ယောင်္ကျားတစ်ယောက် စောင့်ရှောက်ရမယ့်ကျန်းမာရေးထဲမှာ မျိုးဆက်ပွားကျန်းမာရေးပြဿနာလည်း တစ်ခုအပါအဝင်ပါပဲ။ အမျိုးသားတွေရဲ့ မျိုးဆက်ပွားကျန်းမာရေးအကြောင်း ပြောရာမှာ သုတ်ပိုးအရေအတွက်နဲ့ အရည်အသွေး တိုးတက်ကောင်းမွန်အောင် လိုက်နာရမယ့်အချက်လည်း ပါဝင်ပါတယ်။ ဒီတစ်‌ခေါက်မှာတော့ လိင်မှုကျန်းမာရေးအတွက် သုတ်ပိုးကျန်းမာရေးအတွက် ရှောင်ကြဉ်ရမယ့် အလေ့အထတချို့အကြောင်း မျှဝေပေးလိုက်ရပါတယ်။

(၁) ဓါတ်ရောင်ခြည်များ

Radiations

Photo: Mensxp

ရေဒီယိုသတ္တိကြွခြင်း Radiations တွေကြောင့် သုတ်ပိုးအရေအတွက်နဲ့ အရည်အသွေး ထိခိုက်နိုင်ပါတယ်။ ဘောင်းဘီအိတ်ထဲမှာ ထည့်ထားတဲ့ ဖုန်းတွေကြောင့် ရေရှည်မှာ သုတ်ပိုးအ‌ရေအတွက် ကျဆင်းနိုင်ပါတယ်။ ဖုန်းက ထုတ်လွှင့်တဲ့ လျှပ်စစ်သံလိုက်ဓါတ်ရောင်ခြည်တွေက DNA ခွဲဖြန့်မှုပေါ် သက်ရောက်နိုင်လို့ ဖြစ်ပါတယ်။

(၂) အရက်နဲ့ မူးယစ်ဆေးများ

Beer

Photo: Mensxp

အရက်သောက်ခြင်းဟာ လိင်စိတ်တက်ကြွမှုနဲ့ သုတ်ပိုးအရေအတွက်ပေါ် ထိခိုက်စေနိုင်ပါတယ်။ အရက်ဟာ တက်စတိုစတီရုန်း Levels ကျဆင်းစေသလို မူးယစ်ဆေးဝါးတွေကြောင့်လည်း သုတ်ပိုးထုတ်လုပ်မှုနဲ့ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဆေးလိပ်ကလည်း အလားတူ သုတ်ပိုးထုတ်လုပ်မှု လျော့ကျစေနိုင်လို့ ဆေးလိပ်ဖြတ်ဖို့ အကြံပြုချင်ပါတယ်။

(၃) အပူများခြင်း

underwear

Photo: Mensxp

အောက်ခံဘောင်းဘီ Underwear ခပ်ကျပ်ကျပ် ဝတ်ခြင်း ၊ လေဝင်လေထွက်မကောင်းတဲ့ ချည်သားသုံး အတွင်းခံဘောင်းဘီတွေ ဝတ်ဆင်ခြင်းကလည်း လိင်အင်္ဂါကျန်းမာ‌ရေးနဲ့ သုတ်ပိုးထုတ်လုပ်မှုကို ထိခိုက်နိုင်ပါတယ်။ လိင်အင်္ဂါအပူများခြင်းဟာ ဘက်တီးရီးယားကူးစက်မှုတွေဖြစ်စေသလို သုတ်ပိုးအရေအတွက်လည်း ကျဆင်းစေနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်က လေ့လာမှုတစ်ခုမှာလည်း Boxer အဝတ်များတဲ့ အမျိုးသားတွေဟာ တင်းကျပ်တဲ့ အောက်ခံဘောင်းဘီဝတ်တဲ့ အမျိုးသားတွေထက် သုတ်ပိုးထုတ်လုပ်မှု ၂၅% ပိုမြင့်မားတယ်လို့ ဆိုပါတယ်။

(၄) တာရှည်ခံအစားအသောက်များ

Processed Foods

Photo: Mensxp

အစားအသောက်ကြောင့်လည်း အမျိုးသားမျိုးဆက်ပွားကျန်းမာရေးပြဿနာတွေနဲ့ တိုက်ရိုက်ချိတ်ဆက်မှုရှိပါတယ်။ တာရှည်ခံအောင် ပြုပြင်စီမံထားတဲ့ အစားအသောက်တွေဟာ ရိုးရိုးချက်ပြုတ်စားသောက်ရတဲ့ အစားအသောက်တွေထက် အမျိုးသားတွေရဲ့သုတ်ပိုးအရေအတွက်ကို ပိုကျဆင်းစေတယ်လို့ ဆိုပါတယ်။ ဗိုက်တာမင်ဒီ ချို့တဲ့သူတွေမှာလည်း လိင်မှုစွမ်းဆောင်ရည်နဲ့ သုတ်ပိုးအရေအတွက် လျော့ကျနိုင်ပါတယ်။

(၅) ကြာရှည်အထိုင်များမှု

Prolonged Sitting

Photo: Mensxp

တောက်လျှောက်နာရီပေါင်းများစွာ ထိုင်ခြင်းကလည်း သုတ်ပိုးအရေအတွက်နဲ့ ကျန်းမာရေးချို့တဲ့နိုင်ပါတယ်။ အထိုင်များခြင်းဟာ ရေရှည်မှာ ကလေးမရ(မျိုးမအောင်)တဲ့ ပြဿနာအထိ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ဒီအချက်ကတော့ သိပ္ပံနည်းကျ လေ့လာဖော်ထုတ်ချက်တွေက အသိအမှတ်ပြုထားခြင်း မရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် အကြာကြီး ထိုင်ပြီးရင်း ထိုင်ပြီး နေတဲ့ လူနေမှုပုံစံက ကျန်းမာရေးကို ထိခိုက်စေလို့ ရှောင်ကြဉ်ဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။

Featured Photo: huffingtonpost