Avril Lavigne လို့ ပြောလိုက်တာနဲ့ Pop ၊ Rock ၊ Punk Rock နှင့် Alternative Rock အစရှိတဲ့ သီချင်း ကောင်းများကို သီဆိုတဲ့ အောင်မြင်ကျော်ကြားသော အဆိုတော်တစ်ယောက်ကို မြင်ယောင်မိကြပါလိမ့်မယ်။ Avril Lavigne သည် သီချင်း သီဆိုရာတွင် မကဘဲ သီချင်းများ ရေးစပ်သီကုံးရာမှာလည်း ပါရမီပါတဲ့အပြင် တူရိယာ အမျိုးအစား များစွာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။

သူ(မ)ရဲ့ နာမည်အပြည့်အစုံကတော့ Avril Ramona Lavigne ဖြစ်ပြီး ၁၉၈၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က ကနေဒါနိုင်ငံတွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။ ကနေဒါလူမျိုး အဆိုတော်တစ်ယောက်ဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်မှာပဲ ရေဒီယိုပြိုင်ပွဲမှာ အနိုင်ရရှိပြီးတဲ့နောက်မှာ ကမ္ဘာကျော် အဆိုတော် Shania Twain နှင့်အတူ စတိတ်စင်ပေါ်မှာ အတူတူ သီဆိုဖျော်ဖြေခွင့်ရခဲ့တာ ဖြစ်ပါတယ်။

Avril Lavigne သီချင်း

Photo: Ew

သူ(မ)သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသူတစ်ယောက်ဖြစ်ပြီး တစ်ချိန်ချိန်မှာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လာမယ်ဆိုတာကိုလည်း ယုံကြည်သူဖြစ်ပါတယ်။ သူ(မ) ယုံကြည်ထားတဲ့အတိုင်းပဲ သူ(မ) အသက် ၁၆ နှစ်အရွယ်မှာတော့ ဒေါ်လာ ၂ မီလီယံတန်သော စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ Let Go ဆိုတဲ့ သူ(မ)ရဲ့ ပထမဦးဆုံး အယ်လ်ဘမ် ထွက်ရှိလို့ လာခဲ့ပြီး ထွက်ထွက်ချင်းမှာပဲ ရောင်းအားအကောင်းဆုံးနှင့် လူကြိုက်အများဆုံးဖြစ်ခဲ့ပါတယ်။ ထိုအယ်လ်ဘမ်သည် သီချင်းခွေပေါင်း ၁၆ မီလီယံခန့် ရောင်းချခြင်းခံခဲ့ရပြီး ဂရမ်မီ ဆုပေးပွဲတွင် ဆုနှစ်ဆု လျာထားခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

Avril Lavigne ရဲ့ လူကြိုက်အများဆုံးနှင့် ယနေ့ထိတိုင် အောင်မြင်နေဆဲ သီချင်း ကောင်းများကို သူ(မ)ရဲ့ ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ရပါတယ်။

(၁၀) What The Hell

ဒီသီချင်းလေးကိုတော့ Avril Lavigne အပြင် Shellback ၊ Max Martin တို့က အတူတူတွဲကာ ရေးသားခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က ထွက်ရှိခဲ့တဲ့ သူ(မ)ရဲ့ Goodbye Lullaby ဆိုတဲ့ စတုတ္ထမြောက် စတူဒီယို အယ်လ်ဘမ်ထဲက လူကြိုက်အများဆုံး သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

(၉) Complicated

ဒီသီချင်းလေးကတော့ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး သီချင်းလေးရဲ့ MTV ရဲ့ အဆိုတော်ရဲ့ အသံပါဝါ၊ သီဆိုမှု ဟန်ပန်နှင့် အဓိပ္ပာယ် ပြည့်ဝတဲ့ သီချင်းစာသားများကြောင့် ဆုစာရင်းထဲတွင် ဇကာတင် (၇) ဆုခန့် လျာထားခြင်းခံရပြီးနောက် ဆုတံဆိပ် (၅) ဆု ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

(၈)  Sk8er Boi

ဒီသီချင်းလေးသည်လည်း Let Go ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်ပြီး ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Pop-Punk နှင့် Punk အမျိုးအစား သီချင်းတစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့် မြူးမြူးကြွကြွ သီချင်းကောင်းတစ်ပုဒ်ကို နားဆင်ချင်သူများအတွက် အကြိုက်တွေ့မယ့် သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၇) Keep Holding On

Source: Avril Lavigne

ဒီသီချင်းလေးကိုတော့ Lukasz Gottwald နဲ့ Avril Lavigne တို့က အတူတူရေးသားခဲ့တာဖြစ်ပါတယ်။ ပေါ့ပ်သီချင်းအမျိုးအစားဖြစ်ပြီး သီချင်းလေးရဲ့ အဓိပ္ပာယ်ကတော့ သူငယ်ချင်းကောင်းတွေ အကြောင်း ရေးဖွဲ့သီဆိုထားတာဖြစ်ပါတယ်။ သူငယ်ချင်းကောင်းတို့မည်သည် တစ်ယောက်နဲ့တစ်ယောက် အခက်အခဲ ဘယ်လောက်ပဲ ရှိနေပါစေ အခြားတစ်ယောက်ကို မျက်နှာလွှဲ ခဲပစ်ဖြင့် ပစ်ချသွားတာမဟုတ်ဘဲ အရေးအကြောင်းကို ကူညီတတ်ကြကြောင်း ရေးဖွဲ့ သီဆိုထားတာဖြစ်ပါတယ်။

(၆) Girlfriend

Avril Lavigne တစ်ယောက် ဒီ သီချင်း မှာတော့ ရည်းစားရှိပြီးသား ကောင်လေးတစ်ယောက်ကို ကြိုက်မိသွားတဲ့ ကောင်မလေးတစ်ယောက်နေရာကနေ သီဆိုပေးထားတာဖြစ်ပါတယ်။ ထိုကောင်လေးရဲ့ နှလုံးသားကို ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် အမျိုးမျိုး ကြိုးစားနေပြီး သူ့ရဲ့လက်ရှိကောင်မလေးထက် သူ(မ)ကိုသာ ရွေးချယ်သင့်ကြောင်း သီဆိုထားတာဖြစ်ပါတယ်။

(၅) When You’re Gone

ဒီသီချင်းလေးကတော့ အသည်းကွဲသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့သူကို ချစ်ပေမယ့်လည်း အခြေအနေအကြောင်းအရပ်အမျိုးမျိုးကြောင့် ထားခဲ့ရပုံကို ရေးဖွဲ့သီဆိုထားတာဖြစ်ပါတယ်။

(၄) Don’t Tell Me

ဒီသီချင်းလေးကတော့ သန်မာတဲ့သူတစ်ယောက်ဖြစ်အောင်၊ စိတ်ခွန်အားရအောင် သီဆိုထားတာဖြစ်ပါတယ်။

(၃) Nobody’s Home

ဒီသီချင်းလေးမှာတော့ သူ(မ)ရဲ့ သူငယ်ချင်းက အခက်အခဲတွေ ကြုံတွေ့နေရကြောင်း၊ သူ(မ)သည် သူ(မ)သူငယ်ချင်းအား ကူညီချင်ပေမယ့် မကူညီနိုင်တဲ့အတွက်ကြောင့် စိတ်ရှုပ်ထွေးနေရပုံကို သီဆိုထားတာဖြစ်ပါတယ်။

(၂) I’m With You

ဒီသီချင်းလေးကတော့ Avril Lavigne အပြင် အခြားသော သီချင်းရေးဆရာ သုံးယောက်တို့ ပူးပေါင်းကာ အတူတူ ရေးသားထားတာဖြစ်ပါတယ်။

(၁) My Happy Ending

ဒီသီချင်းလေးကတော့ Relationship တစ်ခုသည် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်ခဲ့ပေမယ့် ပျော်ပျော်ရွှင်ရွှင်ပဲ လမ်းခွဲလိုက်ကြောင်း သီဆိုထားတာဖြစ်ပါတယ်။

Source: Classicrockhistory

Featured Image: Avrillavigne