အခုလိုပူပြင်းလှတဲ့ နွေရာသီမှာ ရေခဲရေအေးအေးလေး တစ်ခွက်လောက်လိုက်ခြင်းဖြင့် အေးမြတဲ့ခံစားမှု အားလုံးလိုလို ခံစားဖူးကြမယ်ထင်ပါတယ်။ တကယ်တော့ ရေခဲရေကပေးတဲ့ အေးမြမှုဟာ စက္ကန့်ပိုင်းသာ ကြာပါတယ်။ ရေခဲရေသောက်ပြီးတဲ့တိုင်းမှာတော့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေအများကြီး ဖြစ်ပေါ်စေတယ်ဆိုတာကိုတော့ မေ့ထားကြတာဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ သင်တို့သတိမထားမိသေးတဲ့ ရေခဲရေရဲ့ ကြောက်စရာဆိုးကျိုးတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။

(၁) နှလုံးကျန်းမာရေးကို ထိခိုက်စေတယ်

Source : American Heart Association

သာမာန်အချိန်မှာဆိုရင် ပြင်ပအပူရှိန်နဲ့ ခန္ဓာကိုယ်အတွင်းက ကိုယ်တွင်းအပူရှိန်တို့ကြောင့် နှလုံးက ပုံမှန်အလုပ်လုပ်နေမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အေးစက်တဲ့ ရေခဲရေတစ်ခွက် သောက်ချလိုက်မယ်ဆိုရင် ရုတ်တရက်အေးခဲတဲ့ ခံစားမှုက နှလုံးခုန်နှုန်းဟာ တိုက်ရိုက်သက်ရောက်စေပြီး ကိုယ်တွင်းအပူချိန်ကို ကမောက်ကမဖြစ်စေကာ ပုံမှန်ထက်နှလုံးခုန်နှုန်းနှေးကွေးသွားစေမှာဖြစ်ပါတယ်။ အခန့်မသင့်ရင် နှလုံးရပ်ခြင်း ဦးနှောက်သွေးကြောပေါက်ခြင်း စတာတွေဖြစ်စေပြီး အသက် ဆုံးရှုံးရသည်အထိ ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

(၂)ကိုယ်အလေးချိန် တက်လာမယ်

Source : Strong Health

ရေခဲရေသောက်ခြင်းဟာ အစာချေစနစ်ကို ဆိုးရွားစွာထိခိုက်စေတဲ့အပြင် ခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်ကိုလည်း အနှောင့်အယှက်ဖြစ်စေတာကြောင့် အစာချေစနစ်ကို နှောင့်နှေးစေပြီး အဆီပိုတွေစုကာ ကိုယ်အလေးချိန်ထိုးတက်လာစေပါတယ်။ တော်တော်များများ ထမင်းစားနေချိန် ရေခဲရေလေးသောက်လိုက်မှ ပိုစားလို့ဝင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ထမင်းစားနေချိန်နဲ့ စားပြီးပြီးချင်းအချိန်တွေမှာ ရေခဲရေသောက်ခြင်းဟာ အဆိုးဆုံးအချိန်တွေဆိုတာ သိထားသင့်ပါတယ်။

(၃) ဝမ်းချုပ်စေတယ်

Source : Diseases Pictures

ရေခဲရေဟာ အစာချေမနစ်ကို နှောင့်နှေးစေတဲ့အပြင် အူလမ်းကြောင်းနဲ့မှာလည်း အဆီတွေစုလာစေတာကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းချုပ်ခြင်းနဲ့ ပတ်သက်တဲ့ လိပ်ခေါင်းရောဂါတွေ ဝမ်းချုပ်ချင်းကြောင့် ခန္ဓာကိုယ်က ချွေးပုပ်တွေထွက်လာပြီး ကိုယ်နံ့ဆိုးတာတွေ ခေါင်းကိုက်ခြင်းတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းမကြာမဏချုပ်တတ်တဲ့သူတွေအတွက်တော့ ရေခဲရေဟာ လုံးဝရှောင်ကျဉ်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။

(၄) ပင်ပန်း နွမ်းနယ်စေတယ်

Source : freepik.com

ရေခဲသောက်လို့ ပင်ပန်းနွမ်းနယ်ဆိုတာ ဟုတ်ပါ့မလားလို့ မေးခွန်ထုတ်စရာရှိပါတယ်။ တော်တော်များများမောပန်းနေချိန်မှာ ရေခဲရေတစ်ခွက်သောက်လိုက်ရင် အမောပြေပြီး အေးမြလန်းဆန်းသွားတယ်လို့ ခံစားရပေမယ့် အဲ့ဒီခံစားချက်ဟာ ခဏတာပဲဖြစ်ပါတယ်။ ရေခဲရေဟာ ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအင်တွေကို ကျဆင်းစေတာကြောင့် ရေခဲရေသောက်ပြီး အချိန်ခဏအကြာမှာ ပင်ပန်းနွမ်းနယ်မှုကို ခံစားရစေမှာဖြစ်ပါတယ်။