Gym ကစားတဲ့သူတွေ အကြုံများတာ တစ်ခုက အားကစားလုပ်ပြီး’ဒဏ်’ ဖြစ်လာတာပါပဲ။ အရိုးအဆစ်တွေ ကိုက်ခဲတာ ၊ ကြွက်သားတွေ နာကျင်ပြီး မလှုပ်နိုင်အောင် ဖြစ်တာ နဲ့ ညောင်းညာပင်ပန်းတာမျိုးပေါ့။
Workout လုပ်ပြီး ခန္ဓာကိုယ်မှာ ဒဏ်မဖြစ်အောင် သတိပြုရမယ့် အချက်တွေ ရှိပါတယ်။ အခုပြောမယ့် အချက် ၃ ချက်ကတော့ အခြေခံအကျဆုံးနဲ့ လုပ်လေ့ရှိတဲ့ အမှားအများဆုံးအချက်တွေ ဖြစ်ပါတယ်။
(၁) Overtraining
Photo: Freepik
Gym ကစားတဲ့ အကြိမ်ရေများတိုင်း ကြွက်သားတွေ တက်လာတယ်လို့ ပြောလို့ မရပါဘူး။ လုပ်သင့်တာထက် ပိုပြီး လေ့ကျင့်မိတာပဲ ဖြစ်နိုင်ပါတယ်။ တစ်နေ့နှစ်ကြိမ် Gym သွားတာတို့ ၊ တစ်ပတ်ကို ၆ ရက် ၇ ရက်စလုံး အားကစားလုပ်နေမိတာတို့ကိုတော့ Overtraining စာရင်းမှာ ထည့်ရမှာပါ။
အားကစားလုပ်ပြီး အနားမယူမိတာမျိုးဟာ ကြွက်သားကြီးထွားမှုအတွက်လည်း မကောင်းသလို ထိခိုက်ဒဏ်ရာရလာတာပဲ အဖတ်တင်ပါလိမ့်မယ်။ အလွန်အကျွံ အားကစားလုပ်တာဟာ ကြွက်သားတွေ ကြံ့ခိုင်သန်မာလာမယ့်အစား ရေရှည်ထိခိုက်ဒဏ်ရာရတဲ့အဆင့်အထိ ဖြစ်နိုင်ပါတယ်။
(၂) ရေဓါတ်ခမ်းခြောက်ခြင်း
Photo: Freepik
ရေဓါတ်မပြည့်ရင် Gym ရုံရောက်မှ သိပါလိမ့်မယ်။ ကြွက်သားတွေက အားမရှိသလို ဖြစ်နေမယ်။ ခဏလေးနဲ့ မောပန်းလွယ်မယ်။ အားကစားလုပ်လို့လည်း မကောင်းဘဲ နုံးခွေနေပါလိမ့်မယ်။ ဒါကြောင့် တစ်နေ့တာလုံး ရေဓါတ်ပြည့်နေစေဖို့ ဂရုစိုက်ပါ။ မဟုတ်ရင် ကစားထားတာတွေ အလကား ဖြစ်သွားနိုင်ပါတယ်။
(၃) အိပ်ရေးပျက်ခြင်း
Photo: Freepik
အိပ်စက်ခြင်းကနေ Glycogen ထုတ်ပေးပါတယ်။ Glycogen မလုံလောက်သူဟာ ကြွက်သားကြီးထွားမှု ကျဆင်းနိုင်ခြေ မြင့်ပါတယ်။ အားကစားလုပ်တဲ့သူဟာ အနားယူနည်းမှာလည်း စနစ်ကျဖို့ လိုပါတယ်။ အကောင်းဆုံးက တစ်နေ့ကို ၈ နာရီခွဲအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူဖို့ အကြံပြုချင်ပါတယ်။
ဒါတွေကတော့ Workout လုပ်မယ်ဆိုရင် မလုပ်သင့်တဲ့ ရှောင်ကြဉ်ရမယ့် အမှားတွေ ဖြစ်ပါတယ်။ ဒီအမှားတွေကို ရှောင်ရှားသွားမယ်ဆိုရင် အားကစားလုပ်လို့ ကြွက်သားတွေ နာကျင်ကိုက်ခဲမှုကို လျှော့ချနိုင်မှာပါ။