ခေါင်းကိုက်ဝေဒနာဟာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ဖြစ်တက်ပါတယ်။ ခံစားချက်တွေ ရာသီဥတုနဲ့ဆေးဝါးတွေအပြင် တခြားနေထိုင်မှုပုံစံတွေကြောင့်လည်း ဖြစ်တက်ပါတယ်။ ဒီတစ်ခါက်မှာတော့ ခေါင်းကိုက်ဝေဒနာမခံစားရအောင် ရှောင်ရမယ့်အချက်တွေပြောပြပေးမှာပါ။

(၁) အရက်

Source : Discover Magazine

အရက်ကို ဆေးဖြစ်ဝါးဖြစ် မှီဝဲမယ်ဆိုရင် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ အရက်က  သွေးလည်ပတ်မှုတွေကို ကောင်းစေပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ ပမာဏအတွင်းသောက်မှ ကျန်းမာရေးကို အကျိုးပြုတာပါ။ အရမ်းအများကြီးသောက်လိုက်တဲ့အခါကျ အရက်မှာပါတဲ့ အဆိပ်အတောက်တွေကြောင့် ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။

အရက်က ရေဓာတ်ခမ်းခြောက်ခြင်းကိုလည်းဖြစ်စေတာကြောင့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ရှိတဲ့လူတွေဟာ ဝေဒနာကို ပိုပြီးခံစားရလေ့ရှိပါတယ်။ ဒါကြောင့် ခေါင်းကိုက်တတ်တဲ့သူတွေအနေနဲ့ အရက်မျိုးနွယ်ဝင်တွေဖြစ်တဲ့ ဝိုင်နီ၊ ဘီယာ၊ ဝီစကီ နဲ့ ရှန်ပိန်တို့ကို ရှောင်ကျဉ်ကြဖို့ အကြံပြုပါရစေ။

(၂) ကြာရှည်ခံအစားအစာများ

Source : Stockfresh

ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေမှာ  Nitrates and nitrites (ယမ်းစိမ်း) တွေ ပါဝင်ပါတယ်။ ဒါတွေက ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့ ဝေဒနာကို ကြောက်ရင် ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ စည်သွပ်ဘူးတွေ လျှော့စားသင့်ပါတယ်။

(၃) ကဖိန်းဓာတ်

Source : Verywell Mind

ကဖိန်းဓာတ် ပါဝင်တဲ့ ကော်ဖီ၊ ချောကလက်နဲ့ လက်ဖက်ရည်တို့ကို သင့်တော်တဲ့ ပမာဏသာ စားသောက်သင့်ပါတယ်။ အများကြီးသောက်မိတဲ့အခါကျ တန်ဆေး လွန်ဘေးဖြစ်သွားလို့ ခေါင်းမကြည်စေတဲ့အပြင် ခေါင်းကိုက်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။

(၄) အချိုမှုန့်

Source : The Manual

လူတွေက အချိုမှုန့်၊ အသားမှုန့်တွေကို စားသောက်ဖွယ်ရာတွေမှာ အရသာရှိအောင် ထည့်သွင်းအသုံးပြုကြပါတယ်။ ဒါပေမယ့် ဒီအချို့မှုန့်တွေက ကျန်းမာရေးအတွက်တော့ လုံးဝကိုအကျိုးမပြုပါဘူး။ အချိုမှုန့် များများစားလိုက်မိရင် ရေအရမ်းငတ်တာ၊ ခေါင်းတွေကိုက်တာ၊ ချွေးစေးတွေ ပြန်တာမျိုး ဖြစ်တက်ပါတယ်။