အဝတ်အစားဟာ လူရဲ့ စရိုက်ကို ပြတယ်လို့ အဆိုရှိပါတယ်။ တစ်ခါတလေမှာ အဝတ်အစားမတတ်တာကြောင့် ကိုယ့်ရဲ့ Impression ပါ ကျဆင်းသွားရတဲ့ အခြေအနေတွေ ရှိပါတယ်။ ဒါကြောင့် အဝတ်အစားဝတ်ရာမှာ သတိထားရမယ့် ဖက်ရှင်အမှားလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

အဝတ်အစား ဝတ်ရာမှာ သတိထားရမယ့်အခြေခံအချက်က အရောင်တွေ ဖြစ်ပါတယ်။ အရောင်တွေက လူတစ်ယောက်ကို ထူးခြားပြောင်းလဲစေနိုင်စွမ်း ရှိပါတယ်။ ကာလာဟာမိုနီဖြစ်ခြင်းဟာ လူကို အသွင်ဆန်းပြီး အမြင်တင့်စေပါတယ်။ ဖက်ရှင်လောကမှာတော့ အရောင်တွေကို လှလှပပတွဲစပ်ဖို့ Color Wheel လို့ ခေါ်ကြတဲ့ ပုံစံချပ်ကို သုံးပါတယ်။

Photo: thetrentonline

အခြေခံ RYB ကာလာမော်ဒယ်ဖြစ်တဲ့ အနီ ၊ အဝါနဲ့ အပြာကနေ ဆင့်ပွားအရောင်တွေနဲ့ ကြားရောင်တွေ ပြန်ဖောက်တာ ဖြစ်ပါတယ်။ Color Wheel မသိရင်တောင် ကာလာအပြင်းအပျော့ကို လိုက်ဖက်အောင် ဆင်တတ်ရင် ကြည့်ကောင်းမှာ ဖြစ်ပါတယ်။ အရောင်ဟပ်တာချင်းရွေးမလား ၊ အရောင်မှိုင်နဲ့ အရောင်တောက် ဆန့်ကျင်ဘက်ကာလာစပ်တွေ ရွေးဝတ်မလားဆိုတာကတော့ လူတစ်ယောက်ချင်းစီနဲ့ ဆိုင်ပါတယ်။

ယောင်္ကျားလေးတစ်ယောက်အတွက် ကြားရောင် Neutral Colors စပ်တွေ ဝတ်တာ ပိုကောင်းပါတယ်။ Denim Jean ဖက်ရှင်ဆိုရင် Neutral Color မျိုး ရွေးသင့်ပါတယ်။ Jeans ဘောင်းဘီနဲ့ Denim Jacket တွဲဝတ်မယ်ဆိုရင် ဘောင်းဘီကို Light-Wash အဖျော့ရောင်ရွေးသင့်ပြီး ဂျက်ကတ်ကို Mid-Wash အရောင်ခပ်စိုစိုဖြစ်ဖို့ သတိထားသင့်ပါတယ်။

အဝတ်အစားဝတ်မယ်ဆိုရင် အရေးကြီးတာက ကိုယ့်ကိုယ်လုံးကိုယ်ပေါက်နဲ့ လိုက်ဖက်တာမျိုးပဲ ဝတ်ဖို့ ဖြစ်ပါတယ်။ ကိုယ်နဲ့ Fit မဖြစ်တဲ့ အဝတ်အစားတွေ ၊ Oversize ဖြစ်နေတဲ့ Suits နဲ့ Shirts တွေ ရှောင်ပါ။ သိပ်ကျပ်နေတဲ့ ဘောင်းဘီ ၊ အင်္ကျီမျိုးကလည်း ကိုယ့်အတွက် မဟုတ်ဘူးဆိုတာ သိထားပါ။

Photo: fashionista

အဝတ်အစားဒီဇိုင်းအနေနဲ့ ပြောချင်တာက လိုဂိုနဲ့ Slogan စာသားထင်းထင်းကြီးတွေ ပါတဲ့ ဖက်ရှင်မျိုး ရှောင်ပါ။ ဒါက ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုကို တန်ဖိုးကျစေနိုင်လို့ ဖြစ်ပါတယ်။ နောက်တစ်ချက်က အားကစားဝတ်စုံတွေနဲ့ ညအိပ်ဝတ်စုံတွေကို Gym ခန်းနဲ့ အိပ်ရာမှာပဲ ဝတ်ပါ။ အပြင်ထွက်ချိန်မှာ အားကစားဝတ်စုံကြီးပဲ ပုံမှန်ဝတ်ဖြစ်တာမျိုး မလုပ်ပါနဲ့။ ဒါဆိုရင်တော့ တော်တော်တန်တန် ဖက်ရှင်အမှားတွေ ရှောင်ရှားနိုင်ပါလိမ့်မယ်။