနဲ့ အခြားသက်ရှိလူသားတွေကို ဘယ်လိုပြန်ကယ်တင်ရမလဲ၊ Thanos ကို ဘယ်လိုနှိမ်နင်းရမလဲဆိုတာ ခေါင်းချင်းဆိုင် အဖြေရှာရင်း ကြိုးစားအားထုတ်နေကြတာကို Endgame ထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ စူပါဟီးရိုးအားလုံး အသက်အန္တရာယ် ကင်းကင်းရှင်းရှင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုရော မသိချင်ကြဘူးလား။

Source: inverse.com

စူပါဟီးရိုးဖန်တွေ အချင်းချင်းကလည်း ကြည့်ပြီးတဲ့သူတွေက ဘယ်သူဘာဖြစ်သွားတယ်ဆိုတာကို Spoiler မလုပ်ကြေးဆိုပြီး အကဲဆတ်နေကြတာလည်း အားလုံးမျက်မြင်ပါပဲ။ ဒါ့ကြောင့် တခြားသူတွေ လာ Spoil တာ မခံရခင် မြန်မြန်သွားကြည့်လိုက်ကြတော့နော်။

Source: Marvel Entertainment

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Nay Pyi Taw Cinema, Mingalar Dagon Centre (II), Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)