Gym မှာ Member ဝင်စရာမလိုဘဲ ကိုယ့်အိမ်ထဲမှာတင် အားကစားလုပ်လို့ ရပါတယ်။ အချိန်လည်း သိပ်ပေးစရာမလိုဘဲ အိမ်တွင်းမှာပဲ ကစားလို့ရမယ့် ကစားနည်းတွေ ရှိပါတယ်။

(၁) ကြိုးခုန်

Photo: AskMen

ကြိုးခုန်လေ့ကျင့်ခန်းဟာ တစ်မိနစ်မှာ ကယ်လီရီ ၂၀ အထိ လောင်ကျွမ်းအောင် လုပ်ပေးနိုင်တဲ့ ကစားနည်း ဖြစ်ပါတယ်။ ကြိုးခုန်ကစားနည်းဟာ ကိုယ်လုံးကျစ်လျစ်ပြီး အဆီကျဖို့အတွက် တကယ်ကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကြိုးတစ်ချောင်း ရှိရုံနဲ့တင် ကစားနိုင်လို့ ဘာမှလည်း မခက်ခဲပါဘူး။

(၂) Weight Ball ကစားခြင်း

Photo: MensJournal

Weight Ball ကစားမှုက ပုံစံစုံပါတယ်။ ၆ ပေါင်ကနေ ၁၀ ပေါင်အထိ လေးတဲ့ Weight Ball လေးတစ်လုံး သုံးပြီး ကစားလို့ ရပါတယ်။ Belly ကစားသလိုမျိုး ကြမ်းပြင်ပေါ် တစ်ဝက်လှဲပြီး ဘောလုံးကို ကိုင်ထားလျက်နဲ့ ခါးကို ဘယ်ညာ လှည့်တာ ၊ လှဲလိုက် ထလိုက် လိုက်တာမျိုး လုပ်နိုင်ပါတယ်။ Weight Ball ကို လက်ဆန့်တန်းထား ကိုင်ပြီး ထိုင်ထလည်း လုပ်နိုင်ပါတယ်။

(၃) Plank

Photo: Ausin

Plank ထောက်ကစားမှုကတော့ လွယ်ပါတယ်။ ဟန်ချက်ညီပြီး ကိုယ်လုံးကိုယ်ပေါက် ကျစ်လျစ်လှပချင်ရင် ကစားပေးသင့်တဲ့ ကစားနည်းပါ။ Plank ထောက်တာနဲ့ ဒိုက်ထိုးတာဟာ အကူပစ္စည်း မလိုဘဲ ကစားနိုင်ပါတယ်။ ဘာပစ္စည်းအကူအညီမှ မလိုဘဲ ကစားနိုင်တဲ့ နောက်ထပ် အိမ်တွင်းလေ့ကျင့်ခန်းတစ်ခုက ယောဂဖြစ်ပါတယ်။

(၄) ယောဂ

Photo: USNews

ယောဂဟာ အသက်ရှုမှုနဲ့ လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ယောဂကျင့်သူဟာ အကြောအချဉ်တွေ ပျော့ပြောင်းပြီး ဖျတ်လတ်ပေါ့ပါးတဲ့ အကျိုး ရပါတယ်။ စိတ်ခံစားချက်လည်း ပိုကောင်းလာပြီး နေ့စဉ်လူမှုဘဝမှာပါ ငြိမ်းချမ်းကြည်လင်တဲ့ စိတ်အထာနဲ့ နေနိုင်တဲ့ အကျိုးပေးပါတယ်။