အောင်မြင်ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်မျိုးလူတိုင်းမှာရှိကြမှာပါ။ အောင်မြင်ချင်တယ် ချမ်းသာချင်တယ်ဆန္ဒရှိပြီး ကိုယ်တိုင်မကြိုးစားရင်တော့ စိတ်ကူးသက်သက်သာဖြစ်နေပါလိမ့်မယ်။ ဒီနေ့မှာတော့ အောင်မြင်တဲ့ လူတစ်ယောက်တစ်ယောက်ဖြစ်ချင်ရင် သတိထားရှောင်ကျဉ်ရမယ့်အရာတွေကိုမျှဝေပေးချင်ပါတယ်။

(၁) ရည်မှန်းချက်ပျောက်သွားခြင်း

Source : Freepik

ဘဝမှာအောင်မြင်ချင်တယ်ဆိုရင် ရည်မှန်းချက်တွေပျောက်သွားလို့မရပါဘူး။ ကိုယ့်ရဲ့ရည်မှန်းချက်ကို ခိုင်ခိုင်မာမာချမှတ်ပြီး အမြဲတစေရည်မှန်းချက်ပြည့်ဝဖို့ကြိုးစားရမှာဖြစ်ပါတယ်။ စိတ်ဓာတ်ကျစရာတွေ အခက်အခဲတွေနဲ့ ကြုံလာရပါစေ ကိုယ်ရဲ့ ရည်မှန်းချက်ကိုခိုင်ခိုင်မာမာဆုပ်ကိုင်ပြီး ယုံယုံကြည်ကြည်နဲ့ ရှေ့ဆက်လုပ်ဆောင်ပါ။

(၂) အဆိုးမြင်စိတ်များခြင်း

Source : Adobe Stock

အောင်မြင်နေတဲ့ လူတိုင်းဟာ အပြုသဘောဆောင်တဲ့ အကောင်းမြင်ဝါဒကိုမွေးမြူထားကြသူတွေပါ။ လူတစ်ယောက်ဟာ အဆိုးမြင်စိတ်တွေများလာရင် ကိုယ်ရဲ့ အောင်မြင်မှုတက်လမ်းတွေပိတ်ပင်သွားတက်ပါတယ်။ ဒါကြောင့် အောင်မြင်ချင်ရင် အဆိုးမြင်စိတ်တွေကိုအတက်နိုင်ဆုံးလျော့ချထားသင့်ပါတယ်။

(၃) ဘဝဟန်ချက်မညီခြင်း

Source : iStock

အောင်မြင်မှုနောက်ကိုပဲ ပြေးလိုက်နေရင် ကိုယ့်ဘဝရဲ့ ဟန်ချက်ညီမှုတွေယို့ယွင်းလာနိုင်ပါတယ်။ အောင်မြင်မှုရဖို့ကြိုးစားတာမှန်ပေမယ့် တစ်ဖက်မှာလည်း လူမှုရေး ကျန်းမာရေး စတဲ့အရာတွေကိုပါထည့်စားဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ အလုပ်တွေဖိလုပ်ပြီး တခြားဘက်မှာယို့ယွင်းချက်တွေရှိလာတဲ့အခါ အောင်မြင်မှုရဲ့ရလဒ်ကလည်း ပြည့်စုံနိုင်မှာမဟုတ်တော့ပါဘူး။

(၄) ကြောက်စိတ်များခြင်း

Source : Shakarasquare

အောင်မြင်မှုလိုချင်ရင် ကြောက်စိတ်တွေကိုအရင်ဆုံးဖယ်ရှားနိုင်ဖို့လိုပါလိမ့်မယ်။ ကိစ္စတစ်ခုကို အတွေးလွန်ပြီးကြောက်နေတာက မှန်ကန်တဲ့လုပ်ရပ်တစ်ခုမဟုတ်ပါဘူး။ ဒါကြောင့်သင့်ရဲ့အတွေးလွန်ခြင်းကမ္ဘာထဲကထထွက်ပြီး ရင်ဆိုင်ရမယ့်အရာတစ်ခုကိုရဲရဲကြီးသာရင်ဆိုင်ပါ။ ကြောက်စိတ်တွေက အောင်မြင်မှုကိုပိတ်ပင်မိတာကြောင့် ကြောက်စိတ်စိုးရိမ်မှုလွန်ကဲစိတ်တွေကို လျော့ချလိုက်ဖို့အကြံပြုချင်ပါတယ်။