ဘဝမှာ ကိုယ်လုပ်နေ တဲ့အရာရာတိုင်းမှာ ပျော်ရွှင်မှုကိုရဖို့ (သို့) ထိန်းသိမ်းဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပျော်ရွှင်မှုဆိုတဲ့အရာကရဖို့ တစ်ချို့လူတွေက တခြားလူတွေအပေါ်မှီခိုနေကြတယ်။ တခြားလူတွေဆီကနေ ပျော်ရွှင်မူတွေ ရရှိဖို့ မျှော်လင့်နေတက်ကြတယ်။ တကယ်တော့ ပျော်ရွှင်မူဆိုတာ ကိုယ်အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ်က ပျော်ရွှင်မှုကို ခွင့်ပြုပြီး ဝင်လာခိုင်းမှ သူဝင်လာနိုင်မှာပါ။ တစ်ချို့လူတွေက ပျော်ရွှင်မှုက လက်တစ်ကမ်းအလိုမှာ ရောက်နေပေမယ့် ဝင်လာဖို့ခွင့်မပေးတာကြောင့် ပျော်ရွှင်မှုကိုမခံစားကြရဘူး။ ဒီနေ့ဆောင်းပါးမှာ ပျော်ရွှင်မှုကို တားဆီးနေတဲ့အလေ့အကျင့်လေးတွေက ဘာတွေလဲဆိုတာကိုပြောပြပေးသွားမှာပါ။

ခံစားချက်ကို ထိန်းချုပ်ထားခြင်း

Source: inc.Magazines

ပျော်ရွှင်မှုကိုတာဆီးနေတဲ့ အကြီးဆုံးရန်သူကတော့ မိမိရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်ထားခြင်းပါပဲ။ စိတ်ထဲမှာ ဘာဖြစ်နေလဲဆိုတာ အပြင်ကို ထုတ်ပြဖို့လိုအပ်ပါတယ်။ ဒါပေမယ့် တစ်ချို့တစ်စုံတစ်ယောက် ကိုထိခိုက်စေမယ့်အရာမျိုးကိုတော့ ထုတ်ပြဖို့ မလိုအပ်ပါဘူး။

နည်းပညာတွေနဲ့ပဲ အချိန်ကုန်နေတာ

Source: Lifewire

လူတိုင်း တီဗီ ကြည့်ဖို့ ဖုန်းကြည့်ဖို့ အခွင့်အရေးရှိပါတယ်။ မေးခွန်းကတော့ တီဗီရှေ့မှာ (သို့) ဖုန်းအသုံးပြုချိန် ဘယ်လောက်ထိရှိနေလဲဆိုတာပါပဲ။ နည်းပညာတွေနဲ့ပဲ အချိန်ကုန်နေတာက သင့်ကိုထိုင်းမှိုင်းစေပါတယ်။ တကယ့်အပြင်လောကကြီးနဲ့ အဆက်အသွယ်ပျက်စေပါတယ်။ တကယ်ပျော်ရွှင်ချင်တယ်ဆိုရင် တကယ့်အပြင်လက်တွေ့ဘဝမှာ ရှာဖွေလိုက်ပါ။

လှုပ်ရှားမှုမရှိတာ

Source: Pikrepo

တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရသူတွေ သတိထားပါ။ ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့အခါ သွေးလည်ပတ်မှုလည်းမကောင်းတော့ဘူး။ စိတ်တွေလည်း ထွေပြားယိုင်နဲ့လာတယ်။ ကာယလေ့ကျင့်ခန်းလေးတွေ လုပ်နိုင်သလောက် လုပ်ပေးသင့်တယ်။

အဆင်မပြေတဲ့အချစ်ရေး

Source: Dazzling News

အသည်းကွဲလို့ ဒုက္ခရောက်သွားတာတွေ မနည်းဘူး။ မစားနိုင် မအိပ်နိုင်နဲ့ ကျန်းမာရေးညံ့လာတယ်။ ကောင်းတဲ့ဘက်ကို အာရုံမစိုက်နိုင်တော့ဘဲ ကြေကွဲခံစားနေရတဲ့ အချိန်တွေဟာ ကြာလာတော့ စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာရတော့တယ်။

အပေါင်းအသင်းမရှိတာ

Source: Wallpaper Cave

ဘယ်သူ့ကိုမှ အရေးတယူလုပ်ပြီး ပတ်သက်နေစရာလိုဘူးလို့ တွေးမိနေရင် အကြီးကြီးမှားတာပဲ။ လူတွေနဲ့ ထိတွေ့ပေါင်းသင်းပါ။ လူမှုကွန်ရက်ပေါ်ကမဟုတ်ဘဲ အပြင်မှာပါ တွေ့ဆုံကြတဲ့အခါ စိတ်တွေလန်းဆန်းလာနိုင်တယ်။