တစ်ချို့လူတွေက ချိန်းဆိုထားရင် အချိန်မှန်တယ်။ “ကျေးဇူးပြု၍၊ ကျေးဇူးပါ” စသဖြင့် အကျင့်ကောင်းလေးတွေရှိကြတယ်။ တစ်ချို့လူတွေမှာ လက်သည်းကိုက်တာ၊ စကားပြောရင် ဗလုံးဗထွေးပြောတာ စသဖြင့်မကောင်းတဲ့ အကျင့်ဆိုးတွေရှိကြတယ်။

ဒီကိစ္စတွေက အမျိုးသားတွေအတွက် အရေကြီးသလားလို့မေးကြတယ်။ ဒီလိုအကျင့်ဆိုးတွေက ဘယ်သူ့ကိုမှမထိခိုက်စေပါဘူး။ ဒါပေမယ့် အမျိုးသားတစ်ယောက်ရဲ့ စတိုင်လ်ကို ပျက်စီးစေနိုင်ပါတယ်။ ဒီနေ့ kwee page ကအမျိုးသားတွေရဲ့ စတိုင်လ်ကို ပျက်စီးစေနိုင်တဲ့ အလေ့အကျင့်ဆိုးလေးတွေအကြောင်းပြောပြပေးမှာပါ။

အိတ်ကပ်ထဲ လက်ထည့်တာ

Source: Visme

ဒီကိစ္စက သိပ်ပြီးတော့အရေးမကြီးဘူးလို့ လူတော်တော်များများက ထင်ထားကြတယ်။ ဟုတ်ပါတယ်။ အိတ်ကပ်ထဲ လက်ထည့်တာက ဘာမှမမှားပါဘူး။ ဒါပေမယ့် တစ်ဖက်လူကို တစ်မျိုးထင်သွားစေပါတယ်။

ကျွင်းကျင်သူတွေက ဒီလို အိတ်ကပ်ထဲ လက်ထည့်ထားခြင်းဟာ တစ်ခုခုကိုဖွတ်ထားတာ (သို့) လိမ်နေတယ်လို့ တစ်ဖက်လူကို ထင်မှတ်သွားစေပါတယ်။ လူတွေနဲ့ စကားပြောနေတဲ့အချိန်မှာ အတတ်နိုင်ဆုံး လက်ထဲမှာ ဘာမှမကိုင်ထားပါနဲ့။

ခံတွင်းကျန်းမာရေးဆိုးဝါးခြင်း

Source: Eagle-Rock-Dental-Care

အမျိုးသားတွေတော်တော်များများဟာ ခံတွင်းကျန်းမာရေးကို လျစ်လျူရှူထားတတ်ကြတယ်။ ခံတွင်းကျန်းမာရေးကောင်းမွန်နေဖို့က အလွန်အရေးပါပါတယ်။ ဘာလို့လဲဆိုတော့ လူတွေနဲ့နေ့စဉ် တွေ့ဆုံပြီး ပြောဆိုဆက်ဆံနေရတာကြောင့် အနံ့အသက်ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ခံတွင်းကျန်းမာရေးကောင်းမွန်ဖို့အတွက် အခြေခံကျတဲ့ အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁. ထမင်းစားပြီးတိုင်း ပလုတ်ကျင်းပါ။ အထူးသဖြင့်အချိုဓာတ်များတဲ့ အစားအစာတွေစားပြီးတိုင်း ပိုပြီးဂရုစိုက်ပေးပါ။

၂. သွားတိုက်ပြီးတိုင်း သွားတိုက်တံကို ခပ်မြန်မြန်ခြောက်သွေ့သွားစေမယ့် နေရာမှာထားပေးပါ။ ဒါက သွားတိုက်တံမှာ ဘက်တီးရီးယားပိုးမွှားတွေ မပြန့်ပွားအောင် ကူညီပေးပါလိမ့်မယ်။

၃. သွားကိုနည်းလမ်းမှန်မှန်တိုက်ပေးပါ။ သစ်ပင်ကိုလွှဖြင့် ဖြတ်နေသလိုမျိုး သွားမတိုက်ပါနဲ့။ သွားကို အပေါ်အောက်တိုက်ပေးပါ။ ပြီးတော့ သွားတိုက်ဖို့အတွက် (၂) မိနစ်ခန့်အချိန်ယူပေးပါ။

၄. သွားဆေးခန်းကို (၆) လတစ်ကြိမ် ပုံမှန်သွားရောက်ပြီး သွားကျန်းမာရေးစစ်ဆေးပေးပါ။ သွားတိုက်တံကို (၃) လတစ်ကြိမ်လည်းလှဲပေးပါ။

ခံတွင်းကျန်းမာရေးဟာ လူတွေအတွက်အလွန်အရေးကြီးပါတယ်။ ဆိုးဝါးတဲ့ ခံတွင်းကျန်းမာရေးရှိနေပါက မိမိကိုယ်ကိုယုံကြည်မှု လျှော့ကျစေပါတယ်။

လက်သည်းကိုက်ခြင်း

Source: safety health magazine

လက်သည်းကိုက်တဲ့အကျင့်က ရွံရှာဖွယ်ကောင်းတဲ့ အကျင့်ဆိုးတစ်ခုအဖြစ် သက်မှတ်၍ရပါတယ်။ လက်ဆိုတာက နေရာတိုင်းနီးပါးထိတွေ့ကိုင်တွယ်နေရတဲ့ အရာပါ။ ဒီလိုနေရာမှာ ရှိတဲ့လက်သည်းကိုကိုက်ခြင်းဟာ ဘေးကလူတွေအနေနဲ့ ကြည့်ရတာအဆင်မပြေလှပါဘူး။

ဖြစ်နိုင်ရင် ဒီအကျင့်ကိုပြင်တာက အကောင်းဆုံးပါ။ အမြဲတမ်း လက်သည်းကို တိုတိုညှပ်ထားပါ။

မိမိကိုယ်ကို မိတ်မဆက်ခြင်း

Source: Business Insider

တွေ့ဆုံပွဲတွေ နဲ့ အခြားပွဲလမ်းသဘင်တွေမှာ သူစိမ်းတွေနဲ့ တွေ့ဆိုစကားပြောရတဲ့အချိန် မိမိကိုယ်ကို မိတ်မဆက်ခြင်းက first impressions ကျစေပါတယ်။ သူငယ်ချင်းတွေရဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဆုံရတဲ့အချိန်တွေမှာ မိမိကိုယ်ကို အရင်မိတ်ဆက်နိုင်အောင် ကြိုးစားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် လူမှုဆက်ဆံရေးမှာ ဝင်ဆန့်တဲ့သူတစ်ယောက်ဖြစ်လာစေနိုင်ပါတယ်။