တက်တူးအကြီးကြီး ထိုးချင်တဲ့ ယောကျာ်းများအတွက် ကျောပြင်သည် တက်တူးအကြီးစားများ ထိုးလို့ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ တက်တူးအကြီးကြီး ထိုးမှာဖြစ်တဲ့အတွက်ကြောင့် သင်သည် အချိန်တော်တော်ကြာ အနာခံဖို့အတွက် သတ္တိကြိုမွေးထားဖို့တော့ လိုပါတယ်။

အခုမှ တက်တူးစထိုးမယ့် Beginner တက်တူးချစ်သူများအနေနဲ့ကတော့ တက်တူးအသေးစားဖြင့် အရင်ဆုံး စမ်းကြည့်သင့်ပါတယ်။ ပြီးမှသာ တဆင့်ချင်းစီတက်ပြီး ကျောပြင်ပေါ်မှာ တက်တူးအကြီးကြီး ရေးထိုးလိုက်ပါ။ မဟုတ်ရင် တက်တူးထိုးရတာ နာလို့ဆိုပြီး တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်တဲ့အခါ သင့်ရဲ့တက်တူးက မပြီးပြည့်စုံတဲ့အတွက်ကြောင့် ခမ်းနားကြီးကျယ်လှပမှုများ ပျောက်ကွယ်သွားပါလိမ့်မယ်။

back tattoos for men

တက်တူးချစ်သူများသည် သူတို့ရဲ့ကျောပြင်ပေါ်မှာ များသောအားဖြင့် နဂါးပုံတက်တူး၊ အရိုးခေါင်းပုံတက်တူး၊ သိမ်းငှက်ပုံတက်တူး၊ ဖီးနစ်ငှက်ပုံတက်တူး၊ ခြင်္သေ့ပုံတက်တူး အစရှိသည်တို့ကို အထိုးများကြပါတယ်။ သင့်အနေနဲ့ ကိုယ့်ရဲ့ကျောပြင်ပေါ်မှာ သက်ဝင်လှုပ်ရှားနေတဲ့ တက်တူးဒီဇိုင်းတွေနဲ့ အနုပညာတစ်ခုဖန်တီးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အိုင်ဒီယာများကို မှီငြမ်းနိုင်ပါတယ်။

ခြင်္သေ့တက်တူးကိုမှ ဘယ် ညာ မတူအောင် ပုံဖော်ထားတဲ့ တက်တူး

back tattoos for men

အရိုးခေါင်းပုံတက်တူးအကြီးစား

back tattoos for men

တောင်ပံပုံတက်တူး

back tattoos for men

ခမ်းနားတဲ့ သရဖူတက်တူးရဲ့အလှ

back tattoos for men

သဘာဝတောင်တန်းနဲ့ မြှားပုံတက်တူးကို ကိုယ် အနှစ်သက်ဆုံး စာသားနဲ့ တွဲကာ တက်တူးထိုးလိုက်ပါ

back tattoos for men

ကျောရိုးတည့်တည့်ပေါ်မှာ ရေးထိုးထားတဲ့ ဂြိုလ်ပုံတက်တူးများ

back tattoos for men

အိပ်မက်ဆိုးများကို ဖမ်းချုပ်ထားပေးပြီး အိပ်မက်ကောင်းများကိုသာ ဆောင်ကျဉ်းပေးမယ့် Dream Catcher တက်တူး

back tattoos for men

သံလိုက်အိမ်မြှောင်နဲ့ ကမ္ဘာလောကရဲ့ ဆက်သွယ်မှု

back tattoos for men

လက်ဝါးကပ်တိုင်ပုံတက်တူး

back tattoos for men

ဘယ်ညာ တစ်ဖက်စီမှာ ရေးထိုးထားတဲ့ တောင်ပံတစ်စုံ

back tattoos for men back tattoos for men back tattoos for men

စိတ်ဓာတ်ခိုင်မာမှုကို ပြသမယ့် သိမ်းငှက်ပုံတက်တူးများ

back tattoos for men back tattoos for men

နဂါးပုံတက်တူးများ

back tattoos for men back tattoos for men

ဖီးနစ်ငှက်ပုံတက်တူးများ

back tattoos for menback tattoos for men

ကျောပြင်ပေါ်မှာ ရေးထိုးထားတဲ့ တက်တူးဒီဇိုင်းတွေက စုံလင်လှတာကြောင့် သင့်အနေနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့တက်တူးဒီဇိုင်းကို ချွတ်စွပ်ပုံတူပွားနိုင်သလို ကိုယ်ပိုင်တက်တူးဒီဇိုင်းများဖန်တီးချင်သူများအတွက်ကတော့ ဒီဇိုင်းအားလုံးကို စုပေါင်းဖို့ရန်အတွက် အိုင်ဒီယာမှီငြမ်းနိုင်ပါတယ်။

Source: Toptrendsguide.com

Featured Image Source : GQ