အမျိုးသားအများစုက အရပ်ရှည်ရှည် ကိုယ်ခန္ဒာကိုယ်အချိုးအစားကျနတဲ့ပုံစံဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် အားကစားမလုပ်ခဲ့လို့ဖြစ်စေ မျိုးရိုးအရဖြစ်စေ အရပ်မရှည်တဲ့အမျိုးသားတွေလဲရှိနေတတ်ပါတယ်။ အခုပြောပြမှာကတော့ အရပ်ပုတဲ့ကွီးတွေအတွက် အဆင်ပြေစေမယ့်နည်းလမ်းလေးတွေပါ။ အောက်မှာဖတ်ကြည့်လိုက်ပါဦး။
(၁) အရပ်ရှည်ပုံပေါက်စေမယ့် နည်းလမ်းအတိုင်းမတ်မတ်ရပ်ပါ
ဒီအချက်ကတော့ အရပ်ပုတဲ့သူတွေသာမက အရပ်ရှည်တဲ့သူတွေပါမှားတတ်ကြတဲ့အချက်ပါ။ လူတယောက်အတွက် Body language လို့ခေါ်တဲ့ ခန္ဓာဗေဒဘာသာစကားက အရမ်းအရေးကြီးပါတယ်။ တကယ်တော့ခါးမတ်မတ်ထားပြီးထိုင်တာကအရပ်ရှည်တယ်လို့ထင်ရတဲ့ အဓိကနည်းလမ်းတခုပါ။ လမ်းလျှောက်တဲ့အခါမှာလဲ ပခုံးတွေကိုဖွင့်ထားပြီးခါးမတ်မတ်ထားလမ်းလျှောက်တာက သင့်ကိုပိုကြည့် ကောင်းစေပါတယ်။ ကိုယ့်ရဲ့ကိုယ်နေဟန်ထားကိုပြင်ဖို့ ကိုယ်လုံးပေါ်မှန်ရှေ့မှာလေ့ကျင့်သင့်ပါတယ်။
(၂) အိတ်များများပါတဲ့ အဝတ်အစားကိုရှောင်ပါ
အဝတ်အစားဝတ်တဲ့အခါ ရှောင်သင့်တဲ့အမှားတခုကတော့ ပွလွန်းတဲ့အဝတ်အစားတွေနဲ့ အိတ်အကြီးကြီးတွေ ပါတဲ့အဝတ်အစားတွေပဲဖြစ်ပါတယ်။ ဘာလို့ဆို ဒီအဝတ်အစားတွေကသင့်ကို အမှန်တကယ်လူကောင်ပိုသေး အောင်လုပ်နိုင်လို့ပါ။ သင့်အဝတ်ဗီဒိုထဲက အဝတ်တွေကိုပြန်ဝတ်ကြည့်ပြီး သင့်ခန္ဓာကိုယ်ထက် ပွလွန်းနေတာတွေကို အခုပဲဖယ်လိုက်ပါ။
(၃) မှန်ကန်တဲ့ အင်္ကျီဆိုဒ်ကိုပဲဝတ်ပါ
ရှပ်အင်္ကျီဝယ်တဲ့အခါ အင်္ကျီ ကသင့်ခါးထက် အရမ်းရှည်နေတာမျိုးကိုရှောင်ပါ။ ဒါက သင့်ခန္ဓာကိုယ်အောက် ပိုင်းကို ပိုတိုသွားစေတယ်ထင်ရပါတယ်။ အနည်းငယ်ခါးတိုတဲ့ရှပ်အင်္ကျီ ပုံစံက သင့်ခြေထောက်တွေကိုပေါ်လွင် စေပြီး အရပ်ရှည်တယ်ထင်ရစေပါတယ်။ ရှပ်အင်္ကျီလိုပဲတခြားတီရှပ်၊ ပိုလိုရှပ်၊ ဆွယ်တာ၊ ခေါင်းစွပ်အင်္ကျ ီတွေ ကို လဲ ဒီနည်းလမ်းအတိုင်းဝတ်ဆင်သင့်ပါတယ်။
(၄) V ပုံစံအင်္ကျ ီလည်ပင်းပုံက အဝိုင်းပုံထက် ပိုကောင်းတယ်
ဘာဖြစ်လို့လဲဆိုတော့ V ပုံစံအင်္ကျ ီလည်ပင်းပုံက လည်ပင်းကိုရှည်စေတဲ့အတွက် အရပ်ပိုရှည်တယ်ထင်ရလို့ပဲ ဖြစ်ပါတယ်။ ရှပ်အင်္ကျ ီတွေ ဆွယ်တာအင်္ကျ ီတွေဝတ်တဲ့အခါ V ပုံစံကိုစမ်းဝတ်ကြည့်ပါ။ ဒါပေမယ့် လည်ပင်း အဝိုင်းပုံ အင်္ကျ ီတွေကို လုံးဝမဝတ်ရတော့ဘူးလို့မဆိုလိုပါဘူး။ လိုအပ်တဲ့ဖက်ရှင်အတိုင်းဝတ်လို့ရပါတယ်။
(၅) လက်ရှည်ဝတ်ပါ
အရပ်ပုတဲ့ အမျိုးသားတွေဟာ ခြေတံလက်တံလဲတိုတတ်တဲ့အတွက် လက်တိုအင်္ကျီမျိုးဝတ်တာကိုရှောင်သင့် ပါတယ်။ လက်ရှည်တဲ့ ရှပ်အင်္ကျီ တွေက သင့်ခန္ဓာကိုယ်ပုံစံကိုပိုရှည်တယ်ထင်ရစေပါတယ်။ သင့်အနေနဲ့ စတိုင် ကျကျဝတ်ချင်တဲ့အခါ အင်္ကျီ လက်တွေကို တံတောင်ဆစ်နားအထိခေါက်ဝတ်လို့လဲရပါတယ်။ တကယ်လို့ အင်္ကျီ လက်တိုဝတ်မယ်ဆိုရင်တော့ အင်္ကျီလက်ကို ကြီးလွန်းတာ၊ ပွလွန်းတာမျိုးရှောင်ပါ။