သွားတွေကြံ့ခိုင်စေဖို့ ခံတွင်းသန့်ရှင်းကျန်းမာရေးဟာ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ သွားဟာ လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဆိုရင်လည်းမမှားပါဘူး။ သွားတွေကြံ့ခိုင်နေမှ စားချင်တဲ့အစားအစာတွေကို ဝါးပြီးစားနိူင်မှာပါ။ ဒီနေ့ တော့ သွားကျန်းမာရေးကို ထိခိုက်စေတဲ့ အလေ့အကျင့်ဆိုးတွေကို ဖော်ပြပေးသွားမှာပါ။

ရေခဲတုံး ဝါးစားခြင်း

Source: WebMD

ရေခဲတုံးဝါးစားခြင်းက သွားကိုကျိုးအက်မှုဖြစ်စေနိုင်ပြီး အကာအကွယ်ဖြစ်တဲ့ ကြွေလွှာကို ထိခိုက်ပျက်စီးစေပါတယ်။ ချက်ချင်းမဟုတ်ရင်တောင်မှ  နောက်ပိုင်းမှာကြွေလွှာနဲ့ပတ်သက်တဲ့ ပြဿနာတွေပိုဖြစ်လာနိုင်ပါတယ်။

မုန့်ထုပ်တွေ ပုလင်းအဖုံးတွေ ကိုသွားဖြင့်ကိုက်ဖွင့်ခြင်း

Source: Defacto Dentists

အာလူးကြော်ထုပ် (သို့) မုန့်ထုပ်တွေကို သွားဖြင့် ကိုက်ဖွင့်ခြင်းက သွားကိုအလွှာကွာစေပြီး ကျိုးပဲ့စေနိုင်ပါတယ်။ ပုလင်းအေဖုံးတွေကို ကိုက်ဖွင့်ရင်ပိုပြီးဆိုးပါတယ်။ ဒါကြောင့် ဒီလိုအကျင့်လေးတွေရှိနေရင် အမြန်ဆုံးပြင်ဖို့ အကြံပေးပါရစေ။

လက်သည်းကိုက်ခြင်း

Source: South East Orthodontics

လက်သည်းကိုက်ခြင်းက သွားကို ဆိုးရွားစွာထိခိုက်စေနိူင်ပါတယ်။ လက်သည်းကိုက်တာက တကိုယ်ရည်သန့်ရှင်းမှုအတွက် မကောင်းတဲ့အပြင် သွားအပေါ်ယံကြွေလွှာ ကိုပါထိခိုက်စေနိုင်ပါတယ်။

လက်သည်းမကိုက်မိအောင် သတိထားဖို့အတွက် လက်သည်းအတုတပ်ခြင်း၊ အရသာခါးတဲ့လက်သည်းဆိုးဆေးဆိုးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။

သွားကို ကြမ်းကြမ်းတမ်းတမ်းတိုက်ခြင်း

Source: ABC

သွားပိုးစားခြင်းနဲ့ခံတွင်းနံ့ဆိုးခြင်းတို့အတွက် တစ်နေ့ကိုနှစ်ကြိမ်သွားတိုက်သင့်တာမှန်ပါတယ်။ ဒါပေမယ့် သွားတိုက်ပုံတိုက်နည်းမှန်ကန်နေဖို့ကလည်းအရေးကြီးပြန်တယ်။ သွားဆိုတာ တိုက်လေဖြူလေပဲလို့ ထင်နေရင်မှားပါတယ်။ သွားအရမ်းတိုက်လွန်းရင် ကြွေလွှာတွေပျက်စီးပြီး သွားဖုံးထိခိုက်ပြီး သွားကိုထိခိုက်လွယ်စေပါတယ်။ သွားတိုက်တဲ့အခါ သွားပွတ်တံပျော့ပျော့နဲ့ စက်ဝိုင်းပုံစံ ညင်သာစွာ တစ်နေ့နှစ်ကြိမ် တိုက်ပါ။

သွားကြားထိုးတံကို တလွဲအသုံးပြုခြင်း

Source: Cedar Dental Centre

သွားကြားထိုးတံတွေကို သွားကြားကအညစ်အကြေးတွေကိုဖယ်ရှားဖို့အတွက်ပဲ အသုံးပြုကြတာဖြစ်ပါတယ်။ သွားပဲ့ထားတဲ့နေရာတွေကြားကို သွားကြားထိုးတံနဲ့ ထိုးကလော်တာမျိုးကလည်း ပြဿနာရှိပါတယ်။ ခဏခဏလုပ်ရင် သွားတွေကို ယိုင်စေပြီး သွားကျဲစေနိုင်ပါတယ်။ ဒါ့ကြောင့်သွားကြားထိုးတံကို အသုံးပြုတဲ့နေရာမှန်ကန်ဖို့ ဂရုစိုက်ပါ။