အရပ်ပုတာကို ဘယ်သူမှ ကြိုက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အရပ်ရှည်အောင် လုပ်လို့ရတဲ့ နည်းရယ်လို့လည်း လက်ညှိုးထိုး ပြောစရာက သိပ်မရှိလှပါဘူး။ ဒီတော့ အကောင်းဆုံးအကြံပေးချင်တာက အများအမြင်မှာ ထင်သလောက်မပုအောင် နေဖို့ပါပဲ။ ဒီနည်းလမ်းလေးတွေက သာမန်အရပ်အမောင်းပိုင်ရှင်တွေကို အရပ်ချက်ချင်း ရှည်သယောင် ထင်စေဖို့ ကူညီပေးပါလိမ့်မယ်။

အရင်ဆုံး ပြောချင်တာက Body Posture ဂရုစိုက်ဖို့ပါပဲ။ ခန္ဓာကိုယ်အနေအထားက သင့်ရှိရင်းစွဲ အရပ်အမောင်းကို ရှည်အောင် ပုအောင် လုပ်လို့ ရပါတယ်။ အဓိကအချက်ကတော့ ကိုယ်နေဟန်ထားနဲ့ အရပ်အမောင်းကို တစ်ခြားသူတွေအမြင်မှာ တတ်နိုင်သမျှ ဆွဲဆန့်ပြီး ရှည်တယ်လို့ ထင်မြင်စေဖို့ ဖြစ်ပါတယ်။

Source: easique

ဘယ်တော့မှ ခေါင်းငိုက်စိုက်ချပြီး လက်ပြင်ကုန်းကုန်းနဲ့ လမ်းမလျှောက်ပါနဲ့။ အလုပ်လုပ်ရင်ပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ အတူ ထိုင်ရင်ပဲ ဖြစ်ဖြစ် ခါးကို မတ်မတ်ထားပြီး ရင်ဖွင့်ထားတဲ့ ပုံစံနဲ့ နေပါ။ကိုယ်အနေအထားမှန်သူတွေဟာ ကြွက်သားနဲ့ အရိုးပို ကြံ့ခိုင်ပါတယ်။ အရပ်လည်း ပိုရှည်တယ်လို့ ထင်မှတ်သွားစေနိုင်ပါတယ်။

အရပ်ကို ပိုရှည်လာသယောင် ထင်စေရဖို့ သင့်ကိုယ်ခန္ဓာထက် ပွနေတဲ့ အဝတ်အစားမျိုး ဝတ်တာ ရှောင်ပါ။ Oversize တွေ ဝတ်တာက လူကို ပိုပုသလို ထင်သွားစေပါတယ်။ အဝတ်အစားကို ကိုယ်တိုင်းနဲ့ Fit ဖြစ်အောင် ချုပ်နိုင်ရင် ကောင်းပါတယ်။ Size မှန်တဲ့ အဝတ်အစားအပြင် T-Shirt ဝတ်မယ်ဆိုရင်လည်း လည်ဝိုက်ထက် V-Neck ဒီဇိုင်းတွေက အရပ်ပုသူတွေအတွက် အသင့်တော်ဆုံး ပါပဲ။

အကွက်အစင်းတွေ ဝတ်မယ်ဆိုရင် အစင်းကွက် သေးတဲ့ အင်္ကျီဝတ်ခြင်းက အရပ်အမောင်း ပိုရှည်တယ်ထင်ရအောင် ဆွဲဆန့်ပေးနိုင်ပြီး အရောင်အနေနဲ့ Dark Colors တွေ ဝတ်တာက လူကို ပိုသွယ်ပြီး အရပ််ရှည်တယ်လို့ မြင်စေပါတယ်။ ဒါ့ကြောင့် အရောင်ရင့်တဲ့ မီးခိုးမှိုင်းရောင် ၊ အညိုရောင်နဲ့ အပြာရင့်ရင့်တွေ ဝတ်သင့်ပါတယ်။

Photo: The Modest Man

အင်္ကျီကို လက်ရှည်ဝတ်တာမျိုးက ပိုကောင်းပါတယ်။ လက်မောင်းလက်ဆံတွေ ပိုရှည်တယ် ထင်စေဖို့ ဖြစ်ပါတယ်။ ဖိနပ်နဲ့ ဘောင်းဘီဟာ တစ်ရောင်တည်း ဖြစ်ရင် ပိုကောင်းပါတယ်။ ခြေချောင်းတွေ ရှည်လျားအားကောင်းတယ်လို့ ပုံပေါ်စေလို့ ဖြစ်ပါတယ်။ ဘယ်အဝတ်အစားပဲ ဝတ်ဝတ် အရောင်ကွဲတွေ တတ်နိုင်သမျှ လျှော့ဝတ်ပြီး Monochrome ဆန်ဆန် တစ်ရောင်တည်းမျိုးပဲ ဝတ်တာက အရပ်နိမ့်သူတွေအတွက် ပိုသင့်လျော်ပါတယ်။

နောက်ဆုံးတစ်ချက်က ဆံပင်ကို နည်းနည်းလည်း Height ဖြစ်အောင် ထားပါ။ ဆံပင်တိုဒီဇိုင်းက အရပ်ပုသူတွေနဲ့ သိပ်အဆင်မပြေပါဘူး။ ဆံပင်ကို ဘေးနည်းနည်း ပါပြီး အပေါ်ကို တစ်လက်မလောက် အရှည်ထားလိုက်တာနဲ့ အရပ်အမောင်းပါ ပြောင်းသွားတယ်လို့ ခံစားရစေမှာ ဖြစ်ပါတယ်။