ခန္ဓာကိုယ်ကြွက်သားတွေ ကျစ်လျစ်ပြီး ကြည့်ကောင်းတဲ့ဘော်ဒီမျိုးကိုပဲ လူတိုင်းက လိုချင်တပ်မက်ကြတာပါ။ ဘယ်သူမှ ဗိုက်တရွှဲရွှဲနဲ့ လူဝကြီးမဖြစ်ချင်ကြပါဘူး။ ဝိတ်ချချင်စိတ်ရှိပေမယ့်လည်း လေ့ကျင့်ခန်းမလုပ်နိုင်တဲ့အခါ၊ အစားအသောက်မလျော့နိုင်တဲ့အခါ၊ ဒါမှမဟုတ် အစားအသောက်ဆင်ခြင်တယ်၊ လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ပေမယ့် ကိုယ်က သတိမထားမိဘဲ ပြုလုပ်မိတဲ့အလေ့အကျင့်တစ်ချို့ကြောင့် ကိုယ်အလေးချိန် ပိုတက်လာပါတယ်။
ထိုအလေ့အကျင့်တွေကို ရှောင်ကြဉ်နိုင်ဖို့အတွက် အခုပဲဖော်ပြပေးလိုက်ပါတယ်။
စားသောက်မှုနည်းစနစ် မှားယွင်းခြင်း
Source: Brightside.me
ဒီနေ့အစားအများကြီးစားလိုက်၊ နောက်နေ့ကျ ဝမှာစိုးရိမ်ပြီး အစားရှောင်လိုက်နဲ့ လုံးလည်ပတ်ချလိုက်နေမယ်ဆိုရင်တော့ ဒီတစ်သက်တော့ ဝိတ်ကျမှာမဟုတ်တော့ပါဘူး။ သင့်အစာအိမ်က ဘယ်လိုအစာချေရမလဲဆိုတာ မျက်စိလည်သွားတာကြောင့် အစားလျော့စားတဲ့နေ့တွေ ရှိပေမယ့်လည်း ဝိတ်မကျသေးတာ ဒီအချက်ကြောင့်ပါ။
အိပ်ရေးမဝခြင်း
Source: medicaldaily.com
လုံလောက်တဲ့အိပ်ချိန်မရှိတဲ့သူတွေက အိပ်ရေးဝဝအိပ်တဲ့သူတွေထက် ကိုယ်အလေးချိန်ပိုတက်လေ့ရှိပါတယ်။ အိပ်ရေးမဝတော့ စွမ်းအင်တွေ မရရှိတော့ဘဲ ကယ်လိုရီလောင်ကျွမ်းနှုန်းလည်း လျော့ကျသွားပါတယ်။ ကယ်လိုရီမလောင်ကျွမ်းတဲ့အတွက် ဝိတ်တက်သွားမှာဖြစ်ပါတယ်။
အချိန်အကြာကြီးထိုင်ခြင်း
Source: freepik.com
ရုံးမှာ အလုပ်လုပ်ရတဲ့အခါ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီးထိုင်ခြင်းက ကိုယ်အလေးချိန်တက်ခြင်းရဲ့ နောက်ထပ်တရားခံတစ်ဦးပါပဲ။ ဖြစ်နိုင်မယ်ဆိုရင် ဘယ်လောက်ပဲအလုပ်များနေပါစေ၊ မိနစ် ၃၀ တစ်ခါ အကြောလျော့လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပါ။ ဟိုနား ဒီနားသွား အညောင်းအညာဖြေပါ။
မကြာခဏခရီးသွားနေရသူများ
Source: Brightside.me
ကိုယ့်နိုင်ငံတွင်း ခရီးသွားတဲ့သူတွေကို ဆိုလိုတာမဟုတ်ပါဘူး။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ခရီးဝေးသွားတဲ့သူတွေကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေကို ခရီးသွားရတဲ့သူဆိုပိုဆိုးပါတယ်။ အချိန်ကွားခြားချက်က ကြီးမားလွန်းတာကြောင့် အိပ်စက်ခြင်းကို ထိခိုက်ပြီး ဝိတ်တက်စေတာပါ။
ဇွဲမရှိခြင်း
Source: Brightside.me
ဘယ်အလုပ်ပဲလုပ်လုပ်၊ ဇွဲရှိမှ မိမိရဲ့ရည်မှန်းချက်ပန်းတိုင်ပြည့်မြောက်တာပါ။ ဝိတ်ကျချင်တယ်ဆိုပြီး တစ်ရက်လောက် လေ့ကျင့်ခန်းအပြင်းအထန်ဆော့ပြီး နောက်ရက်တွေကျ ဒုံရင်းက ဒုံရင်းပဲဆိုရင်တော့ ကိုယ်အလေးချိန်ကျမှာမဟုတ်ပါဘူး။ ပြီးတော့ ဆော့တဲ့ရက်ထက် အနားယူတဲ့ရက်က ပိုများနေရင်လည်း မရပါဘူး။ အနားယူတဲ့ရက်တွေမှာ ကယ်လိုရီပိုတိုးလာနိုင်လို့ပါပဲ။