ပရိတ်သတ်အားလုံးပဲ မင်္ဂလာပါ။ Avicii လို့ပြောလိုက်ရင်ကို EDM ပရိတ်သတ်တွေအပြင် အခြားတေးဂီတချစ်သူတွေလည်း အားလုံးသိကြတဲ့ အနုပညာရှင်ကောင်းတစ်ဦးဆိုတာကို သိကြမှာပါ။

အသက် ၁၆ နှစ်အရွယ်ကတည်း Remix တွေကို ဖန်တီးပြုလုပ်ရင်းနဲ့ ၂၀၁၁ ခုနှစ်ရောက်တဲ့အခါမှာတော့ Levels ဆိုတဲ့သီချင်းတစ်ပုဒ်နဲ့ အောင်မြင်မှုကို ရရှိခဲ့ပါတယ်။

Source: Rolling Stone

ပထမဦးဆုံးသော စတူဒီယိုအယ်လ်ဘမ် True ဟာဆိုရင်လည်း နိုင်ငံပေါင်း ၁၅ နိုင်ငံနဲ့အထက်ရဲ့ နံပါတ် ၁၀ စာရင်းထဲမှာ ပါဝင်ခဲ့ပြီး Wake Me Up ဆိုတဲ့ သီချင်းဟာဆိုရင်တော့ ဥရောပဈေးကွက်ထဲမှာ ထိပ်ဆုံးအဆင့်ကို ပေါက်ရောက်ခဲ့ပါတယ်။

အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုကိုပိုင်ဆိုင်ထားတဲ့ Avicii ဟာ ကျန်းမာရေးအခြေအနေကြောင့် ၂၀၁၆ ခုနှစ်မှာ ခေတ္တအနားယူခဲ့ပြီး နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့မှုတွေကို ခံခဲ့ရပါတယ်။

Source: EDM Sauce

၂၀၁၈ ခုနှစ် ဧပြီလရောက်သည့်အခါမှာတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ Avicii ရဲ့ ဝမ်းနည်းစရာသတင်းထွက်ပေါ်လာခဲ့ပြီး သူ၏မွေးရပ်မြေမှာပဲ မြေမြုပ်ခဲ့ပါတယ်။

အနုပညာလောက ကနေ အစောကြီး ကြွေလွင့်သွားခဲ့ပြီဆိုပေမယ့်လည်း ယနေ့ထက်ထိတိုင်အောင် မမေ့ပျောက်နိုင်သေးတဲ့ Avicii ရဲ့ သီချင်းကောင်းတွေက ဆက်လက်ရပ်တည်နေဆဲဖြစ်တာကြောင့် Avicii ရဲ့ ချစ်ပရိတ်သတ်များအတွက် ဖော်ပြပေးလိုက်ရပါတယ်။

10. Avicii – “Street Dancer”

Source: Superstar Music

9. Avicii – “My Feelings For You” feat. Sebastian Drums

Source: Ultra Music

8. Avicii – “Without You” feat. Sandro Cavazza

https://youtu.be/rXZzsvPFV6A

Source: Chill Network

7. Avicii – “Hey Brother”

Source: Avicii

6. Tim Berg – “Seek Bromance”

Source: datarecordsuk

5. Avicii – “Silhouettes”

Source: Avicii

4. Avicii – “I Could Be The One” feat. Nicky Romero

Source: Avicii

3. Avicii – “Fade Into Darkness”

Source: futuredatarecords

2. Avicii – “Wake Me Up”

Source: Avicii

1. Avicii – “Levels”

Source: Avicii

Credit: www.billboard.com

Featured Image Source: NME.com