အလေ့အကျင့်ဆိုးတွေကိုကွီးတို့ကို စိတ်ဆင်းရဲစေပါတယ်။ ဒီနေ့ကနေစပြီးတော့ ကွီးတို့အတွက် မကောင်းဘူးထင်တဲ့ အရာတွေက ဘဝထဲကနေထုတ်ပလိုက်ပါ။ မကောင်းတဲ့အရာတွေ ဖယ်သွားရင်ကောင်းတဲ့အရာတွေအတွက် နေရာရှိလာပါတယ်။အခုပြောပြပေးမှာကတော့ ကွီးတို့ရဲ့ပျော်ရွှင်မှုတွေကိုပျက်စီးစေတဲ့ အလေ့အကျင့်ဆိုးတွေအကြောင်းပါ။

ရည်မှန်းချက်တွေကို ရွှေ့ဆိုင်းတာ

Source: Advanced Office

ရည်မှန်းချက်တွေကို ရွှေ့ဆိုင်းတာဟာ ကိုယ်ရည်မှန်းထားတဲ့ နေရာကိုရောက်ဖို့ အတား အဆီးတခုဖြစ်လာနိုင်ပါတယ်။ ပြင်ပအနှောက်အယှက်တွေထက်လည်းပိုပြီးတော့ အတားအဆီးဖြစ်စေပါတယ်။ဒီနေ့ကနေစပြီးတော့ ရှေ့ကိုတစ်လမ်းတိုးလိုက်ပါ။နောက်နေ့မှာလည်းထိုနည်း အတိုင်းလုပ်ပါ။တစ်နေ့တစ်လှံ ပုဂံဘယ်မရွေ့ဆိုတဲ့အတိုင်းတစ်လမ်းခြင်းလမ်းပါ။ အရမ်းကြီး အလျင်လိုနေစရာမလိုပါဘူး။ တစ်နေ့ကိုယ်လိုရာ ပန်းတိုင်ကို ရနိုင်မှာအမှန်ပါပဲ။

Comfort Zone မှာနေထိုင်ခြင်း

Source: Anaheim Lighthouse

Comfort Zone ကနေရုန်းထွက်လိုက်ပါ။ဘဝမှာချိုမြိန်တဲ့ ဆုလဒ်တွေရရှိဖို့ အတွက်စွန့် စားဖို့လိုအပ်ပါတယ်။ ပျော်ရွှင်မှုဆိုတာဘဝရဲ့ခါးသီးမှုတွေနာကြည်မှုတွေကို ရှောင်းရှားပြီးမှရလာတဲ့အရာမဟုတ်ပါဘူး။ ပျော်ရွှင်မှုကိုလိုချင်ရင် ကိုယ့်ရဲ့အိပ်မက်နဲ့ ပြင်းပြတဲ့ ရည်မှန်းချက်တွေနောက်ကိုလိုက်ပါ။သက်တောင့်သက်သာနေရတဲ့ ဘဝကနေအမြန်ဆုံး ရုန်းထွက်လိုက်ပါ။

ပြသာနာတွေဆီကနေ ရှောင်ပြေးတာ

Source: Polygon

ပြသာနာတခုခုဖြစ်ရင် ရှောင်ထွက်ပြေးဖို့ထက်ဘယ်လိုဖြေရှင်းရမလဲအဖြေရှာပါ။အလုပ်ထဲမှာ အမှားလုပ်မိလို့ ပြသာနာတာကို ရှက်စရာတခုအနေနဲ့ မမြင်မိပါစေနဲ့။ ဒါကလေ့လာသင်ယူဖို့အတွက် အခွင့်အရေးတခုပါ။ အမှားတွေကနေသင်ခန်းစာယူတတ်အောင်ကြိုးစားပါ။ အမှားဆိုတာလူတိုင်းနဲ့ မကင်းပါဘူး။

တခြားသူတွေကို အပြစ်တင်တာ

Source: Project Conquest

လူတွေဟာ စိတ်ထဲမှာခံစားနေရတဲ့နာကျင်မှုတွေသက်သာစေဖို့အတွက် တခြားသူတယောက်ယောက်ကို အပြစ်ပုံချလေ့ရှိပါတယ်။ ဥပမာ အတွဲတတွဲ အခန့်မသင့်လို့ ကွဲသွားကြရင် တယောက်ကိုတယောက် အပြစ်တင်တတ်ကြပါတယ်။ ဒါကသူတို့ ရင်ထဲမှာ ခံစားနေရတဲ့ နာကျင်မှုတွေကို သက်သာစေပါတယ်။ ဒါကတကယ်အလုပ်ဖြစ်ပါတယ်။ဒါပေမဲ့ ပြသာနာကတော့ နာကျင်မှုသက်သာတာက အကြာကြီးမခံတာပါပဲ။ပြီးတော့ သူတပါးမှာ အပြစ်မရှိပဲ အပြစ်ပြောနေကလည်းပြသာနာတခုပါ။ ဒါကလူတွေကိုယ့်အပေါ် အထင်အမြင်သေးစေပါတယ်။တခြားသူကို အပြစ်တင်တဲ့ အလေ့အထ ပျောက်စေဖို့အတွက် ကိုယ်လုပ်ခဲ့တာတွေအတွက် တာဝန်မှုအပြည့်ရှိပါ။ပြီးတော့ ပြသာနာရဲ့ အရင်းအမြစ်ကိုရှာပြီးတော့ အပြစ်တင်ဖို့ထက် ဖြေရှင်းနိုင်အောင် ကြိုးစားပါ။ကိုယ်ရဲ့ပျော်ရွှင်မှုတွေဟာ ကိုယ့်ပေါ်မှာပဲမှုတည်ပါတယ်။

ပစ္စုပ္ပန်မှာ မနေတာ

Source: Dr.Nick Lazaris

ပြင်ဆင်လို့မရတော့တဲ့အတိတ်က နောင်တရစရာအဖြစ်အပျက်တွေ ကိုပြန်တွေးနေမယ်ဆိုရင် ကိုယ့်အတွက်အကျိုးတစုံတရာမရှိပါဘူး။အလားတူ မရောက်လာသေးတဲ့ မသေချာသေးတဲ့ အနာဂတ် ကိုစိတ်ထဲစွဲနေမယ်ဆိုရင်လည်း မျက်စိရှေ့မှောက်မှာရှိတဲ့ အခွင့်အရေးတွေ လက်လွှတ်ရတတ်ပါတယ်။အတိတ်က အဖြစ်အပျက်တွေဆီကနေ သင်ခန်းစာယူတာ၊ အနာဂတ်ကို အစီအစဉ်စွဲတာတွေက ကောင်းတဲ့အရာတွေပါ။ ဒါပေမဲ့လက်ရှိပစ္စုပ္ပန်မှာ နေထိုင်ပါ။