လေထု ညစ်ညမ်းမှု၊ ဖုန်မှုန့်နှင့် အညစ်အကြေးများနဲ့ ထိတွေ့မှုများခြင်း၊ နေလောင်ဒဏ်၊ အိပ်ရေးပျက်ခြင်း၊ အဆီအဆိမ့်နှင့်အစပ် လွန်ကဲသောအစားအစာများ စားသုံးခြင်းတို့ကြောင့် မျက်နှာပေါ်တွင် ဝက်ခြံများပေါက်ခြင်း၊ အမဲစက်များဖြစ်ခြင်း၊ အရေးအကြောင်းနှင့် ပါးရေတွန့်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

အသားအရေပျက်စီးကြမ်းတမ်းလို့ စိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက် ထောပတ်သီးက ကူညီဖြေရှင်းပေးနိုင်ပါတယ်။

ပြုလုပ်ရမယ့်နည်းလမ်းကတော့ လွယ်လွယ်လေးပါပဲ။ ပါဝင်ပစ္စည်းများသည်လည်း အလွယ်တကူရှာဝယ်နိုင်တဲ့အတွက်ကြောင့် သင့်အိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်ပါတယ်။

နည်းလမ်း (၁)

avocado face mask for men

Source: Experiencelife.lifetime.life

ထောပတ်သီးမှည့် တစ်ခြမ်းကို ခက်ရင်းဖြင့် အနှစ်များရအောင် ချေမွလိုက်ပါ။ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေနွေးပူ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ပျားရည်အရောအနှောနှင့် ထောပတ်သီးအနှစ်တို့ကို သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့ အနှစ်များကို မျက်နှာပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။

၁၀ မိနစ်ခန့်ကြာမှ ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။

နည်းလမ်း (၂)

avocado face mask for men

Photo Source: Pinterest.com

ထောပတ်သီးမှည့် လေးစိတ် တစ်စိတ်ကို ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်ဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပြင်ပေါ်တွင် ညီညီညာညာသုတ်လိမ်းလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့်ကြာမှ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။

ဒီနည်းလမ်းကတော့ အသားအရေခြောက်သွေ့သူများနှင့် ဝက်ခြံသမားများအတွက် အထူးကောင်းမွန်ပါတယ်။

နည်းလမ်း (၃)

avocado face mask for men

Photo Source: Liezljayne.com

ထောပတ်သီးမှည့် ၁ လုံး၊ ငှက်ပျောသီး ၁ လုံးနှင့် ကြက်ဥ အနှစ် ၁ လုံးတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက်မျက်နှာပေါ်တွင် ညီညီညာညာသုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ကြာမှ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။

ဒီပေါင်းတင်နည်းကတော့ မျက်နှာအဆီပြန်သူများအတွက် အထူးသင့်တော်ပါတယ်။

Source: Experiencelife.lifetime.life