ရည်းစားရဖို့အခက်တွေ့နေလား။ မိန်းကလေးတွေက ကွီးကို နလပိန်းတုံးလို့ထင်ပြီး အနားမကပ်ကြတော့ဘူးလား။ဒါတွေက ယောက်ကျားလေးတော်တော်များများကြုံရတဲ့ အရာတွေပါ။ ဒီလိုယောက်ကျားလေးတွေက သူတို့ကိုယ်သူတို့ အပြစ်တင်တတ်ကြပါတယ်။ ငါညံ့တာ။ ငါက မပြည့်စုံတာဆိုပြီး မိမိကိုယ်ကို အပြစ်တွေ ဖို့တတ်ကြပါတယ်။ ဒီနေ့ kwee page ကနေမိန်းကလေးတွေ ကွီးတို့အနားကနေ ရှောင်ဖယ်ပြေးနေရတဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပေးသွားမှာပါ။

မရိုးသားခြင်း

Source: BetaNews

ဒီအချက်နေစပြောရတာဟာ အကြောင်းရှိပါတယ်။ relationship တစ်ခုမှာ မရိုးမသားလုပ်တာဟာ သည်းခံနိုင်စရာမရှိတဲ့ အချက်တစ်ခုပါ။ ခဏခဏ လိမ်လည်ပြီး မရိုးမသားလုပ်ကာ တောင်းပန်စကားတွေပြောတာက ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။

ကွီးတို့လိမ်တာကို သူမသိသွားတဲ့အချိန် ကွီးတို့အနားမှာ သူမဆက်ရှိနေအုန်းမယ် မထင်ပါနဲ့။ အကြောင်းတစ်ခုခုကြောင့် လူကသာ ကွီးတို့အနားမှာရှိနေဦးထားတော့ သူမရဲ့စိတ်ကတော့ အဝေးတစ်နေရာရောက်နေမှာပါ။ ဘယ်မိန်းကလေးမှ လူလိမ်ယောက်ကျားလေးတွေနဲ့ မထိုက်တန်ပါဘူး။

တစ်ကိုယ်ကောင်းဆန်ခြင်း

Source: Entepreneur

ဒီတစ်ချက်ကတော့ အရေးကြီးဆုံးပါ။ ဒီအချက်က မိန်းကလေးတွေ ယောက်ကျားလေးတွေကို ထားသွားရတဲ့ အဓိကအကြောင်းအရင်းပါ။ အိမ်ထောင်ရေးပြိုကွဲရခြင်းရဲ့ အဓိကအကြောင်းအရင်းလည်းဖြစ်ပါတယ်။

မိမိရဲ့ပါတနာက ကိုယ့်အတွက်ကြည့်ပေးရင် ကိုယ်ကလည်း သူ့ကိုပြန်ကြည့်ပေးရပါမယ်။ အပေးအယူ မျှနေမှ relationship တစ်ခုက ကြာရှည်ခံတာပါ။ တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေကို မိန်းကလေးမပြောနဲ့ မိသားစုဝင်တွေကတောင် မကြိုက်ကြပါဘူး။

မောက်မာတာ၊ဟိတ်ဟန်ကြီးတာ

Source: INc

ဒါလည်း အမျိုးသမီးတွေ ရှောင်ဖယ်သွားရတဲ့ အကြောင်းအရင်းပါပဲ။ သူစိမ်းအမျိုးသမီးတွေသာမက လူတွေ တော်တော်များများက ဒီအချက်ကို မကြိုက်ကြဘူး။မောက်မာတာနဲ့ယုံကြည်မှု ရှိတာကို ကွဲကွဲပြားပြားသိဖို့လည်း လိုအပ်ပါတယ်။

တွယ်ကပ်လွန်းတာ

Source: Love Dignity

အမျိုးသမီးတစ်ယောက်အပေါ် အရမ်းကြီးတွယ်ကပ်လွန်းနေတာကလည်း မကောင်းတဲ့အချက်ပါပဲ။ အရမ်းတွယ်ကပ်လွန်းနေတာဟာ သေဒဏ်ကျနေတဲ့ အကျဉ်းသားတစ်ယောက်နဲ့တူပါတယ်။လူတစ်ယောက်ခြင်းစီမှာ ကိုယ်ပိုင်အချိန် ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ရှိသင့်တဲ့ အရာတစ်ခုပါ။

ဒါကို ဘေးဖယ်ထားပြီး ကိုယ့်ရဲ့အချိန်တွေ လွတ်လပ်ခွင့်တွေအကုန် သူမကိုပဲ ပေးထားပြီး သူမအနားမှာပဲ အမြဲတမ်းရှိနေတာက မှားယွင်းတဲ့လုပ်ရပ်တစ်ခုဖြစ်ကြောင်း ကွီးတို့ကို သတိပေးပါရစေ။ ဒါကသူမကို အချိန်မပေးရဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ပါတနာနဲ့ အတူတကွ အချိန်ဖြုန်းခြင်းဟာ အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့်အတွက်လည်း အချိန်တွေချန်ထားဖို့မမေ့ပါနဲ့။