တချို့သော အလေ့အကျင့်ဟောင်းတွေက သင့်ဘဝထဲကနေ အပြီးတိုင်ဖျောက်ဖျက်ဖို့ခက်ခဲနေတက်ပါတယ်။ ဒါပေမယ့် သင်ကဝိတ်ကျဖို့ကြိုးစားသူတယောက်ဆိုရင်တော့ တချို့သောလုပ်ရိုးလုပ်စဉ်အလေ့အကျင့်တွေကိုအပြီးတိုင်စွန့်လွတ်ဖို့လိုအပ်ပါတယ်။မဟုတ်ရင်တော့ ဒီအလေ့အကျင့်ဆိုးတွေကသင့်ဝိတ်ကျဖို့ကို အဟန့်အတားဖြစ်နေမှာဖြစ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ဝိတ်ကျဖို့တားဆီးနေတဲ့ အလေ့အကျင့်ဆိုးများအကြောင်းကို မျှဝေပေးချင်ပါတယ်။
Source : Envato Elements
တီဗီကြည့်ရင်းအစားစားခြင်း – တီဗီကြည့်ရင်းအစားစားတဲ့ အလေ့အထကိုလူအများစုလုပ်မိတက်ပါတယ်။ လူတစ်ယောက်ဟာ တီဗီကြည့်ရင်းအစားစားတဲ့အခါ တီဗီထဲမှာ စိတ်ပါဝင်မှုများနေပြီး ကိုယ်စားလိုက်တဲ့ ပမာဏကိုသတိမထားမိတော့ပဲ လိုအပ်တာထက်ပိုစားနေမိတက်ပါတယ်။
အိပ်ချိန်အလွန်နည်းခြင်း (သို့) များခြင်း – လေ့လာမှုတွေအရ အိပ်ချိန်အလွန်နည်းခြင်း သို့မဟုတ် အိပ်ချိန်အလွန်များနေခြင်းဟာ ဆာလောင်မှုကိုပိုခံစားရစေတယ်လို့ဆိုပါတယ်။ တနေ့တာအတွက်လုံလောက်တဲ့အိပ်ချိန်မရှိခြင်း ဒါမဟုတ် လိုအပ်တာထက်ပိုပြီးအိပ်စက်ခြင်းက ခန္ဓာကိုယ်တွင်းအဆီသိုလောင်မှုကိုတိုးစေပြီး ဝိတ်ကျဖို့ခက်ခဲစေနိုင်ပါတယ်။
Source : Freepik
ညစာစားပြီးနောက်အချိုတည်းခြင်း – ညစားစားပြီးတဲ့နောက်မှာ အချိုဓာတ်ပါဝင်မှုများတဲ့အစားအစာတွေကို စားလေ့ရှိကြပါတယ်။ ဒါဟာသင့်ရဲ့ကိုယ်အလေးချိန်ကိုကျစေမယ့် အတားအဆီးကြီးတခုပါပဲ။ အချိုပါဝင်တဲ့အစားအစာတွေစားမယ့်အစား Green Tea ပူပူလေးတခွက် ဒါမှမဟုတ် ကယ်လိုရီမပါတဲ့ အစာအစားတွေကိုသာ အချိုတည်းတဲ့အနေနဲ့ စားသုံးသင့်ပါတယ်။
အရက်ဘီယာသောက်သုံးခြင်း – အယ်ကိုဟောပါဝင်တဲ့ အရက် ဘီယာ ဝိုင်နှင့် တခြားသောအချိုရည်တွေမှာ များစွာသော ကယ်လိုရီတွေပါဝင်နေပါတယ်။ ဝိတ်ချနေစဉ်အတွင်းမှာတော့ ဒီလိုအရက် ဘီယာ ဝိုင်နှင့် တခြားသောအချိုရည်တွေကို အကန့်အသတ်မရှိဖြတ်တောက်ထားသင့်ပါတယ်။မဟုတ်ရင်တော့ဝိတ်ကျဖို့ခက်နေမှာပါ။
Source : Stocksy United
မနက်စာမစားခြင်း – မနက်စာမစားတာက ဝိတ်ကျဖို့အတွက်တားဆီးနေတဲ့ အမှားကြီးတစ်ခုဖြစ်ပါတယ်။ တစ်ညတာအိပ်စက်ပြီးတဲ့နောက်မှာ သင့်ရဲ့ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုကောင်းစွာအလုပ်လုပ်နိုင်ဖို့ မနက်စာမဖြစ်မနေစားသုံးပေးရမှာဖြစ်ပါတယ်။ မနက်စာက စွမ်းအင်ဖြည့်ပေးပြီး တနေ့တာအတွက်ဆာလောင်မှုဒဏ်ကိုကောင်းကောင်းတောင့်ခံပေးပါတယ်။ အကယ်၍မနက်စာမစားရင် နေ့လည်စာကို လိုအပ်တာထက်ပိုပြီး များများစားနေမိပါလိမ့်မယ်။