Relationship တစ်ခုမှာ အတွဲညီနေတာက အကောင်းဆုံးပါ။ ဒါပေမဲ့ တစ်ခါတစ်လေမှာ အမှားအယွင်းတွေ ရှိတတ်ပါတယ်။ ကွီးတို့ရဲ့ လုပ်ပုံကိုင်ပုံတွေက ကွီးတို့ရဲ့ ချစ်သူကို စိတ်ပျက်စေတာတွေရှိနိုင်ပါတယ်။ အခုပြောပြပေးမှာကတော့ Relationship တစ်ခု ပြိုကွဲသွားနိုင်တဲ့ထိ ဖြစ်သွားတတ်တဲ့ ကွီးတို့ရဲ့ လုပ်ရပ်တွေကို ပြောပြပေးမှာပါ။
လူတော်တော်များများက ဘဝမှာ တစ်ခုခုအမှားအယွင်းဖြစ်သွားရင် မိမိကိုယ်ကို အပြစ်တင်လေ့ရှိတတ်ကြတယ်။ ကွီးတို့ရဲ့ အပြစ်အနာအဆာကို ကွီးချစ်တဲ့သူက သိချင်မှသိပါလိမ့်မယ်။ ဒါမှမဟုတ် သိနေရင်လည်း ကွီးတို့လောက် ဂရုစိုက်ချင်မှာ စိုက်ပါလိမ့်မယ်။ ကွီးတို့ကသာ ထပ်ခါထပ်ခါ ကိုယ့်ရဲ့အပြစ်တွေ ကျဆုံးမှုတွေကို ပြောနေမယ်ဆိုရင် ကွီးတို့ရဲ့ပါတနာကိုပါ ကွီးလိုပဲ ယုံကြည်အောင် လုပ်နေရာရောက်ပါတယ်။

Source : Freepik
ဟုတ်ပါတယ်။ အနားမှာရှိတဲ့အရာတွေကို အမြဲတမ်းအပြစ်တွေပဲ ရှာပြီး ဝေဖန်နေတာက ကွီးတို့ရဲ့ပါတနာအတွက် အလွန်ပဲ စိတ်ရှုပ်စရာကောင်းပါတယ်။ ဒါက Relationship တစ်ခုရဲ့ အခြေအနေတစ်ခုကို ပြောင်းလဲစေနိူင်ပါတယ်။ တစုံတယောက် (သို့) တစုံတခု ရဲ့အပြစ်တွေကိုပဲ ရှာပြီးပြောမနေပဲနဲ့ ကောင်းတဲ့ဖက်ကလည်း ပြောပေးဖို့လိုအပ်ပါတယ်။
Relationship တစ်ခုမှာ တယောက်တယောက်က ပြီးပြည့်စုံအောင်ကြိုးစားတာက ထောင်ချောက်တစ်ခုလိုပါပဲ။ အနှေးနဲ့ အမြန်ကွီးတို့ရဲ့ ပါတနာက ပင်ပန်းလာမှာပါ။ ကွီးတို့က ကောင်းတာတွေပဲ အမြဲတမ်းလုပ်ပေးနေမယ်ဆိုရင် ဘာလို့ငါ့ဖက်ကပဲ အမြဲတမ်း ကောင်းတာတွေ လုပ်ပေးနေရတာလဲဆိုပြီး မကျေနပ်ချက်တွေရှိလာနိူင်ပါတယ်။ ဒီလိုမျိုးတွေကနေပြီးတော့ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်ပွားတတ်ပါတယ်။ အမှီအခိုကင်းတဲ့သူတွေက သူတို့ရဲ့ မကောင်းတဲ့ စိတ်ခံစားမှုတွေကို ပြဖို့ ဝန်မလေးတတ်ကြဘူးဆိုတာ သိထားဖို့လိုအပ်ပါတယ်။
သံသယစိတ်လွန်ကဲတာကလည်း ကွီးတို့ရဲ့ပါတနာကို ပင်ပန်းစေပါတယ်။ ပြီးတော့ ငါ့ကို ဒီလောက်တောင် မယုံရကောင်းလားဆိုပြီး ဒေါသလည်းထွက်စေပါတယ်။ သူ့အပေါ်လည်း ယုံကြည်မှု မရှိတော့ဘူးဆိုရင် အမြဲတမ်းစောင့်ကြည့်ခံနေရတယ်လို့ သင့်ပါတနာက ထင်သွားပါလိမ့်မယ်။ တယောက်ယောက်က သင့်ကို လိမ်နေတယ်လို့ အမြဲတမ်း စွပ်စွဲနေတာက သင့်အတွက် အရမ်းခက်ခဲနေပါလိမ့်မယ်။

Source : Freepik
ဟုတ်ပါတယ်။ Relationship တစ်ခုမှာ ပြသာနာတခုခုဖြစ်တိုင်း အရင်တုန်းက သူလုပ်ခဲ့ဖူးတဲ့ အမှားတွေကို ထောက်ပြတာက ကောင်းတဲ့အရာမဟုတ်ပါဘူး။ ဒါက အနားဟောင်ကို တုတ်နဲ့ ပြန်ဆွ သလိုပါပဲ။ လူတစ်ယောက်အတွက် အထူးသဖြင့် ကိုယ်ချစ်ရတဲ့သူက ဒီလိုမျိုး အပြစ်ရှာနေမယ်ဆိုရင် အရမ်းခံးစားရခတ်စေပါတယ်။ ဒါကြောင့် ပြသာနာ တခုခုဖြစ်တိုင်း ဘယ်သူမှားသလဲဆိုတာကို ဘေးဖယ်ထားပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို အဓိက ရှာဖွေသင့်ပါတယ်။
ဒီအချက်လေးတွေကို Relationship တစ်ခုမှာ ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပဲနဲ့ ဖြစ်ပွားတတ်တဲ့ အရာလေးတွေပါ။ ကွီးတို့အနေနဲ့ ဒီလိုပြသာနာမျိုးတွေ မကြုံရလေအောင် ကိုယ့်ပါတနာ မကြိုက်တဲ့အချက်လေးတွေကို မှတ်ထားပြီး ရှောင်ရှားသင့်ပါတယ်။
